Smartphone Trending

Xiaomi ရဲ႕ ဖုန္း ၃ လံုးက အျမန္ဆံုး Android Phone စာရင္းမွာ ထိပ္ဆံုးေနရာမ်ား ရယူထား

စမတ္ဖုန္းမ်ားရဲ႕ စြမ္းေဆာင္ရည္ကို စမ္းသပ္စစ္ေဆးေနတဲ့ AnTuTu က လစဥ္လတိုင္း အျမန္ဆံုး အန္းဒရြိဳက္ဖုန္း စာရင္းကို ထုတ္ျပန္ေၾကညာေလ့ရွိပါတယ္။ အခုလည္း ဧၿပီလအတြက္ အျမန္ဆံုး အန္းဒရြိဳက္ဖုန္း ၁၀ လံုးစာရင္းကို ထုတ္ျပန္လိုက္ပါတယ္။ ဧၿပီလမွာေတာ့ ေရွာင္မီရဲ႕ ဖုန္း ၃ လံုးက ထိပ္ဆံုး ၃ ေနရာကို သိမ္းပိုက္ထားပါတယ္။

နံပါတ္ ၁ ေနရာမွာ Xiaomi Mi 9 Explorer ရွိေနပါတယ္။  နံပါတ္ ၂ ေနရာမွာ Mi 9 က သိမ္းပိုက္ထားပါတယ္။ ဂိမ္း အသားေပး စမတ္ဖုန္း ျဖစ္တဲ့  Black Shark 2 က နံပါတ္ ၃ ေနရာကို ရယူထားပါတယ္။ အဲဒီ ဖုန္း ၃ လံုးစလံုးမွာ Qualcomm ရဲ႕ ေနာက္ဆံုးထုတ္ စြမ္းေဆာင္ရည္ျမင့္ Snapdragon 855 Chipset ေမာင္းႏွင္ထားပါတယ္။

နံပါတ္ ၄ ေနရာမွာ Meizu 16s ရွိေနပါတယ္။ သူဟာ မတ္လစာရင္းမွာ နံပါတ္ ၁ ေနရာကို သိမ္းပိုက္ခဲ့တဲ့ ဖုန္း ျဖစ္ပါတယ္။ နံပါတ္ ၅ ေနရာမွာ Vivo iQOO Monster ၊ နံပါတ္ ၆ ေနရာမွာ Samsung Galaxy S10+ ၊ နံပါတ္ ၇ ေနရာမွာ Samsung Galaxy S10 ၊ နံပါတ္ ၈ ေနရာမွာ Vivo iQOO ၊ နံပါတ္ ၉ ေနရာမွာ ZTE Nubia Red Magic Mars နဲ႔ နံပါတ္ ၁၀ ေနရာမွာ Honor View 20 တို႔ ရွိေနပါတယ္။ ေမလမွာ ေၾကညာခဲ့တဲ့ OPPO Reno 10x Zoom, Lenovo Z6 Pro , Nubia Red Magic 3 တို႔ကေတာ့ ဧၿပီလ စာရင္းထဲမွာ မပါေသးပါဘူး။

Ref : gsmarena

unicode

Xiaomi ရဲ့ ဖုန်း ၃ လုံးက အမြန်ဆုံး Android Phone စာရင်းမှာ ထိပ်ဆုံးနေရာများ ရယူထား

စမတ်ဖုန်းများရဲ့ စွမ်းဆောင်ရည်ကို စမ်းသပ်စစ်ဆေးနေတဲ့ AnTuTu က လစဉ်လတိုင်း အမြန်ဆုံး အန်းဒရွိုက်ဖုန်း စာရင်းကို ထုတ်ပြန်ကြေညာလေ့ရှိပါတယ်။ အခုလည်း ဧပြီလအတွက် အမြန်ဆုံး အန်းဒရွိုက်ဖုန်း ၁၀ လုံးစာရင်းကို ထုတ်ပြန်လိုက်ပါတယ်။ ဧပြီလမှာတော့ ရှောင်မီရဲ့ ဖုန်း ၃ လုံးက ထိပ်ဆုံး ၃ နေရာကို သိမ်းပိုက်ထားပါတယ်။

နံပါတ် ၁ နေရာမှာ Xiaomi Mi 9 Explorer ရှိနေပါတယ်။ နံပါတ် ၂ နေရာမှာ Mi 9 က သိမ်းပိုက်ထားပါတယ်။ ဂိမ်း အသားပေး စမတ်ဖုန်း ဖြစ်တဲ့ Black Shark 2 က နံပါတ် ၃ နေရာကို ရယူထားပါတယ်။ အဲဒီ ဖုန်း ၃ လုံးစလုံးမှာ Qualcomm ရဲ့ နောက်ဆုံးထုတ် စွမ်းဆောင်ရည်မြင့် Snapdragon 855 Chipset မောင်းနှင်ထားပါတယ်။

နံပါတ် ၄ နေရာမှာ Meizu 16s ရှိနေပါတယ်။ သူဟာ မတ်လစာရင်းမှာ နံပါတ် ၁ နေရာကို သိမ်းပိုက်ခဲ့တဲ့ ဖုန်း ဖြစ်ပါတယ်။ နံပါတ် ၅ နေရာမှာ Vivo iQOO Monster ၊ နံပါတ် ၆ နေရာမှာ Samsung Galaxy S10+ ၊ နံပါတ် ၇ နေရာမှာ Samsung Galaxy S10 ၊ နံပါတ် ၈ နေရာမှာ Vivo iQOO ၊ နံပါတ် ၉ နေရာမှာ ZTE Nubia Red Magic Mars နဲ့ နံပါတ် ၁၀ နေရာမှာ Honor View 20 တို့ ရှိနေပါတယ်။ မေလမှာ ကြေညာခဲ့တဲ့ OPPO Reno 10x Zoom, Lenovo Z6 Pro , Nubia Red Magic 3 တို့ကတော့ ဧပြီလ စာရင်းထဲမှာ မပါသေးပါဘူး။

Ref : gsmarena

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.