Flagship ကင္မရာပါ၀င္တဲ့ Mid-Range ဖုန္းအမ်ိဳးအစား Pixel 3a & Pixel 3a XL တို႕ ထြက္ရွိလာ

Zawgyi Version

Google Pixel စမတ္ဖုန္းလိုင္းကေတာ့ စမတ္ဖုန္းလုပ္ငန္းေတြမွာ လမ္းေၾကာင္းတစ္ခုဖန္တီးထားတဲ့ဖုန္းလိုင္းလို႕ ဆိုရမွာပါ။ ျပီးခဲ့တဲ့ Pixel 3 ကိုလည္း မွတ္မိၾကဦးမယ္ထင္ပါတယ္။ စြမ္းေဆာင္ရည္ျမင့္ flagship ေစ်းကြက္ကို ေနာက္ဆံုး၀င္ေရာက္ခဲ့တဲ့ Google ဖုန္းေလးေပ့ါ။ မ်ားေသာအားျဖင့္ Google ဟာ Pixel ဖုန္းေတြရဲ႕ ကင္မရာကို အသားေပးလုပ္ေလ့ရွိပါတယ္။ မႏွစ္တုန္းကလည္း Google ဟာ Huawei နဲ႕ တန္းတူေလာက္ ဓါတ္ပံုပိုင္းဆုိင္ရာမွာ ရႏိုင္သေလာက္ ၀ယ္သူေတြရဲ႕စိတ္ကို သိမ္းပိုက္သြားခဲ့ပါတယ္။

Pixel ဖုန္းေတြမွာ သူတိုရဲ႕အားသာခ်က္ေတြ ရွိတယ္ဆိုေပမယ့္လည္း ဖုန္းရဲ႕အားနည္းခ်က္ကေတာ့ ေစ်းႏႈန္းျဖစ္ေနပါတယ္။ official MSRP နဲ႕ Google store မွာ Pixel 3 ဟာ ၇၉၉ေဒၚလာျဖစ္ျပီးေတာ့ 3 XL အတြက္ဆိုရင္ ေဒၚလာ၈၉၉ ျဖစ္ပါတယ္။ ျပိဳင္ဘက္ေတြနဲ႕ယွဥ္လိုက္မယ္ဆုိရင္ေတာ့ အျခားဘက္ကို ေရြးခ်ယ္ဖုိ႕ အားသာေနတယ္လို႕ေတာင္ ဆိုရမွာပါ။

သူ႕ရဲ႕ထုတ္ကုန္အက်ယ္အ၀န္းကို ခ်ဲ႕ထြင္ဖို႕အတြက္ဆိုရင္ေတာ့ ေစ်းႏႈန္းကို မၾကိဳက္ေနတဲ့သူေတြကို ဆြဲေဆာင္ဖို႕လိုအပ္ေနတာပါ။ ဒီေန႕မွာေတာ့ Pixel 3a နဲ႕ Pixel 3a XL ကို ေတြ႕ျမင္လိုက္ရပါတယ္။ ဒီဖုန္းသစ္ႏွစ္လံုးကေတာ့ mid-range ပိုင္းမွာ ပါ၀င္ေနပါတယ္။ ကဲ အခ်က္အလက္ေလးေတြကို အရင္ၾကည့္လိုက္ရေအာင္။

ဖုန္းရဲ႕အတြင္းပိုင္းမွာေတာ့ Qualcomm ဆီက Snapdragon 670 SoC အသစ္ကို အသံုးျပဳထားပါတယ္။ chip ေလးဟာ ျပီးခဲ့တဲ့ ၾသဂုတ္လက ေၾကညာထားတာျဖစ္ျပီးေတာ့ 2+6 CPU core configuration ၊ 2GHz  Cortex A75 core ႏွစ္လံုး၊ 1.7GHz Cortex A55 core ေျခာက္လံုးပါ၀င္သလို Adreno 615 GPU နဲ႕လည္း တြဲဖက္ထားပါတယ္။ chip ေလးကိုေတာ့ ဆမ္ေဆာင္းရဲ႕ 10LPP process node နဲ႕ ထုတ္လုပ္ထားတာပါ။

Google ကို Snapdragon 670 နဲ႕ေတြ႕ျမင္ရတာ ထူးဆန္းတယ္လို႕ေျပာရမွာပါ။ Qualcomm ဟာ အခုဆိုရင္ Snapdragon 675 ေတာင္ ေပးႏုိင္ေနပါျပီ။ ျဖစ္ႏိုင္တာကေတာ့ Pixel 3a ဟာ မ်ိဳးဆက္ႏွစ္ခုၾကားမွာ ထုတ္လုပ္လိုက္တာေၾကာင့္လည္း အသစ္ကိုမမီေတာ့တာမ်ိဳးျဖစ္ႏုိင္တယ္လို႕ ျမင္မိပါတယ္။

Google ဟာ Pixel 3a ကို LPDDR4X 4GB နဲ႕ ထုတ္လုပ္ထားပါတယ္။ ဒါကေတာ့ mid-range အတြက္ သင့္ေတာ္ပါတယ္။ မမ္မိိုရီအရဆိုရင္ေတာ့ 64GB တစ္ခုတည္းနဲ႕ ထြက္လာမွာပါ။ ကဒ္စိုက္လို႕မရႏုိင္ပါဘူး။ UFS အစား eMMC ကိုပဲ အသံုးျပဳထားတာဆိုေတာ့ သိုေလွာင္မႈအပိုင္းမွာလည္း အမ်ားၾကီးေမွ်ာ္လင့္လို႕ေတာ့ မရႏုိင္ပါဘူး။

ဖုန္းႏွစ္လံုးဟာ Pixel 3 နဲ႕ အေတာ္ေလးထပ္တူက်မယ္လို႕ ထင္စရာရွိပါတယ္။ ဒီဇုိင္းနဲ႕ feature အေတာ္မ်ားမ်ားကို အတူတူသံုးေပးထားတာပါ။ စိတ္၀င္စားဖို႕ေကာင္းတာက Pixel 3a XL ပါ။ Google က notch မပါတဲ့ဒီဇိုင္းနဲ႕ ထုတ္ေပးထားတာျဖစ္ပါတယ္။

OLED panel ေတြကိုပဲ ဆက္လက္အသံုးျပဳေပးထားပါတယ္။ Pixel 3a မွာေတာ့ ၅.၆လက္မ 18:9 screen ကို resolution 2220 x 1080 နဲ႕ အားျဖည့္ထားပါတယ္။ 3a XL ကေတာ့ ၆လက္မျဖစ္ျပီး က်န္တာေတြက အတူတူသံုးေပးထားပါတယ္။

Pixel 3 series ေတြလို႕ အေနာက္မွာ ဖန္သားျပင္ကိုအသံုးျပဳေပးမယ့္အစား Pixel 3a ဟာ unibody polycarbonate နဲ႕ ထြက္ရွိလာတာပါ။ တစ္ဖက္မွာေတာ့ ဒါဟာ ဖုန္းအေလးခ်ိန္ကိုေလွ်ာ့ခ်ရာေရာက္ျပီးေတာ့ တစ္ဖက္မွာလည္း ပြန္းရာပိုထင္ႏုိင္ပါတယ္။

ဘတ္ထရီအေနနဲ႕ 3a ဟာ 3000mAh ျဖစ္ျပီး XL ကေတာ့ 3700mAh ျဖစ္ပါတယ္။ 18W charging ကို ေထာက္ပံ့ေပးထားတယ္ဆိုေပမယ့္လည္း wireless charging ေတာ့ မေတြ႕ရပါဘူး။ Google ဟာ Pixel 2 မွာ port ကို ျဖဳတ္ခဲ့ေပမယ့္ည္း အခုေတာ့ 3.5mm headphone jack ကိုထည့္ေပးထားပါတယ္။ အေရွ႕ဘက္စပီကာႏွစ္လံုးကို အသံုးျပဳေပးထားျပီး stereo playback လည္း ရႏုိင္ပါတယ္။

အေရးၾကီးတဲ့ ကင္မရာပုိင္းကို ေျပာရေအာင္။ Pixel 3 မွာလို ကင္မရာတစ္လံုးတည္းျဖစ္ပါတယ္။ 12.2MP sensor မွာ 1.4µm pixel pitches ရွိျပီးေတာ့ full sensor dual pixel PDAF ၊ f/1.8 lens ၊ 76° viewing angle ၊ OIS mechanism တို႕ကိုလည္း ျမင္ေတြ႕ရပါတယ္။ OIS mechanism ကေတာ့ mid-range ေတြမွာ အေတာ္ေလးျမင္ရခဲပါတယ္။

မရွင္းတာတစ္ခုကေတာ့ Pixel 3a မွာ Google Visual Core ပါႏုိင္မလားဆိုတာပါ။ mid-range မွာေတာ့ မလိုေလာက္ဘူးလို႕ေတာ့ ျမင္မိတာပဲ။ Google ကေတာ့ Night Sight နဲ႕ Portrait Mode ေတြေတာ့ ထည့္ေပးေကာင္းပါတယ္။

Pixel 3a ကို “Just Black”, “Clearly White” နဲ႕ “Purple-ish” စတဲ့အေရာင္ေတြ ထြက္ရွိေပးထားျပီး ေစ်းႏႈန္းက ၃၉၉ေဒၚလာပါ။ Pixel 3a XL ကေတာ့ ၄၇၉ေဒၚလာျဖစ္ပါတယ္။ ယူအက္စ္မွာေတာ့ Verizon ၊ T-Mobile ၊ Sprint ၊ US Cellular တို႕မွာ ရႏုိင္ပါတယ္။ ႏိုင္ငံအေတာ္မ်ားမ်ားရဲ႕ Google Store ေတြမွာလည္း ရႏုိင္ဦးမွာပါ။

Unicode Version

Google Pixel စမတ်ဖုန်းလိုင်းကတော့ စမတ်ဖုန်းလုပ်ငန်းတွေမှာ လမ်းကြောင်းတစ်ခုဖန်တီးထားတဲ့ဖုန်းလိုင်းလို့ ဆိုရမှာပါ။ ပြီးခဲ့တဲ့ Pixel 3 ကိုလည်း မှတ်မိကြဦးမယ်ထင်ပါတယ်။ စွမ်းဆောင်ရည်မြင့် flagship ဈေးကွက်ကို နောက်ဆုံးဝင်ရောက်ခဲ့တဲ့ Google ဖုန်းလေးပေ့ါ။ များသောအားဖြင့် Google ဟာ Pixel ဖုန်းတွေရဲ့ ကင်မရာကို အသားပေးလုပ်လေ့ရှိပါတယ်။ မနှစ်တုန်းကလည်း Google ဟာ Huawei နဲ့ တန်းတူလောက် ဓါတ်ပုံပိုင်းဆိုင်ရာမှာ ရနိုင်သလောက် ဝယ်သူတွေရဲ့စိတ်ကို သိမ်းပိုက်သွားခဲ့ပါတယ်။

Pixel ဖုန်းတွေမှာ သူတိုရဲ့အားသာချက်တွေ ရှိတယ်ဆိုပေမယ့်လည်း ဖုန်းရဲ့အားနည်းချက်ကတော့ ဈေးနှုန်းဖြစ်နေပါတယ်။ official MSRP နဲ့ Google store မှာ Pixel 3 ဟာ ၇၉၉ဒေါ်လာဖြစ်ပြီးတော့ 3 XL အတွက်ဆိုရင် ဒေါ်လာ၈၉၉ ဖြစ်ပါတယ်။ ပြိုင်ဘက်တွေနဲ့ယှဉ်လိုက်မယ်ဆိုရင်တော့ အခြားဘက်ကို ရွေးချယ်ဖို့ အားသာနေတယ်လို့တောင် ဆိုရမှာပါ။

သူ့ရဲ့ထုတ်ကုန်အကျယ်အဝန်းကို ချဲ့ထွင်ဖို့အတွက်ဆိုရင်တော့ ဈေးနှုန်းကို မကြိုက်နေတဲ့သူတွေကို ဆွဲဆောင်ဖို့လိုအပ်နေတာပါ။ ဒီနေ့မှာတော့ Pixel 3a နဲ့ Pixel 3a XL ကို တွေ့မြင်လိုက်ရပါတယ်။ ဒီဖုန်းသစ်နှစ်လုံးကတော့ mid-range ပိုင်းမှာ ပါဝင်နေပါတယ်။ ကဲ အချက်အလက်လေးတွေကို အရင်ကြည့်လိုက်ရအောင်။

ဖုန်းရဲ့အတွင်းပိုင်းမှာတော့ Qualcomm ဆီက Snapdragon 670 SoC အသစ်ကို အသုံးပြုထားပါတယ်။ chip လေးဟာ ပြီးခဲ့တဲ့ သြဂုတ်လက ကြေညာထားတာဖြစ်ပြီးတော့ 2+6 CPU core configuration ၊ 2GHz  Cortex A75 core နှစ်လုံး၊ 1.7GHz Cortex A55 core ခြောက်လုံးပါဝင်သလို Adreno 615 GPU နဲ့လည်း တွဲဖက်ထားပါတယ်။ chip လေးကိုတော့ ဆမ်ဆောင်းရဲ့ 10LPP process node နဲ့ ထုတ်လုပ်ထားတာပါ။

Google ကို Snapdragon 670 နဲ့တွေ့မြင်ရတာ ထူးဆန်းတယ်လို့ပြောရမှာပါ။ Qualcomm ဟာ အခုဆိုရင် Snapdragon 675 တောင် ပေးနိုင်နေပါပြီ။ ဖြစ်နိုင်တာကတော့ Pixel 3a ဟာ မျိုးဆက်နှစ်ခုကြားမှာ ထုတ်လုပ်လိုက်တာကြောင့်လည်း အသစ်ကိုမမီတော့တာမျိုးဖြစ်နိုင်တယ်လို့ မြင်မိပါတယ်။

Google ဟာ Pixel 3a ကို LPDDR4X 4GB နဲ့ ထုတ်လုပ်ထားပါတယ်။ ဒါကတော့ mid-range အတွက် သင့်တော်ပါတယ်။ မမ်မိုရီအရဆိုရင်တော့ 64GB တစ်ခုတည်းနဲ့ ထွက်လာမှာပါ။ ကဒ်စိုက်လို့မရနိုင်ပါဘူး။ UFS အစား eMMC ကိုပဲ အသုံးပြုထားတာဆိုတော့ သိုလှောင်မှုအပိုင်းမှာလည်း အများကြီးမျှော်လင့်လို့တော့ မရနိုင်ပါဘူး။

ဖုန်းနှစ်လုံးဟာ Pixel 3 နဲ့ အတော်လေးထပ်တူကျမယ်လို့ ထင်စရာရှိပါတယ်။ ဒီဇိုင်းနဲ့ feature အတော်များများကို အတူတူသုံးပေးထားတာပါ။ စိတ်ဝင်စားဖို့ကောင်းတာက Pixel 3a XL ပါ။ Google က notch မပါတဲ့ဒီဇိုင်းနဲ့ ထုတ်ပေးထားတာဖြစ်ပါတယ်။

OLED panel တွေကိုပဲ ဆက်လက်အသုံးပြုပေးထားပါတယ်။ Pixel 3a မှာတော့ ၅.၆လက်မ 18:9 screen ကို resolution 2220 x 1080 နဲ့ အားဖြည့်ထားပါတယ်။ 3a XL ကတော့ ၆လက်မဖြစ်ပြီး ကျန်တာတွေက အတူတူသုံးပေးထားပါတယ်။

Pixel 3 series တွေလို့ အနောက်မှာ ဖန်သားပြင်ကိုအသုံးပြုပေးမယ့်အစား Pixel 3a ဟာ unibody polycarbonate နဲ့ ထွက်ရှိလာတာပါ။ တစ်ဖက်မှာတော့ ဒါဟာ ဖုန်းအလေးချိန်ကိုလျှော့ချရာရောက်ပြီးတော့ တစ်ဖက်မှာလည်း ပွန်းရာပိုထင်နိုင်ပါတယ်။

ဘတ်ထရီအနေနဲ့ 3a ဟာ 3000mAh ဖြစ်ပြီး XL ကတော့ 3700mAh ဖြစ်ပါတယ်။ 18W charging ကို ထောက်ပံ့ပေးထားတယ်ဆိုပေမယ့်လည်း wireless charging တော့ မတွေ့ရပါဘူး။ Google ဟာ Pixel 2 မှာ port ကို ဖြုတ်ခဲ့ပေမယ့်ည်း အခုတော့ 3.5mm headphone jack ကိုထည့်ပေးထားပါတယ်။ အရှေ့ဘက်စပီကာနှစ်လုံးကို အသုံးပြုပေးထားပြီး stereo playback လည်း ရနိုင်ပါတယ်။

အရေးကြီးတဲ့ ကင်မရာပိုင်းကို ပြောရအောင်။ Pixel 3 မှာလို ကင်မရာတစ်လုံးတည်းဖြစ်ပါတယ်။ 12.2MP sensor မှာ 1.4µm pixel pitches ရှိပြီးတော့ full sensor dual pixel PDAF ၊ f/1.8 lens ၊ 76° viewing angle ၊ OIS mechanism တို့ကိုလည်း မြင်တွေ့ရပါတယ်။ OIS mechanism ကတော့ mid-range တွေမှာ အတော်လေးမြင်ရခဲပါတယ်။

မရှင်းတာတစ်ခုကတော့ Pixel 3a မှာ Google Visual Core ပါနိုင်မလားဆိုတာပါ။ mid-range မှာတော့ မလိုလောက်ဘူးလို့တော့ မြင်မိတာပဲ။ Google ကတော့ Night Sight နဲ့ Portrait Mode တွေတော့ ထည့်ပေးကောင်းပါတယ်။

Pixel 3a ကို “Just Black”, “Clearly White” နဲ့ “Purple-ish” စတဲ့အရောင်တွေ ထွက်ရှိပေးထားပြီး ဈေးနှုန်းက ၃၉၉ဒေါ်လာပါ။ Pixel 3a XL ကတော့ ၄၇၉ဒေါ်လာဖြစ်ပါတယ်။ ယူအက်စ်မှာတော့ Verizon ၊ T-Mobile ၊ Sprint ၊ US Cellular တို့မှာ ရနိုင်ပါတယ်။ နိုင်ငံအတော်များများရဲ့ Google Store တွေမှာလည်း ရနိုင်ဦးမှာပါ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.