Enterprise Social Trending

ဖုန္းေခၚေနစဥ္အတြင္း စာရုိက္ဆက္သြယ္ႏုိင္ေစမယ့္ Google Live Relay

Zawgyi Version

ကၽြန္ေတာ္တို႕အသားက်ေနတဲ့နည္းလမ္းေတြနဲ႕ ဆက္သြယ္လို႕မရႏုိင္တဲ့သူေတြအတြက္ ဖုန္းလက္ခံေျဖၾကားျခင္းေတြဟာ မလြယ္ကူသလို မျဖစ္ႏုိင္တဲ့အေျခအေနမွာလည္း ၾကံဳရတတ္ပါတယ္။ I/O Developer’s Conference  မွာ Google မိတ္ဆက္လိုက္တဲ့ ထုတ္ကုန္အသစ္ေလးကေတာ့ ဒီကိစၥကိုေျဖရွင္းေပးႏုိင္ပါတယ္။ Google Live Relay ဟာ ရိုက္လိုက္တဲ့စာလံုးေတြကို အသံအျဖစ္ေျပာင္းလဲေပးႏုိင္ျပီးေတာ့ အသံေတြကိုလည္း စာလံုးအျဖစ္နဲ႕ ေျပာင္းလဲေပးႏုိင္ပါေသးတယ္။ အရာတုိင္းကို real time လုပ္ေပးႏုိင္တာမို႕ ဖုန္းေျပာေနရင္းနဲ႕ live conversation လုပ္ရသလို ခံစားရမွာပါ။ ဒီေတာ့ တစ္ေယာက္နဲ႕တစ္ေယာက္ဆက္သြယ္ဖို႕အတြက္ အခက္အခဲမရွိေတာ့ဘူးေပါ့။

အျခားတစ္ေယာက္နဲ႕ စကားေျပာေနခ်ိန္မွာ သူတို႕ကို စကားေျပာဖို႕အတြက္ အဆင္မေျပတာမ်ိဳးဆိုရင္ ဖုန္းမွာ စာရိုက္ျပီးေတာ့ Live Relay ကို အသံအျဖစ္ေျပာင္းလဲခိုင္းလိုက္ပါ။ တစ္ဖက္လူက ဒါကိုအသံၾကားျပီးေတာ့ ျပန္စကားေျပာလို႕ရမွာပါ။ သူတို႕သရုပ္ျပသမႈကိုၾကည့္လုိက္တဲ့အခါမွာ အသံအျဖစ္ေျပာင္းလဲတာက အလြန္ကိုျမန္ဆန္ျပီးေတာ့ ဖုန္းကေနတကယ့္လူစကားေျပာေနသလို ခံစားရပါတယ္။

အသံကေနလည္း စာအျဖစ္ေျပာင္းလဲေပးႏုိင္ပါေသးတယ္။ တကယ္လို႕ အသံနားေထာင္ဖို႕ အဆင္မေျပဘူးဆိုရင္ေတာ့ အသံကို စာသားအျဖစ္နဲ႕ ေျပာင္းလဲေပးမွာပါ။ text-to-audio feature ကို အသံုးျပဳႏုိင္သလို audio-to-text onscreen feature ကိုလည္း အသံုးျပဳႏုိင္မယ္လို႕ ဆိုလိုတာပါ။ ဒါေၾကာင့္ Live Relay ရဲ႕စြမ္းပကားနဲ႕ ဖုန္းကေန real-time conversation ေတြ လုပ္ေဆာင္ႏုိင္ေတာ့မွာပါ။

လက္ရွိမွာ အဲဒီလို၀န္ေဆာင္မႈေတြကို အမ်ားၾကီးေတြ႕ျမင္ေနရေပမယ့္လည္း Google က သူတို႕ကို အစားထိိုးခ်င္တာမဟုတ္ပါဘူးလို႕ Google Software Engineer and Live Relay Developer ျဖစ္တဲ့ Sapir Caduri က ဆိုထားပါတယ္။ ဒီဟာကိုလုပ္ေဆာင္ရျခင္းကေတာ့ သံုးစြဲသူေတြရဲ႕လိုအပ္ခ်က္ကို တစ္ေထာင့္တစ္ေနရာကေန ျဖည့္ဆည္းေပးျခင္း၊ privacy ကို အေရးထားသူေတြအတြက္ လုပ္ေဆာင္ေပးျခင္းသက္သက္သာျဖစ္ပါတယ္။

Live Relay ကေတာ့ လက္ရွိမွာ သုေတသနလုပ္ေဆာင္ေနဆဲျဖစ္ပါတယ္။ အသံုးျပဳဖုိ႕အတြက္ကေတာ့ အခ်ိန္ေစာင့္ဆုိင္းရဦးမွာပါ။ real-time translation နဲ႕ေပါင္းစပ္ရဦးမယ္ဆိုေတာ့ အခ်ိန္ပိုၾကာမယ္လို႕ ခန္႕မွန္းထားပါတယ္။ လူတုိင္းအတြက္ရေအာင္လုပ္ေဆာင္ႏုိင္ခ်ိန္မွာေတာ့ မၾကားႏုိင္၊ မေျပာႏုိင္တဲ့သူေတြအတြက္လည္း အဆင္ေျပသြားေတာ့မွာပါ။ ဒီေတာ့ လူမႈဆက္ဆံေရးနယ္ပယ္အတြက္ လုပ္ေဆာင္မႈၾကီးတစ္ခု ျဖစ္လာမွာပါ။

Unicode Version

ကျွန်တော်တို့အသားကျနေတဲ့နည်းလမ်းတွေနဲ့ ဆက်သွယ်လို့မရနိုင်တဲ့သူတွေအတွက် ဖုန်းလက်ခံဖြေကြားခြင်းတွေဟာ မလွယ်ကူသလို မဖြစ်နိုင်တဲ့အခြေအနေမှာလည်း ကြုံရတတ်ပါတယ်။ I/O Developer’s Conference မှာ Google မိတ်ဆက်လိုက်တဲ့ ထုတ်ကုန်အသစ်လေးကတော့ ဒီကိစ္စကိုဖြေရှင်းပေးနိုင်ပါတယ်။ Google Live Relay ဟာ ရိုက်လိုက်တဲ့စာလုံးတွေကို အသံအဖြစ်ပြောင်းလဲပေးနိုင်ပြီးတော့ အသံတွေကိုလည်း စာလုံးအဖြစ်နဲ့ ပြောင်းလဲပေးနိုင်ပါသေးတယ်။ အရာတိုင်းကို real time လုပ်ပေးနိုင်တာမို့ ဖုန်းပြောနေရင်းနဲ့ live conversation လုပ်ရသလို ခံစားရမှာပါ။ ဒီတော့ တစ်ယောက်နဲ့တစ်ယောက်ဆက်သွယ်ဖို့အတွက် အခက်အခဲမရှိတော့ဘူးပေါ့။
အခြားတစ်ယောက်နဲ့ စကားပြောနေချိန်မှာ သူတို့ကို စကားပြောဖို့အတွက် အဆင်မပြေတာမျိုးဆိုရင် ဖုန်းမှာ စာရိုက်ပြီးတော့ Live Relay ကို အသံအဖြစ်ပြောင်းလဲခိုင်းလိုက်ပါ။ တစ်ဖက်လူက ဒါကိုအသံကြားပြီးတော့ ပြန်စကားပြောလို့ရမှာပါ။ သူတို့သရုပ်ပြသမှုကိုကြည့်လိုက်တဲ့အခါမှာ အသံအဖြစ်ပြောင်းလဲတာက အလွန်ကိုမြန်ဆန်ပြီးတော့ ဖုန်းကနေတကယ့်လူစကားပြောနေသလို ခံစားရပါတယ်။
အသံကနေလည်း စာအဖြစ်ပြောင်းလဲပေးနိုင်ပါသေးတယ်။ တကယ်လို့ အသံနားထောင်ဖို့ အဆင်မပြေဘူးဆိုရင်တော့ အသံကို စာသားအဖြစ်နဲ့ ပြောင်းလဲပေးမှာပါ။ text-to-audio feature ကို အသုံးပြုနိုင်သလို audio-to-text onscreen feature ကိုလည်း အသုံးပြုနိုင်မယ်လို့ ဆိုလိုတာပါ။ ဒါကြောင့် Live Relay ရဲ့စွမ်းပကားနဲ့ ဖုန်းကနေ real-time conversation တွေ လုပ်ဆောင်နိုင်တော့မှာပါ။


လက်ရှိမှာ အဲဒီလိုဝန်ဆောင်မှုတွေကို အများကြီးတွေ့မြင်နေရပေမယ့်လည်း Google က သူတို့ကို အစားထိုးချင်တာမဟုတ်ပါဘူးလို့ Google Software Engineer and Live Relay Developer ဖြစ်တဲ့ Sapir Caduri က ဆိုထားပါတယ်။ ဒီဟာကိုလုပ်ဆောင်ရခြင်းကတော့ သုံးစွဲသူတွေရဲ့လိုအပ်ချက်ကို တစ်ထောင့်တစ်နေရာကနေ ဖြည့်ဆည်းပေးခြင်း၊ privacy ကို အရေးထားသူတွေအတွက် လုပ်ဆောင်ပေးခြင်းသက်သက်သာဖြစ်ပါတယ်။
Live Relay ကတော့ လက်ရှိမှာ သုတေသနလုပ်ဆောင်နေဆဲဖြစ်ပါတယ်။ အသုံးပြုဖို့အတွက်ကတော့ အချိန်စောင့်ဆိုင်းရဦးမှာပါ။ real-time translation နဲ့ပေါင်းစပ်ရဦးမယ်ဆိုတော့ အချိန်ပိုကြာမယ်လို့ ခန့်မှန်းထားပါတယ်။ လူတိုင်းအတွက်ရအောင်လုပ်ဆောင်နိုင်ချိန်မှာတော့ မကြားနိုင်၊ မပြောနိုင်တဲ့သူတွေအတွက်လည်း အဆင်ပြေသွားတော့မှာပါ။ ဒီတော့ လူမှုဆက်ဆံရေးနယ်ပယ်အတွက် လုပ်ဆောင်မှုကြီးတစ်ခု ဖြစ်လာမှာပါ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.