ထိုင္၀မ္မွ လူငယ္တစ္ဦး AirPod ကို မေတာ္တဆ ၿမိဳခ်မိ

0
10

ထိုင္၀မ္မွ လူငယ္တစ္ဦးဟာ AirPod ကို နားမွာ တပ္ဆင္ၿပီး အိပ္ေပ်ာ္သြားရာကေန နားၾကပ္တစ္ဖက္ကို မေတာ္တဆ ၿမိဳခ်မိသြားပါတယ္။ ဒါဟာ မျဖစ္ႏုိင္ဘူးလို႔ ထင္ရေပမယ့္ တကယ္ကို ျဖစ္သြားတာပါ။ အိပ္ယာႏုိးလာတဲ့ အခါမွာ နားၾကပ္တစ္ဖက္ေပ်ာက္ေနပါတယ္။ သူက  အိပ္ယာခင္းေအာက္မွာ ရွာၾကည့္ပါေသးတယ္။ ဒါေပမယ့္ မေတြ႕ခဲ့ပါဘူး။

သူက Find My AirPods Featue ကို သံုးၿပီး ရွာခဲ့ပါတယ္။ အဲဒီအခါမွာ Beeping Sound ဟာ သူ႔ဗိုက္ထဲကေန ထြက္လာတာကို အံ့အားသင့္စြာ သိလိုက္ရပါတယ္။ အဲဒီေနာက္မွာ သူဟာ Kaohsiung Municipal Hospital ကိုသြားၿပီး ဓါတ္မွန္ ရိုက္ခဲ့ပါတယ္။ နားၾကပ္ဟာ အစာစြန္႔ပစ္တဲ့ အူလမ္းေၾကာင္းထဲေရာက္ေနတာကို ေတြ႕ခဲ့ရပါတယ္။

သူ က ေနာက္တစ္ေန႔ ၀မ္းသြားတဲ့အခါမွာ နားၾကပ္လည္း ပါလာတယ္လို႔ ေျပာပါတယ္။ သူက နားၾကပ္ကို သန္႔ရွင္းၿပီးေနာက္ ျပန္သံုးလို႔ရခဲ့ပါတယ္။ AirPods မွာ ေရစိုခံ IP စံႏႈန္း မပါပါဘူး။ ဒါေပမယ့္ ဗိုက္ထဲက အစာေခ်ဖ်က္တဲ့ အက္ဆစ္ဓါတ္ကို ခံႏုိင္တာကို ေတြ႕ခဲ့ရပါတယ္။ ဘက္ထရီက ၄၁ ရာခုိင္ႏႈန္း က်န္ပါေသးတယ္။ ဒါဟာ မယံုႏုိင္စရာပါလို႔ သူက ေဒးလီးေမးလ္ကို ေျပာပါတယ္။ ေဆးရံုရဲ႕ အေရးေပၚ ဌာနမွ ဆရာ၀န္တစ္ဦးက ဘက္ထရီဟာ နားၾကပ္ထဲမွာ လံုလံုျခံဳျခံဳ ရွိေနလို႔ Hsu ဟာ ေဘးမျဖစ္တာလို႔ ေျပာပါတယ္။ 

အီလက္ထေရာနစ္ ကိရိယာမ်ား ဗိုက္ထဲေရာက္သြားတဲ့ ျဖစ္ရပ္ဟာ ဒါ ပထမဆံုး မဟုတ္ပါဘူး။ ေတာင္ကိုရီးယားမွ အသက္ ၁၃ ႏွစ္အရြယ္ မိန္းကေလးငယ္ကလည္း သူမရဲ႕ Misfit Shine Fitness Tracker ကို ၿမိဳခ်ခဲ့ဖူးပါတယ္။ ဗိုက္ထဲက ထြက္လာတဲ့ Fitness Tracker က အေကာင္းအတုိင္း ရွိေနပါေသးတယ္။ ၂၀၁၆ ခုႏွစ္မွာ အိုင္ယာလန္မွ လူတစ္ဦးဟာ မိုဘိုင္းဖုန္း တစ္လံုးကို ၿမိဳခ်ိမိခဲ့ပါတယ္။ ခြဲစိတ္ၿပီး ျပန္ထုတ္ၿပီးေနာက္မွာ သူဟာ က်န္းမာလာပါတယ္။

unicode

ထိုင်ဝမ်မှ လူငယ်တစ်ဦး AirPod ကို မတော်တဆ မြိုချမိ

ထိုင်ဝမ်မှ လူငယ်တစ်ဦးဟာ AirPod ကို နားမှာ တပ်ဆင်ပြီး အိပ်ပျော်သွားရာကနေ နားကြပ်တစ်ဖက်ကို မတော်တဆ မြိုချမိသွားပါတယ်။ ဒါဟာ မဖြစ်နိုင်ဘူးလို့ ထင်ရပေမယ့် တကယ်ကို ဖြစ်သွားတာပါ။ အိပ်ယာနိုးလာတဲ့ အခါမှာ နားကြပ်တစ်ဖက်ပျောက်နေပါတယ်။ သူက အိပ်ယာခင်းအောက်မှာ ရှာကြည့်ပါသေးတယ်။ ဒါပေမယ့် မတွေ့ခဲ့ပါဘူး။

သူက Find My AirPods Featue ကို သုံးပြီး ရှာခဲ့ပါတယ်။ အဲဒီအခါမှာ Beeping Sound ဟာ သူ့ဗိုက်ထဲကနေ ထွက်လာတာကို အံ့အားသင့်စွာ သိလိုက်ရပါတယ်။ အဲဒီနောက်မှာ သူဟာ Kaohsiung Municipal Hospital ကိုသွားပြီး ဓါတ်မှန် ရိုက်ခဲ့ပါတယ်။ နားကြပ်ဟာ အစာစွန့်ပစ်တဲ့ အူလမ်းကြောင်းထဲရောက်နေတာကို တွေ့ခဲ့ရပါတယ်။

သူ က နောက်တစ်နေ့ ဝမ်းသွားတဲ့အခါမှာ နားကြပ်လည်း ပါလာတယ်လို့ ပြောပါတယ်။ သူက နားကြပ်ကို သန့်ရှင်းပြီးနောက် ပြန်သုံးလို့ရခဲ့ပါတယ်။ AirPods မှာ ရေစိုခံ IP စံနှုန်း မပါပါဘူး။ ဒါပေမယ့် ဗိုက်ထဲက အစာချေဖျက်တဲ့ အက်ဆစ်ဓါတ်ကို ခံနိုင်တာကို တွေ့ခဲ့ရပါတယ်။ ဘက်ထရီက ၄၁ ရာခိုင်နှုန်း ကျန်ပါသေးတယ်။ ဒါဟာ မယုံနိုင်စရာပါလို့ သူက ဒေးလီးမေးလ်ကို ပြောပါတယ်။ ဆေးရုံရဲ့ အရေးပေါ် ဌာနမှ ဆရာဝန်တစ်ဦးက ဘက်ထရီဟာ နားကြပ်ထဲမှာ လုံလုံခြုံခြုံ ရှိနေလို့ Hsu ဟာ ဘေးမဖြစ်တာလို့ ပြောပါတယ်။

အီလက်ထရောနစ် ကိရိယာများ ဗိုက်ထဲရောက်သွားတဲ့ ဖြစ်ရပ်ဟာ ဒါ ပထမဆုံး မဟုတ်ပါဘူး။ တောင်ကိုရီးယားမှ အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ်ကလည်း သူမရဲ့ Misfit Shine Fitness Tracker ကို မြိုချခဲ့ဖူးပါတယ်။ ဗိုက်ထဲက ထွက်လာတဲ့ Fitness Tracker က အကောင်းအတိုင်း ရှိနေပါသေးတယ်။ ၂၀၁၆ ခုနှစ်မှာ အိုင်ယာလန်မှ လူတစ်ဦးဟာ မိုဘိုင်းဖုန်း တစ်လုံးကို မြိုချိမိခဲ့ပါတယ်။ ခွဲစိတ်ပြီး ပြန်ထုတ်ပြီးနောက်မှာ သူဟာ ကျန်းမာလာပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.