Enterprise Trending

Patent မ်ား ယူသံုးထားျခင္းေၾကာင့္ Qualcomm ကို ေဒၚလာ ၄.၅ ဘီလီယမ္ ေပးရမယ့္ Apple

The New York Times က Qualcomm ရဲ႕ Patent မ်ား ယူသံုးထားျခင္းေၾကာင့္ Apple က ေလ်ာ္ေၾကး ေဒၚလာ ၄.၅ ဘီလီယမ္ ေပးရမယ္လို႔ ေရးသားထားပါတယ္။  Apple နဲ႔ Qualcomm တို႔ဟာ အျပန္အလွန္ တရားစြဲဆိုမႈမ်ား ျပဳလုပ္ထားၾကတာ ႏွစ္မ်ားစြာ ၾကာေနပါၿပီ။ ၿပီးခဲ့တဲ့ မတ္လကလည္း  ဆန္ဒီေယဂို တရားရံုးက အိုင္ဖုန္းမွာ Qualcomm ရဲ႕ Patent ၃ ခုကို ယူသံုးထားတဲ့ အတြက္ Apple မွာ အျပစ္ရွိတယ္လို႔ ဆံုးျဖတ္လိုက္ပါတယ္။ တရားရံုးက Qualcomm အား ေလ်ာ္ေၾကး ေဒၚလာ ၃၁ သန္းေပးဖို႔ Apple အား ညႊန္ၾကားလိုက္ပါတယ္။

၂၀၁၇ ခုႏွစ္မွာ Apple အား Qualcomm က စတင္ တရားစြဲခဲ့တာ ျဖစ္ပါတယ္။ Apple ယူသံုးထားတဲ့ Patent ၃ ခုထဲက တစ္ခုမွာ ဂရပ္ဖစ္ကို Processing လုပ္တဲ့ အခါမွာ ဘက္ထရီ သက္သာေစတဲ့ နည္းပညာ ျဖစ္ပါတယ္။ ေနာက္တစ္ခုမွာ မုိဘိုင္းေဒတာ ဖြင့္လိုက္တာနဲ႕ အင္တာနက္ကို အျမန္ဆံုး ခ်ိတ္ဆက္ႏုိင္တာ ျဖစ္ပါတယ္။ ေနာက္တစ္ခုက App မ်ားက ေဒတာကို လွ်င္ျမန္စြာ ေဒါင္းလုပ္လုပ္ႏုိင္ေအာင္ စီမံခန္႔ခြဲတာ ျဖစ္ပါတယ္။

အိုင္ဖုန္း အေဟာင္းမ်ားမွာသာ ဒီ နည္းပညာမ်ားကို ယူသံုးထားတာ မဟုတ္ဘဲ iPhone 7 , 7 Plus , 8 , 8 Plus , X မ်ားအားလံုးမွာ ယူသံုးထားတယ္လို႔ Qualcomm က ေျပာပါတယ္။ Apple က ေနာက္ဆံုးထုတ္ အိုင္ဖုန္းမ်ားမွာေတာ့ ဒီနည္းပညာမ်ားကို ဖယ္ရွားထားပါတယ္။ Qualcomm ဟာ Apple နဲ႔ Android Company မ်ားအတြက္ မိုဒမ္နဲ႔ ပေရာ္ဆက္ဆာမ်ားကို ထုတ္လုပ္ေရာင္းခ်ေပးခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ႏွစ္အနည္းငယ္ကစၿပီး Apple က Intel နည္းပညာကို ေျပာင္းလဲ သံုးခဲ့ပါတယ္။

unicode

Patent များ ယူသုံးထားခြင်းကြောင့် Qualcomm ကို ဒေါ်လာ ၄.၅ ဘီလီယမ် ပေးရမယ့် Apple

The New York Times က Qualcomm ရဲ့ Patent များ ယူသုံးထားခြင်းကြောင့် Apple က လျော်ကြေး ဒေါ်လာ ၄.၅ ဘီလီယမ် ပေးရမယ်လို့ ရေးသားထားပါတယ်။ Apple နဲ့ Qualcomm တို့ဟာ အပြန်အလှန် တရားစွဲဆိုမှုများ ပြုလုပ်ထားကြတာ နှစ်များစွာ ကြာနေပါပြီ။ ပြီးခဲ့တဲ့ မတ်လကလည်း ဆန်ဒီယေဂို တရားရုံးက အိုင်ဖုန်းမှာ Qualcomm ရဲ့ Patent ၃ ခုကို ယူသုံးထားတဲ့ အတွက် Apple မှာ အပြစ်ရှိတယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ တရားရုံးက Qualcomm အား လျော်ကြေး ဒေါ်လာ ၃၁ သန်းပေးဖို့ Apple အား ညွှန်ကြားလိုက်ပါတယ်။

၂၀၁၇ ခုနှစ်မှာ Apple အား Qualcomm က စတင် တရားစွဲခဲ့တာ ဖြစ်ပါတယ်။ Apple ယူသုံးထားတဲ့ Patent ၃ ခုထဲက တစ်ခုမှာ ဂရပ်ဖစ်ကို Processing လုပ်တဲ့ အခါမှာ ဘက်ထရီ သက်သာစေတဲ့ နည်းပညာ ဖြစ်ပါတယ်။ နောက်တစ်ခုမှာ မိုဘိုင်းဒေတာ ဖွင့်လိုက်တာနဲ့ အင်တာနက်ကို အမြန်ဆုံး ချိတ်ဆက်နိုင်တာ ဖြစ်ပါတယ်။ နောက်တစ်ခုက App များက ဒေတာကို လျှင်မြန်စွာ ဒေါင်းလုပ်လုပ်နိုင်အောင် စီမံခန့်ခွဲတာ ဖြစ်ပါတယ်။

အိုင်ဖုန်း အဟောင်းများမှာသာ ဒီ နည်းပညာများကို ယူသုံးထားတာ မဟုတ်ဘဲ iPhone 7 , 7 Plus , 8 , 8 Plus , X များအားလုံးမှာ ယူသုံးထားတယ်လို့ Qualcomm က ပြောပါတယ်။ Apple က နောက်ဆုံးထုတ် အိုင်ဖုန်းများမှာတော့ ဒီနည်းပညာများကို ဖယ်ရှားထားပါတယ်။ Qualcomm ဟာ Apple နဲ့ Android Company များအတွက် မိုဒမ်နဲ့ ပရော်ဆက်ဆာများကို ထုတ်လုပ်ရောင်းချပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ်အနည်းငယ်ကစပြီး Apple က Intel နည်းပညာကို ပြောင်းလဲ သုံးခဲ့ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.