Smartphone Trending

အာကာသကို အလည္သြားၿပီး ဓါတ္ပံု ရိုက္ခဲ့တဲ့ Redmi Note 7

စမတ္ဖုန္း ကုမၸဏီမ်ားက သူတို႔ရဲ႕ ထုတ္ကုန္မ်ားကို အေရာင္းျမွင့္တင္ဖို႔ ထူးဆန္းတဲ့ နည္းလမ္းမ်ားကို အသံုးျပဳေလ့ရွိၾကပါတယ္။ အခုလည္း ေရွာင္မီက Redmi Note 7 ရဲ႕ အလန္းစား ဗီဒီယိုတစ္ခုကို သူ႔ရဲ႕ YouTube Channel မွာ တင္လိုက္ပါတယ္။ ဗီဒီယိုမွာ Redmi Note 7 တစ္လံုးကို အာကာသကို လႊတ္တင္ခဲ့တာကို ျပသထားပါတယ္။ 3D Printed Rig မွာ ဖုန္းကို တပ္ဆင္ထားၿပီး မိုးပ်ံေဘာလံုး အကူအညီနဲ႔ အျမင့္မီတာ ၃၅၀၀၀ ကို ပို႔ေဆာင္ခဲ့တာ ျဖစ္ပါတယ္။

ဖုန္းဟာ အာကာသရဲ႕ အႏုတ္ ၅၈ ဒီဂရီ ဆဲလ္ဆီးယပ္စ္ကို ခံႏုိင္တာက အရမ္း အထင္ႀကီးစရာ ေကာင္းပါတယ္။ အာကာသကေန Redmi Note 7 က ရိုက္ကူးထားတဲ့ ဓါတ္ပံုမ်ားကို Redmi ရဲ႕ တြစ္တာ အေကာင့္မွာ တင္ထားပါတယ္။ Redmi Note 7 ကို GoPro Camera နဲ႔ မွတ္တမ္းတင္ထားတာ ျဖစ္ပါတယ္။ အဲဒီ ဗီဒီယိုကို ေအာက္မွာ ၾကည့္ႏိုင္ပါတယ္။

Redmi Note 7 ဟာ အာကာသကို ေရာက္သြားတဲ့ ေရွာင္မီရဲ႕ ပထမဆံုး ဖုန္းလည္း ျဖစ္ပါတယ္။ အာကာသကို လႊင့္တင္ၿပီး ကမာၻေျမကို ျပန္က်လာတာေတာင္ ျခစ္ရာ မထင္တာကို ျမင္ရပါတယ္။ Redmi Note 7 ဟာ တည္ေဆာက္မႈ အရည္အေသြး ျမင့္မားၿပီး အၾကမ္းခံပါတယ္။ သူ႔ရဲ႕ အၾကမ္းခံမႈကို ျပသထားတဲ့ ဗီဒီယိုမ်ားကိုလည္း ကုမၸဏီက မွ်ေ၀ခဲ့ဖူးပါတယ္။ Redmi Note 7 နဲ႔ ဖရဲသီး ခြဲျပျခင္း၊ သူ႔ကို စဥ္းတီတံုးလို သံုးျပျခင္း စတဲ့ ဗီဒီယိုမ်ားကို ျမင္ခဲ့ၾကရၿပီးပါၿပီ။

unicode

အာကာသကို အလည်သွားပြီး ဓါတ်ပုံ ရိုက်ခဲ့တဲ့ Redmi Note 7

စမတ်ဖုန်း ကုမ္ပဏီများက သူတို့ရဲ့ ထုတ်ကုန်များကို အရောင်းမြှင့်တင်ဖို့ ထူးဆန်းတဲ့ နည်းလမ်းများကို အသုံးပြုလေ့ရှိကြပါတယ်။ အခုလည်း ရှောင်မီက Redmi Note 7 ရဲ့ အလန်းစား ဗီဒီယိုတစ်ခုကို သူ့ရဲ့ YouTube Channel မှာ တင်လိုက်ပါတယ်။ ဗီဒီယိုမှာ Redmi Note 7 တစ်လုံးကို အာကာသကို လွှတ်တင်ခဲ့တာကို ပြသထားပါတယ်။ 3D Printed Rig မှာ ဖုန်းကို တပ်ဆင်ထားပြီး မိုးပျံဘောလုံး အကူအညီနဲ့ အမြင့်မီတာ ၃၅၀၀၀ ကို ပို့ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ဖုန်းဟာ အာကာသရဲ့ အနုတ် ၅၈ ဒီဂရီ ဆဲလ်ဆီးယပ်စ်ကို ခံနိုင်တာက အရမ်း အထင်ကြီးစရာ ကောင်းပါတယ်။ အာကာသကနေ Redmi Note 7 က ရိုက်ကူးထားတဲ့ ဓါတ်ပုံများကို Redmi ရဲ့ တွစ်တာ အကောင့်မှာ တင်ထားပါတယ်။ Redmi Note 7 ကို GoPro Camera နဲ့ မှတ်တမ်းတင်ထားတာ ဖြစ်ပါတယ်။ အဲဒီ ဗီဒီယိုကို အောက်မှာ ကြည့်နိုင်ပါတယ်။

Redmi Note 7 ဟာ အာကာသကို ရောက်သွားတဲ့ ရှောင်မီရဲ့ ပထမဆုံး ဖုန်းလည်း ဖြစ်ပါတယ်။ အာကာသကို လွှင့်တင်ပြီး ကမ္ဘာမြေကို ပြန်ကျလာတာတောင် ခြစ်ရာ မထင်တာကို မြင်ရပါတယ်။ Redmi Note 7 ဟာ တည်ဆောက်မှု အရည်အသွေး မြင့်မားပြီး အကြမ်းခံပါတယ်။ သူ့ရဲ့ အကြမ်းခံမှုကို ပြသထားတဲ့ ဗီဒီယိုများကိုလည်း ကုမ္ပဏီက မျှဝေခဲ့ဖူးပါတယ်။ Redmi Note 7 နဲ့ ဖရဲသီး ခွဲပြခြင်း၊ သူ့ကို စဉ်းတီတုံးလို သုံးပြခြင်း စတဲ့ ဗီဒီယိုများကို မြင်ခဲ့ကြရပြီးပါပြီ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.