Gadget Trending

ကမာၻ႕ ပထမဆံုး အေနနဲ႔ ဒရုန္းက လူ႔အသက္တစ္ေခ်ာင္းကို ကယ္တင္ခဲ့

ကားမ်ားျဖင့္ ကုန္ပစၥည္းမ်ား သယ္ယူပို႔ေဆာင္ျခင္းဟာ ကားလမ္း ပိတ္ဆို႔မႈမ်ားေၾကာင့္ အခ်ိန္ေႏွာင့္ေႏွးၾကန္႔ၾကာတတ္ပါတယ္။ အဲဒီအတြက္ ဒရုန္းမ်ားနဲ႔ ကုန္ပစၥည္းမ်ား သယ္ယူပို႔ေဆာင္ႏုိင္ေအာင္ ဖန္တီးေနၾကပါတယ္။ အေမဇုန္နဲ႔ ဂူဂယ္ အပါအ၀င္ ကုမၸဏီမ်ားစြာက ဒရုန္းမ်ားနဲ႔ သယ္ယူပို႔ေဆာင္ေပးဖို႔ ႀကိဳးစားေနၾကပါတယ္။ က်န္းမာေရး ေစာင့္ေရွာက္မႈ နယ္ပယ္မွာလည္း ဒရုန္းမ်ားက အသံုး၀င္ပါတယ္။ ေဆး၀ါးမ်ား၊ လူ႔အဂၤါ အစိတ္အပိုင္းမ်ားကို သယ္ယူပို႔ေဆာင္ေပးေနၾကပါတယ္။

အခုေတာ့ ကမာၻ႕ ပထမဆံုး အေနနဲ႔ ဒရုန္းက လူ႔အသက္တစ္ေခ်ာင္းကို ကယ္တင္ခဲ့ပါတယ္။ ဒရုန္းက သံုးမိုင္ အကြာအေ၀းကို ပ်ံသန္းၿပီး ခြဲစိတ္မႈ ျပဳလုပ္မယ့္ မယ္ရီလန္း တကၠသိုလ္ရဲ႕ ေဆးပညာဌာနကို ပို႔ေဆာင္ေပးခဲ့တာ ျဖစ္ပါတယ္။ ယခု ဒရုန္းနဲ႔ ေက်ာက္ကပ္ ပို႔ေဆာင္မႈကို အစားထိုး သမားေတာ္မ်ား၊ မယ္ရီလန္း ေဆး တကၠသိုလ္၊ မယ္ရီလန္း တကၠသိုလ္ရဲ႕ ေလေၾကာင္းပ်ံသန္းမႈ အင္ဂ်င္နီယာမ်ား ပူးေပါင္းလုပ္ေဆာင္ခဲ့တာ ျဖစ္ပါတယ္။

ဒရုန္းမွာ လူသား ကိုယ္အဂၤါမ်ားကို လံုျခံဳစိတ္ခ်စြာ ထည့္သြားႏုိင္တဲ့ ဘူးေလး ပါရွိပါတယ္။ ပန္ကာ ၈ ခု တပ္ဆင္ထားပါတယ္။ ဒရုန္းပ်က္က်ရင္ ေလထီးနဲ႔ ဆင္းသက္ႏုိင္ပါတယ္။ ဒီလို လူသား ကိုယ္အဂၤါမ်ားကို ပို႔ေဆာင္ဖို႔ ဒရုန္းမ်ားက အသင့္ေတာ္ဆံုးလို႔ ပညာရွင္မ်ားက ေျပာပါတယ္။ ေလယာဥ္မ်ား၊ ေလေၾကာင္းလိုင္းမ်ားနဲ႔ ပို႔ေဆာင္ရင္ ေႏွာင့္ေႏွးၾကန္႔ၾကာမႈမ်ား ရွိတယ္လို႔ ပညာရွင္မ်ားက ေထာက္ျပပါတယ္။

unicode

ကမ္ဘာ့ ပထမဆုံး အနေနဲ့ ဒရုန်းက လူ့အသက်တစ်ချောင်းကို ကယ်တင်ခဲ့

ကားများဖြင့် ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ခြင်းဟာ ကားလမ်း ပိတ်ဆို့မှုများကြောင့် အချိန်နှောင့်နှေးကြန့်ကြာတတ်ပါတယ်။ အဲဒီအတွက် ဒရုန်းများနဲ့ ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်နိုင်အောင် ဖန်တီးနေကြပါတယ်။ အမေဇုန်နဲ့ ဂူဂယ် အပါအဝင် ကုမ္ပဏီများစွာက ဒရုန်းများနဲ့ သယ်ယူပို့ဆောင်ပေးဖို့ ကြိုးစားနေကြပါတယ်။ ကျန်းမာရေး စောင့်ရှောက်မှု နယ်ပယ်မှာလည်း ဒရုန်းများက အသုံးဝင်ပါတယ်။ ဆေးဝါးများ၊ လူ့အင်္ဂါ အစိတ်အပိုင်းများကို သယ်ယူပို့ဆောင်ပေးနေကြပါတယ်။

အခုတော့ ကမ္ဘာ့ ပထမဆုံး အနေနဲ့ ဒရုန်းက လူ့အသက်တစ်ချောင်းကို ကယ်တင်ခဲ့ပါတယ်။ ဒရုန်းက သုံးမိုင် အကွာအဝေးကို ပျံသန်းပြီး ခွဲစိတ်မှု ပြုလုပ်မယ့် မယ်ရီလန်း တက္ကသိုလ်ရဲ့ ဆေးပညာဌာနကို ပို့ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။ ယခု ဒရုန်းနဲ့ ကျောက်ကပ် ပို့ဆောင်မှုကို အစားထိုး သမားတော်များ၊ မယ်ရီလန်း ဆေး တက္ကသိုလ်၊ မယ်ရီလန်း တက္ကသိုလ်ရဲ့ လေကြောင်းပျံသန်းမှု အင်ဂျင်နီယာများ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ဒရုန်းမှာ လူသား ကိုယ်အင်္ဂါများကို လုံခြုံစိတ်ချစွာ ထည့်သွားနိုင်တဲ့ ဘူးလေး ပါရှိပါတယ်။ ပန်ကာ ၈ ခု တပ်ဆင်ထားပါတယ်။ ဒရုန်းပျက်ကျရင် လေထီးနဲ့ ဆင်းသက်နိုင်ပါတယ်။ ဒီလို လူသား ကိုယ်အင်္ဂါများကို ပို့ဆောင်ဖို့ ဒရုန်းများက အသင့်တော်ဆုံးလို့ ပညာရှင်များက ပြောပါတယ်။ လေယာဉ်များ၊ လေကြောင်းလိုင်းများနဲ့ ပို့ဆောင်ရင် နှောင့်နှေးကြန့်ကြာမှုများ ရှိတယ်လို့ ပညာရှင်များက ထောက်ပြပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.