iPhone 11 မွာ လိုင္းပိုမိမယ့္ အန္တင္နာ နည္းပညာ အသစ္ပါမည္

0
339

လက္ရွိ အုိင္ဖုန္းမ်ားမွာ သံုးေနတဲ့ Liquid Crystal Polymer (LCP) Antennas မ်ားဟာ လိုင္းဆြဲအား အကန္႔အသတ္မ်ား ရွိသလို ထုတ္လုပ္မႈ ကုန္က်စားရိတ္က ျမင့္မားပါတယ္။ Apple အေရး ကြ်မ္းက်င္တဲ့ Ming-Chi Kuo က iPhone 11 မွာ လိုင္းပိုမိမယ့္ အန္တင္နာ နည္းပညာ အသစ္ပါမယ္လို႔ သတင္း ေပးလိုက္ပါတယ္။ ဒီႏွစ္ထုတ္ အိုင္ဖုန္းမ်ားမွာ အဆင့္ျမွင့္ထားတဲ့ PI Antenna နည္းပညာ အသစ္ကို အသံုးျပဳမယ္ဆိုတာပါ။ PI Antenna မ်ားကေတာ့ ထုတ္လုပ္မႈ ကုန္က်စားရိတ္ သက္သာသလို စြမ္းေဆာင္ရည္ ျမင့္မားၾကပါတယ္။

iPhone 11 က  အျခား ကိရိယာမ်ားကို ႀကိဳးမဲ့ အားသြင္းေပးႏုိင္မယ္ဆိုတဲ့ သတင္းဟာလည္း မၾကာခင္က ထြက္ေပၚခဲ့ဖူးပါတယ္။ iPad Pro ရဲ႕ 18W Charging ကို သူ႔မွာ ထည့္ထားေပးမွာပါ။ အားသြင္းႀကိဳး အသစ္ ပါလာမွာပါ။ မၾကာခင္ကလည္း iPhone 11 ရဲ႕ သတင္းမ်ား ထြက္ခဲ့ပါတယ္။   မ်က္ႏွာမွ ေသြးေၾကာမ်ားကို အာရံုခံၿပီး ဖုန္းကို Unlock လုပ္ေပးႏုိင္မယ့္နည္းပညာကို သူ႔မွာ  ထည့္ထားႏုိင္ပါတယ္။ အဲဒီနည္းပညာကို Subepidermal Imaging လို႔ အမည္ေပးထားပါတယ္။

မ်က္ႏွာအာရံုခံ စနစ္ကေန ေသြးေၾကာ အာရံုခံ စနစ္ကို ေျပာင္းသံုးရျခင္းမွာ Samsung Galaxy S10 ကို ဓါတ္ပံုမ်ားနဲ႔ လွည့္စားလို႔ရျခင္းလို ဟာကြက္မ်ားေၾကာင့္ ျဖစ္ပါတယ္။ အလားတူ နည္းပညာကို ဒီႏွစ္လယ္မွာ ေၾကညာမယ့္ LG G8 ThinQ မွာလည္း ပါလာမယ္လို႔ သတင္းထြက္ေနပါတယ္။ iPhone 11 ထက္ LG G8 ThinQ က ေစာၿပီး ထြက္လာမွာပါ။

XDA Developer ရဲ႕ Max Weinbach က ဒီႏွစ္မွာ ေၾကညာမယ့္ iPhone 11 ရဲ႕ မ်က္ႏွာျပင္ဟာ ေရေအာက္ထဲမွာေတာင္ ထိေတြ႕ အသံုးျပဳႏုိင္မယ္လို႔ မၾကာခင္က ေျပာပါတယ္။ စမတ္ဖုန္းမ်ားမွာ ေရစိုခံ စြမ္းရည္ ပါၾကေပမယ့္ မ်က္ႏွာျပင္ ေရစိုေနရင္ ထိေတြ႕ အသံုးျပဳလို႔ မရၾကပါဘူး။ Apple က ဒါကို ေတာ္လွန္ဆန္းသစ္ေတာ့မွာပါ။

unicode

iPhone 11 မှာ လိုင်းပိုမိမယ့် အန်တင်နာ နည်းပညာ အသစ်ပါမည်

လက်ရှိ အိုင်ဖုန်းများမှာ သုံးနေတဲ့ Liquid Crystal Polymer (LCP) Antennas များဟာ လိုင်းဆွဲအား အကန့်အသတ်များ ရှိသလို ထုတ်လုပ်မှု ကုန်ကျစားရိတ်က မြင့်မားပါတယ်။ Apple အရေး ကျွမ်းကျင်တဲ့ Ming-Chi Kuo က iPhone 11 မှာ လိုင်းပိုမိမယ့် အန်တင်နာ နည်းပညာ အသစ်ပါမယ်လို့ သတင်း ပေးလိုက်ပါတယ်။ ဒီနှစ်ထုတ် အိုင်ဖုန်းများမှာ အဆင့်မြှင့်ထားတဲ့ PI Antenna နည်းပညာ အသစ်ကို အသုံးပြုမယ်ဆိုတာပါ။ PI Antenna များကတော့ ထုတ်လုပ်မှု ကုန်ကျစားရိတ် သက်သာသလို စွမ်းဆောင်ရည် မြင့်မားကြပါတယ်။

iPhone 11 က အခြား ကိရိယာများကို ကြိုးမဲ့ အားသွင်းပေးနိုင်မယ်ဆိုတဲ့ သတင်းဟာလည်း မကြာခင်က ထွက်ပေါ်ခဲ့ဖူးပါတယ်။ iPad Pro ရဲ့ 18W Charging ကို သူ့မှာ ထည့်ထားပေးမှာပါ။ အားသွင်းကြိုး အသစ် ပါလာမှာပါ။ မကြာခင်ကလည်း iPhone 11 ရဲ့ သတင်းများ ထွက်ခဲ့ပါတယ်။ မျက်နှာမှ သွေးကြောများကို အာရုံခံပြီး ဖုန်းကို Unlock လုပ်ပေးနိုင်မယ့်နည်းပညာကို သူ့မှာ ထည့်ထားနိုင်ပါတယ်။ အဲဒီနည်းပညာကို Subepidermal Imaging လို့ အမည်ပေးထားပါတယ်။

မျက်နှာအာရုံခံ စနစ်ကနေ သွေးကြော အာရုံခံ စနစ်ကို ပြောင်းသုံးရခြင်းမှာ Samsung Galaxy S10 ကို ဓါတ်ပုံများနဲ့ လှည့်စားလို့ရခြင်းလို ဟာကွက်များကြောင့် ဖြစ်ပါတယ်။ အလားတူ နည်းပညာကို ဒီနှစ်လယ်မှာ ကြေညာမယ့် LG G8 ThinQ မှာလည်း ပါလာမယ်လို့ သတင်းထွက်နေပါတယ်။ iPhone 11 ထက် LG G8 ThinQ က စောပြီး ထွက်လာမှာပါ။

XDA Developer ရဲ့ Max Weinbach က ဒီနှစ်မှာ ကြေညာမယ့် iPhone 11 ရဲ့ မျက်နှာပြင်ဟာ ရေအောက်ထဲမှာတောင် ထိတွေ့ အသုံးပြုနိုင်မယ်လို့ မကြာခင်က ပြောပါတယ်။ စမတ်ဖုန်းများမှာ ရေစိုခံ စွမ်းရည် ပါကြပေမယ့် မျက်နှာပြင် ရေစိုနေရင် ထိတွေ့ အသုံးပြုလို့ မရကြပါဘူး။ Apple က ဒါကို တော်လှန်ဆန်းသစ်တော့မှာပါ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.