Enterprise Social Trending

Firefox ရဲ႕ ေပါ့ေလ်ာ့မႈေၾကာင့္ အရွက္ရဖြယ္ျဖစ္ရပ္တစ္ခု ျဖစ္ေပၚလာ

Zawgyi Version

Avengers: Endgame ကို ၾကည့္ျပီးေနာက္မွာ တခုခုလိုအပ္ေနသလို ခံစားရသလိုမ်ိဳး Mozilla မွာလုပ္ေနတဲ့ပညာရွင္ေတြအတြက္လည္း အိပ္မက္ဆိုးတစ္ခု ျဖစ္ေပၚလာပါတယ္။ ဒါကေတာ့ Firefox web browser ရဲ႕ပညာရွင္ေတြဟာ ႏွစ္ရက္ေလာက္ ၾကိဳးစားပန္းစား အလုပ္လုပ္ခဲ့ရပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ေသာၾကာေန႕ညမွာ သံုးစြဲသူေတြရဲ႕ add-ons ေတြဟာ အသံုးျပဳလို႕မရျဖစ္သြားခဲ့ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ အဲဒီေန႕မွာ အေရးပါတဲ့ security certificate သက္တမ္းကုန္ဆံုးမယ္ဆိုတာ Mozilla က ေမ့ေနလို႕ပါ။ အခ်ိန္မီျပန္လည္ ေလွ်ာက္ထားျခင္းမလုပ္ခဲ့တာေၾကာင့္ျဖစ္ပါတယ္။ software store တစ္ခုကို ေမာင္းႏွင္ရတာ လြယ္တဲ့ကိစၥေတာ့ မဟုတ္ပါဘူး။ security certificate ဟာ Firefox browser add-ons ေတြကို အသံုးျပဳလို႕ရေအာင္ ေထာက္ပံ့ေပးထားတဲ့အရာတစ္ခု ျဖစ္ပါတယ္။ ဒါေၾကာင့္ Mozilla ရဲ႕ certificate ဟာ အခုျဖစ္ရပ္ရဲ႕ အဓိက အားနည္းခ်က္တစ္ခုပါပဲ။

ေမလ ၄ရက္ေန႕ ညသန္းေခါင္မွာ ျဖစ္ပ်က္ခဲ့တာပါ။ သက္တမ္းကုန္ဆံုးခ်ိန္ေရာက္သြားခဲ့ပါျပီ။ Mozilla မွာရွိတဲ့ တစ္စံုတစ္ေယာက္က ေမ့သြားခဲ့ျပီးေတာ့ အခ်ိန္မီေလွ်ာက္ထားျခင္း မလုပ္ႏုိင္ခဲ့ပါဘူး။ ဒါေၾကာင့္ add-ons အေတာ္မ်ားမ်ားက အလုပ္လုပ္တာ ရပ္ဆုိင္းသြားခဲ့ပါတယ္။

သတင္းေကာင္းေျပာခ်င္တာကေတာ့ အခုျပင္ျပီးသြားပါျပီ။ band-aid fix ေလးလုပ္ထားတဲ့အတြက္ သံုးစြဲသူေတြအေနနဲ႕ browser privacy setting ထဲက Studies program ေလးကို ဖြင့္ထားေပးဖို႕ လိုအပ္မွာပါ။ ခဏတာဖြင့္ထားျပီးေတာ့ “study” ဆိုတဲ့ hotfix ေလးကို ရယူလိုက္ပါ။ ျပီးရင္ေတာ့ disable ျပန္လုပ္လိုက္ပါ။ ဒါမွမဟုတ္လည္း Firefox ရဲ႕ ေနာက္ဆံုးဗားရွင္းျဖစ္တဲ့ v66.0.4 ကို တင္လို႕ရပါတယ္။

ၾကန္႕ၾကာျခင္းနဲ႕ အမွားအယြင္းေတြဆိုတာ ျဖစ္တတ္ပါတယ္။ ဒါေပမယ့္ Mozilla ကခ်က္ခ်င္းဆိုသလို အေရးယူေဆာင္ရြက္ႏုိင္ခဲ့ပါတယ္။ ဒါေပမယ့္ ခင္ဗ်ားသာ လံုျခံဳေရးပိုင္းကို အဓိကထားလုပ္ေဆာင္ေနရတဲ့ web browser developer သာျဖစ္မယ္ဆိုရင္ေတာ့ ဒီလိုမ်ိဳးျဖစ္ရပ္က အင္မတန္မွ ရွက္စရာေကာင္းတယ္ဆိုတာ နားလည္မွာပါ။

Unicode Version

Avengers: Endgame ကို ကြည့်ပြီးနောက်မှာ တခုခုလိုအပ်နေသလို ခံစားရသလိုမျိုး Mozilla မှာလုပ်နေတဲ့ပညာရှင်တွေအတွက်လည်း အိပ်မက်ဆိုးတစ်ခု ဖြစ်ပေါ်လာပါတယ်။ ဒါကတော့ Firefox web browser ရဲ့ပညာရှင်တွေဟာ နှစ်ရက်လောက် ကြိုးစားပန်းစား အလုပ်လုပ်ခဲ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ သောကြာနေ့ညမှာ သုံးစွဲသူတွေရဲ့ add-ons တွေဟာ အသုံးပြုလို့မရဖြစ်သွားခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီနေ့မှာ အရေးပါတဲ့ security certificate သက်တမ်းကုန်ဆုံးမယ်ဆိုတာ Mozilla က မေ့နေလို့ပါ။ အချိန်မီပြန်လည် လျှောက်ထားခြင်းမလုပ်ခဲ့တာကြောင့်ဖြစ်ပါတယ်။ software store တစ်ခုကို မောင်းနှင်ရတာ လွယ်တဲ့ကိစ္စတော့ မဟုတ်ပါဘူး။ security certificate ဟာ Firefox browser add-ons တွေကို အသုံးပြုလို့ရအောင် ထောက်ပံ့ပေးထားတဲ့အရာတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် Mozilla ရဲ့ certificate ဟာ အခုဖြစ်ရပ်ရဲ့ အဓိက အားနည်းချက်တစ်ခုပါပဲ။

မေလ ၄ရက်နေ့ ညသန်းခေါင်မှာ ဖြစ်ပျက်ခဲ့တာပါ။ သက်တမ်းကုန်ဆုံးချိန်ရောက်သွားခဲ့ပါပြီ။ Mozilla မှာရှိတဲ့ တစ်စုံတစ်ယောက်က မေ့သွားခဲ့ပြီးတော့ အချိန်မီလျှောက်ထားခြင်း မလုပ်နိုင်ခဲ့ပါဘူး။ ဒါကြောင့် add-ons အတော်များများက အလုပ်လုပ်တာ ရပ်ဆိုင်းသွားခဲ့ပါတယ်။

သတင်းကောင်းပြောချင်တာကတော့ အခုပြင်ပြီးသွားပါပြီ။ band-aid fix လေးလုပ်ထားတဲ့အတွက် သုံးစွဲသူတွေအနေနဲ့ browser privacy setting ထဲက Studies program လေးကို ဖွင့်ထားပေးဖို့ လိုအပ်မှာပါ။ ခဏတာဖွင့်ထားပြီးတော့ “study” ဆိုတဲ့ hotfix လေးကို ရယူလိုက်ပါ။ ပြီးရင်တော့ disable ပြန်လုပ်လိုက်ပါ။ ဒါမှမဟုတ်လည်း Firefox ရဲ့ နောက်ဆုံးဗားရှင်းဖြစ်တဲ့ v66.0.4 ကို တင်လို့ရပါတယ်။

ကြန့်ကြာခြင်းနဲ့ အမှားအယွင်းတွေဆိုတာ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် Mozilla ကချက်ချင်းဆိုသလို အရေးယူဆောင်ရွက်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ခင်ဗျားသာ လုံခြုံရေးပိုင်းကို အဓိကထားလုပ်ဆောင်နေရတဲ့ web browser developer သာဖြစ်မယ်ဆိုရင်တော့ ဒီလိုမျိုးဖြစ်ရပ်က အင်မတန်မှ ရှက်စရာကောင်းတယ်ဆိုတာ နားလည်မှာပါ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.