Enterprise Smartphone Trending

စမတ္ဖုန္းေတြအတြက္ 64MP camera sensor ကို မိတ္ဆက္လုိက္တဲ့ Samsung

Zawgyi Version

ေစ်းကြက္ထဲမွာ အေနာက္ကင္မရာ 48-megapixel ပါ၀င္တဲ့ စမတ္ဖုန္းေတြကို ေနာက္ပိုင္းမွာ ေတြ႕ျမင္္လာရပါတယ္။ ဒါေပမယ့္ ဒီေန႕မွာေတာ့ ဆမ္ေဆာင္းက ဒီထက္ပိုေကာင္းတဲ့ camera sensor အသစ္ကို ထပ္ျပီးေတာ့ ေၾကညာလိုက္ပါတယ္။

ဆမ္ေဆာင္းေၾကညာလိုက္တာကေတာ့ မိုဘိုင္္းလ္ဖုန္းေတြအတြက္ 64MP camera sensor ျဖစ္ပါတယ္။ 64MP Samsung ISOCELL Bright GW1 ကေတာ့ pixel-merging Tetracell နည္းပညာကို အသံုးျပဳထားတဲ့ 0.8-micrometer μm pixel image sensor ျဖစ္ပါတယ္။ ေနာက္ျပီး remosaic algorithm နဲ႕ ေပါင္းစပ္ထားတဲ့အတြက္ေၾကာင့္ အလင္းအားနည္းတဲ့အခ်ိန္ေတြမွာေတာင္ ေတာက္ပျပတ္သားတဲ့ 16MP ပံုရိပ္ေတြကို ထုတ္ေပးႏုိင္မွာပါ။ အလင္းအားေကာင္းတဲ့ေနရာေတြမွာေရာက္ေနရင္ေတာ့ 64MP အျပည့္ရိုက္ခ်က္ေတြကို ရရွိမွာျဖစ္ျပီး အေသးစိတ္ေတြကို က်နစြာ ေတြ႕ျမင္ရမွာပါ။

ဒါ့အျပင္ 64MP sensor မွာပါ၀င္တဲ့ အျခားေသာ feature ေတြေၾကာင့္ real-time high dynamic range (HDR) ကို 100 decibels (dB) အထိ ေထာက္ပံ့ေပးႏုိင္မွာျဖစ္ပါတယ္။ ဆမ္ေဆာင္းကေတာ့ hue မ်ားမ်ားေပးႏိုင္လိမ့္မယ္လို႕ ေျပာထားပါတယ္။ ေနာက္ျပီး full HD ဗြီဒီယိုေတြကိုလည္း 480 frames per second နဲ႕ ဖမ္းယူႏုိင္မွာျဖစ္သလို super slow motion ၊ Super PD ေတြကိုလည္း performance ေကာင္းေကာင္းနဲ႕ ဖမ္းယူႏုိင္မွာျဖစ္ပါတယ္။

ဒီေန႕မွာ 0.8-micrometer 48MP ISOCELL Bright GM2 image sensor ကိုလည္း ေၾကညာခဲ့ပါေသးတယ္။ ဒါေလးကေတာ့ Tetracell နည္းပညာကိုပဲ အသံုုးျပဳထားတာမို႕ Pixel ေလးခုကို တစ္ခုတည္းေပါင္းစပ္ေပးႏုိင္သလို Super PD နဲ႕အတူ autofocus ျမန္ဆန္ေအာင္လည္း ကူညီေပးႏိုင္ပါတယ္။

ဆမ္ေဆာင္းက ဒီ image sensor အသစ္ေတြကို လက္ရွိမွာ နမူနာျပထားျပီးေတာ့ ၂၀၁၉ ႏွစ္လည္ေလာက္မွာ အမ်ားၾကီးထုတ္လုပ္ဖို႕ မွန္းထားပါတယ္။ feature အကုန္သိဖို႕ကေတာ့ က်န္ေနဆဲပါပဲ။ ဘာေတြလုပ္ႏုိင္လဲဆိုတာကို မသိရေသးဘဲနဲ႕ေတာ့ စမတ္ဖုန္းေတြ အသံုးျပဳဖို႕ စဥ္းစားလို႕မရေသးပါဘူး။ သတင္းေကာင္းကေတာ့ ဒီႏွစ္ထဲမွာပဲ အဲဒီ sensor သံုးဖုန္းေတြကို ျမင္ေတြ႕ရႏုိင္တယ္ဆုိတာပါပဲ။

Unicode Version

ဈေးကွက်ထဲမှာ အနောက်ကင်မရာ 48-megapixel ပါဝင်တဲ့ စမတ်ဖုန်းတွေကို နောက်ပိုင်းမှာ တွေ့မြင်လာရပါတယ်။ ဒါပေမယ့် ဒီနေ့မှာတော့ ဆမ်ဆောင်းက ဒီထက်ပိုကောင်းတဲ့ camera sensor အသစ်ကို ထပ်ပြီးတော့ ကြေညာလိုက်ပါတယ်။
ဆမ်ဆောင်းကြေညာလိုက်တာကတော့ မိုဘိုင်းလ်ဖုန်းတွေအတွက် 64MP camera sensor ဖြစ်ပါတယ်။ 64MP Samsung ISOCELL Bright GW1 ကတော့ pixel-merging Tetracell နည်းပညာကို အသုံးပြုထားတဲ့ 0.8-micrometer μm pixel image sensor ဖြစ်ပါတယ်။ နောက်ပြီး remosaic algorithm နဲ့ ပေါင်းစပ်ထားတဲ့အတွက်ကြောင့် အလင်းအားနည်းတဲ့အချိန်တွေမှာတောင် တောက်ပပြတ်သားတဲ့ 16MP ပုံရိပ်တွေကို ထုတ်ပေးနိုင်မှာပါ။ အလင်းအားကောင်းတဲ့နေရာတွေမှာရောက်နေရင်တော့ 64MP အပြည့်ရိုက်ချက်တွေကို ရရှိမှာဖြစ်ပြီး အသေးစိတ်တွေကို ကျနစွာ တွေ့မြင်ရမှာပါ။
ဒါ့အပြင် 64MP sensor မှာပါဝင်တဲ့ အခြားသော feature တွေကြောင့် real-time high dynamic range (HDR) ကို 100 decibels (dB) အထိ ထောက်ပံ့ပေးနိုင်မှာဖြစ်ပါတယ်။ ဆမ်ဆောင်းကတော့ hue များများပေးနိုင်လိမ့်မယ်လို့ ပြောထားပါတယ်။ နောက်ပြီး full HD ဗွီဒီယိုတွေကိုလည်း 480 frames per second နဲ့ ဖမ်းယူနိုင်မှာဖြစ်သလို super slow motion ၊ Super PD တွေကိုလည်း performance ကောင်းကောင်းနဲ့ ဖမ်းယူနိုင်မှာဖြစ်ပါတယ်။
ဒီနေ့မှာ 0.8-micrometer 48MP ISOCELL Bright GM2 image sensor ကိုလည်း ကြေညာခဲ့ပါသေးတယ်။ ဒါလေးကတော့ Tetracell နည်းပညာကိုပဲ အသုံးပြုထားတာမို့ Pixel လေးခုကို တစ်ခုတည်းပေါင်းစပ်ပေးနိုင်သလို Super PD နဲ့အတူ autofocus မြန်ဆန်အောင်လည်း ကူညီပေးနိုင်ပါတယ်။
ဆမ်ဆောင်းက ဒီ image sensor အသစ်တွေကို လက်ရှိမှာ နမူနာပြထားပြီးတော့ ၂၀၁၉ နှစ်လည်လောက်မှာ အများကြီးထုတ်လုပ်ဖို့ မှန်းထားပါတယ်။ feature အကုန်သိဖို့ကတော့ ကျန်နေဆဲပါပဲ။ ဘာတွေလုပ်နိုင်လဲဆိုတာကို မသိရသေးဘဲနဲ့တော့ စမတ်ဖုန်းတွေ အသုံးပြုဖို့ စဉ်းစားလို့မရသေးပါဘူး။ သတင်းကောင်းကတော့ ဒီနှစ်ထဲမှာပဲ အဲဒီ sensor သုံးဖုန်းတွေကို မြင်တွေ့ရနိုင်တယ်ဆိုတာပါပဲ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.