Gadget Trending

အ၀တ္ေခါက္၊ ေကာ္ဖီေဖ်ာ္ေပးမယ့္ စက္ရုပ္

စက္ရုပ္ေတြက လူသားေတြရဲ႕ ဘ၀ကို က႑မ်ိဳးစံုကေန ကူညီေပးေနပါတယ္။ ကုန္ထုတ္လုပ္ေရး၊ အေဆာက္အဦး တည္ေဆာက္ေရး အပါအ၀င္ က႑ေပါင္းစံုမွာ သူတို႔ မပါရင္ မၿပီးေတာ့ပါဘူး။ အရင္ကလည္း အ၀တ္ေခါက္စက္ တစ္ခုကို ျမင္ခဲ့ၾကရၿပီးပါၿပီ။ အခုလည္း အလားတူ စက္ရုပ္တစ္ခု ေပၚလာပါၿပီ။ သူ႔ရဲ႕ အမည္က Blue ပါ။ သူကေတာ့ အ၀တ္ေခါက္တာ အျပင္ ေကာ္ဖီေဖ်ာ္ျခင္း၊ ပန္းကန္ေဆးျခင္းနဲ႔ အျခား အိမ္အလုပ္မ်ားစြာကို ျပဳလုပ္ႏုိင္ပါတယ္။

သူ႔မွာ အဆင့္ျမင့္ ဥာဏ္ရည္တု နည္းပညာ ထည့္သြင္းထားပါတယ္။ Machine Learning လည္း ပါတဲ့ အတြက္ အလုပ္မ်ားကေန ေလ့လာသင္ယူႏိုင္ပါတယ္။ အျခား အလုပ္မ်ားကိုလည္း လူေတြက သူ႔ကို သင္ၾကားေပးႏုိင္ပါတယ္။ သူ႔ကို ပလတ္စတစ္ အစိတ္အပိုင္းမ်ားနဲ႔ တည္ေဆာက္ထားတဲ့ အတြက္ ကုန္က်စားရိတ္သက္သာပါတယ္။ Blue ရဲ႕ ထုတ္လုပ္မႈ ကုန္က်စားရိတ္က ေဒၚလာ ၅၀၀၀ ေလာက္ပဲ ရွိပါတယ္။ အျခား စက္ရုပ္မ်ားရဲ႕ ထုတ္လုပ္မႈ ကုန္က်စားရိတ္ဟာ ေဒၚလာ သိန္းဂဏန္းေလာက္ရွိပါတယ္။

သူ႔လက္ အရြယ္အစားမ်ားက ၀ိတ္မတဲ့ လူေတြရဲ႕ လက္ေလာက္ႀကီးမားပါတယ္။ ေမာ္တာမ်ားက စြမ္းရည္ျမင့္မားပါတယ္။ သူ႔ရဲ႕ လက္က သူ႔ကို ထိေတြ႕လာမႈမ်ားကိုလည္း အာရံုခံႏုိင္ပါတယ္။ သူ႔ရဲ႕ ေစ်းႏႈန္းကို တီထြင္သူမ်ားက မေျပာေသးေပမယ့္ အေစာပိုင္း ၀ယ္ယူခ်င္သူမ်ားအတြက္ ၁၀ ခု ထုတ္လုပ္ထားပါတယ္။

ကယ္လီဖိုးနီးယား တကၠသိုလ္မွ သုေတသန ပညာရွင္မ်ားက Blue ကို တီထြင္ထားတာပါ။ စီမံကိန္း ေခါင္းေဆာင္ Pieter Abbeel က “ Blue ကို AI နဲ႔ တည္ေဆာက္ထားပါတယ္။ စက္ရံုသံုး စက္ရုပ္ေတြကေတာ့ အလုပ္ျမန္ျမန္ လုပ္ဖို႔ ဖန္တီးထားတာပါ။ ေနအိမ္မွာ သူတို႔နဲ႔ လူေတြတြဲဖက္ အလုပ္လုပ္ရင္ အႏၱရာယ္မ်ားပါတယ္။ ဒါ့အျပင္ သူတို႔ဟာ ေဒၚလာ သိန္းဂဏန္းေလာက္ ကုန္က်ပါတယ္။ Blue ရဲ႕ ထုတ္လုပ္မႈ ကုန္က်စားရိတ္က ေဒၚလာ ၅၀၀၀ ေလာက္ပဲ ရွိပါတယ္။ “ လို႔ ေျပာပါတယ္။

unicode

အဝတ်ခေါက်၊ ကော်ဖီဖျော်ပေးမယ့် စက်ရုပ်

စက်ရုပ်တွေက လူသားတွေရဲ့ ဘဝကို ကဏ္ဍမျိုးစုံကနေ ကူညီပေးနေပါတယ်။ ကုန်ထုတ်လုပ်ရေး၊ အဆောက်အဦး တည်ဆောက်ရေး အပါအဝင် ကဏ္ဍပေါင်းစုံမှာ သူတို့ မပါရင် မပြီးတော့ပါဘူး။ အရင်ကလည်း အဝတ်ခေါက်စက် တစ်ခုကို မြင်ခဲ့ကြရပြီးပါပြီ။ အခုလည်း အလားတူ စက်ရုပ်တစ်ခု ပေါ်လာပါပြီ။ သူ့ရဲ့ အမည်က Blue ပါ။ သူကတော့ အဝတ်ခေါက်တာ အပြင် ကော်ဖီဖျော်ခြင်း၊ ပန်းကန်ဆေးခြင်းနဲ့ အခြား အိမ်အလုပ်များစွာကို ပြုလုပ်နိုင်ပါတယ်။

သူ့မှာ အဆင့်မြင့် ဉာဏ်ရည်တု နည်းပညာ ထည့်သွင်းထားပါတယ်။ Machine Learning လည်း ပါတဲ့ အတွက် အလုပ်များကနေ လေ့လာသင်ယူနိုင်ပါတယ်။ အခြား အလုပ်များကိုလည်း လူတွေက သူ့ကို သင်ကြားပေးနိုင်ပါတယ်။ သူ့ကို ပလတ်စတစ် အစိတ်အပိုင်းများနဲ့ တည်ဆောက်ထားတဲ့ အတွက် ကုန်ကျစားရိတ်သက်သာပါတယ်။ Blue ရဲ့ ထုတ်လုပ်မှု ကုန်ကျစားရိတ်က ဒေါ်လာ ၅၀၀၀ လောက်ပဲ ရှိပါတယ်။ အခြား စက်ရုပ်များရဲ့ ထုတ်လုပ်မှု ကုန်ကျစားရိတ်ဟာ ဒေါ်လာ သိန်းဂဏန်းလောက်ရှိပါတယ်။

သူ့လက် အရွယ်အစားများက ဝိတ်မတဲ့ လူတွေရဲ့ လက်လောက်ကြီးမားပါတယ်။ မော်တာများက စွမ်းရည်မြင့်မားပါတယ်။ သူ့ရဲ့ လက်က သူ့ကို ထိတွေ့လာမှုများကိုလည်း အာရုံခံနိုင်ပါတယ်။ သူ့ရဲ့ ဈေးနှုန်းကို တီထွင်သူများက မပြောသေးပေမယ့် အစောပိုင်း ဝယ်ယူချင်သူများအတွက် ၁၀ ခု ထုတ်လုပ်ထားပါတယ်။

ကယ်လီဖိုးနီးယား တက္ကသိုလ်မှ သုတေသန ပညာရှင်များက Blue ကို တီထွင်ထားတာပါ။ စီမံကိန်း ခေါင်းဆောင် Pieter Abbeel က “ Blue ကို AI နဲ့ တည်ဆောက်ထားပါတယ်။ စက်ရုံသုံး စက်ရုပ်တွေကတော့ အလုပ်မြန်မြန် လုပ်ဖို့ ဖန်တီးထားတာပါ။ နေအိမ်မှာ သူတို့နဲ့ လူတွေတွဲဖက် အလုပ်လုပ်ရင် အန္တရာယ်များပါတယ်။ ဒါ့အပြင် သူတို့ဟာ ဒေါ်လာ သိန်းဂဏန်းလောက် ကုန်ကျပါတယ်။ Blue ရဲ့ ထုတ်လုပ်မှု ကုန်ကျစားရိတ်က ဒေါ်လာ ၅၀၀၀ လောက်ပဲ ရှိပါတယ်။ “ လို့ ပြောပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.