
0
146




unicode

Google Pixel 3a နဲ့ 3a XL ရဲ့ ဓါတ်ပုံနဲ့ Specs များထွက်ပေါ်လာ

Google ရဲ့ Pixel 3 နဲ့ 3 XL စမတ်ဖုန်းများဟာ စွမ်းဆောင်ရည်မြင့်မားပြီး ဈေးကြီးပါတယ်။ ကုမ္ပဏီက စွမ်းဆောင်ရည်သင့် တန်ဖိုးနည်း မော်ဒယ်များကို ထုတ်လုပ်မယ်ဆိုတဲ့ သတင်းများဟာ လွန်ခဲ့တဲ့ လများစွာ ကတည်းက ထွက်နေတာပါ။ သူတို့ရဲ့ အမည်က Pixel 3a နဲ့ 3a XL ဖြစ်ပါတယ်။ သူတို့ကို မကြာခင်မှာ ကြေညာတော့မှာ ဖြစ်ပါတယ်။ သူတို့ရဲ့ သတင်းများဟာလည်း မကြာခဏ ပေါက်ကြားထွက်နေပါတယ်။ အခုလည်း သူတို့ရဲ့ ဓါတ်ပုံနဲ့ Specs များ ထွက်လာပါတယ်။

Pixel 3a ဟာ ၃၉၉ ဒေါ်လာနဲ့ 3a XL ဟာ ၄၇၉ ဒေါ်လာ ကျသင့်မှာပါ။ အဖြူ၊ ခရမ်းနဲ့ အနက်ရောင်များ ထုတ်လုပ်ထားပါတယ်။ သူတို့ ၂ လုံးမှာ 12.2MP Dual Pixel Camera, 8MP Selfie Camera, 4GB RAM , 64/128GB Storage , Android Pie , Fingerprint Scanner များ ပါလာမှာပါ။ အလင်းရောင်နည်းပါးချိန်များမှာ ဓါတ်ပုံကောင်းများ ရိုက်ကူးပေးနိုင်တဲ့ Night Sight , Motion Focus နဲ့ Portrait Mode များလည်း ပါလာမှာ ဖြစ်ပါတယ်။

Pixel 3a မှာ ၅.၆ လက်မ မျက်နှာပြင်နဲ့ 3000mAh Battery များ ပါလာမှာပါ။ Snapdragon 670 SoC မောင်းနှင်ထားမှာပါ။ 3a XL မှာ ၆ လက်မ မျက်နှာပြင်နဲ့ 3700mAh Battery များ ထည့်ထားမှာပါ။ Snapdragon 710 SoC များ ပါလာမှာပါ။ Google Photos မှာ အကန့်အသတ်မရှိ ဓါတ်ပုံ၊ ဗီဒီယိုများ သိမ်းဆည်းနိုင်မှာ ဖြစ်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.