
0
8








unicode

25W Charging ထက် ပိုမြန်မယ့် Samsung Galaxy Note 10

Samsung က ဒီနှစ်အတွက် စွမ်းရည်မြင့် Galaxy S10 Series များကို ကြေညာပြီးပါပြီ။ ဒါပေမယ့် နောက်ထပ် စွမ်းရည်မြင့် Galaxy Note 10 Series များကို ကြေညာဖို့ ရှိနေပါသေးတယ်။ အခုတော့ Galaxy Note 10 မှာ 25W Charging ထက် ပိုမြန်တဲ့ အားသွင်း နည်းပညာ ပါလာမယ်လို့ ပြောပါတယ်။ Galaxy S10 5G နဲ့ Galaxy A70 များမှာ ဆမ်ဆောင်းရဲ့ 25W Fast Charging နည်းပညာ အသစ်ပါလာပါတယ်။ Note 10 ရဲ့ အားသွင်းနည်းပညာက ဒီထက ် မြန်လာမှာပါ။

ပြီးခဲ့တဲ့ လက ပေါက်ကြားထွက်ပေါ်လာတဲ့ ဓါတ်ပုံတစ်ခုမှာ Galaxy Note 10 Pro ရဲ့ ဘက်ထရီကို ပြသထားပြီး 4500mAh Battery ဆိုတာ သိရပါတယ်။ လက်ရှိ ရောင်းချထားတဲ့ Galaxy S10 5G မှာလည်း 4500mAh Battery ထည့်သွင်းထားတာ ဖြစ်ပါတယ်။ Galaxy Note 9 ထက် 500mAh ပိုပါလာတာ ဖြစ်ပါတယ်။

Samsung Galaxy Note 10 ရဲ့ အရွယ်သေး ဗားရှင်းထွက်လာမယ်လို့ အရင်က သတင်းထွက်ထားပါတယ်။ ပြီးခဲ့တဲ့လက တောင်ကိုရီးယားကနေ ထွက်လာတဲ့ သတင်းအရ Galaxy Note 10 ဟာ ဗားရှင်း ၄ မျိုးထွက်လာမယ်လို့ သိရပါတယ်။ ၂ လုံးဟာ 5G Version ဖြစ်ပြီး နောက် ၂ လုံးဟာ 4G Version ဖြစ်ပါတယ်။

ဆမ်ဆောင်းက အရင်ကတော့ Note Version များကို ဒီလောက်များပြားစွာ ထုတ်လုပ်ခဲ့ခြင်း မရှိပါဘူး။ S10 Series များ အောင်မြင်လို့ ဒီလို ပြုလုပ်တာလည်း ဖြစ်နိုင်ပါတယ်။ ဆမ်ဆောင်းက နှစ်တိုင်း စွမ်းရည်မြင့် Galaxy S Series ၂ လုံးသာ ထုတ်လုပ်ခဲ့ပါတယ်။ ဒီနှစ်မှာတော့ ၂ ဆ တိုးလာပါတယ်။

S10 Series များကိုလည်း လေးခု ထုတ်လုပ်ထားပြီး S10 , S10+, S10e နဲ့ S10 5G များ ဖြစ်ပါတယ်။ အရွယ်သေး Note 10 ဟာ S10e ကို ပုံစံတူ ပြုလုပ်ထားမှာ ဇြစ်ပြီး အပိုပါလာမှာက S Pen ဖြစ်ပါတယ်။ ဒီနှစ်မှာ ထွက်လာမယ့် 5G Phone များကို ယှဉ်ပြိုင်ဖို့အတွက် Note 10 5G Version ၂ လုံးကို ထုတ်လုပ်မှာပါ။

အရွယ်သေး Galaxy Note 10 မှာ Note 9 ရဲ့ ၆.၄ လက်မ မျက်နှာပြင်ထည့်သွင်းထားမှာ ဖြစ်ပြီး အခြား မော်ဒယ်များမှာ ၆.၇ လက်မ မျက်နှာပြင်ပါမယ်လို့ သတင်းထွက်နေပါတယ်။ LTE Model ၂ လုံးမှာ ၆.၂၈ နဲ့ ၆.၇၅ လက်မမျက်နှာပြင်များ ပါလာမှာပါ။ ကင်မရာ ၃ လုံးနဲ့ ၄ လုံး အသီးသီး ထည့်သွင်းထားမှာပါ။ အဲဒီ Specs များကိုလည်း အခြား မော်ဒယ်များမှာ ထည့်သွင်းထားမှာပါ။ အဓိကကွာခြားတာက 5G ဖြစ်ပါတယ်။

Ref : gsmarena, sammobile

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.