Fortnite ကစားႏုိင္ၿပီ ျဖစ္တဲ့ Redmi Note 7 Pro

0
522

Realme CEO က Redmi Note 7 Pro မွာ Fortnite မကစားႏုိင္တဲ့အေၾကာင္းကို မၾကာခင္က ေလွာင္ေျပာင္ခဲ့ပါေသးတယ္။ ယခုလ အေစာပိုင္းမွာ ေၾကညာခဲ့တဲ့ Realme 3 Pro မွာေတာ့ အဲဒီ ဂိမ္းကို ကစားႏုိင္ေအာင္ အစကတည္းက ထည့္သြင္းထားပါတယ္။ အခုေတာ့ ၿပိဳင္ဖက္ Redmi Note 7 Pro မွာပါ ကစားႏုိင္ပါၿပီ။

ယခုလ အေစာပိုင္းက ေရွာင္မီက အဲဒီဖုန္းမွာ Fortnite ကစားႏုိင္ဖို႔ Qualcomm , Epic Games တို႔နဲ႔ ပူးေပါင္းလုပ္ကိုင္ေနတယ္လို႔ ေျပာပါတယ္။ အခုေတာ့ Redmi Note 7 Pro အတြက္ V10.2.10.0 Update ကို ျဖန္႔ခ်ီေပးလိုက္ပါတယ္။ Fortnite ကစားႏုိင္တဲ့ ေထာက္ပံ့မႈနဲ႔ အျခား Update မ်ား ထည့္သြင္းေပးလိုက္ပါတယ္။

ေရွာင္မီက Redmi Note 7 Pro မွာ အဲဒီ ဂိမ္းကို ကစားႏုိင္မယ့္ Graphics Settings ကို အၾကံျပဳေပးထားျခင္း မရွိေသးပါဘူး။ GSMArena က Update မထည့္သြင္းခင္နဲ႔ ထည့္သြင္းအၿပီးမွာ Fortnite ကို ကစားလို႔ရေၾကာင္း ေရးသားထားပါတယ္။ ဒါေပမယ့္ မထည့္သြင္းခင္က ဂိမ္းစြမ္းေဆာင္ရည္က နိမ့္က်ၿပီး ထည့္သြင္းၿပီးေနာက္မွာလည္း တက္မလာဘူးလို႔ ေျပာပါတယ္။ အဲဒီဖုန္းမွာ ေထာက္ပံ့မႈကို Fortnite ဘက္ကျပဳလုပ္ေပးဖို႔ လိုအပ္ေနေသးတယ္လို႔ ထင္ေၾကာင္း ၀က္ဘ္ဆိုက္က ေရးသားထားပါတယ္။

Update ကို အခ်ိဳ႕ ႏုိင္ငံမ်ားမွာ ရရွိၿပီ ျဖစ္ၿပီး အခ်ိဳ႕ ႏုိင္ငံမ်ားမွာေတာ့ မရရွိေသးပါဘူး။ အဲဒီအတြက္ Update ကို တစ္ကမာၻလံုးအတြက္ တစ္ျဖည္းျဖည္းခ်င္း ျဖန္႔ခ်ီေပးေနတဲ့ ပံုပါပဲ။

unicode

Fortnite ကစားနိုင်ပြီ ဖြစ်တဲ့ Redmi Note 7 Pro

Realme CEO က Redmi Note 7 Pro မှာ Fortnite မကစားနိုင်တဲ့အကြောင်းကို မကြာခင်က လှောင်ပြောင်ခဲ့ပါသေးတယ်။ ယခုလ အစောပိုင်းမှာ ကြေညာခဲ့တဲ့ Realme 3 Pro မှာတော့ အဲဒီ ဂိမ်းကို ကစားနိုင်အောင် အစကတည်းက ထည့်သွင်းထားပါတယ်။ အခုတော့ ပြိုင်ဖက် Redmi Note 7 Pro မှာပါ ကစားနိုင်ပါပြီ။

ယခုလ အစောပိုင်းက ရှောင်မီက အဲဒီဖုန်းမှာ Fortnite ကစားနိုင်ဖို့ Qualcomm , Epic Games တို့နဲ့ ပူးပေါင်းလုပ်ကိုင်နေတယ်လို့ ပြောပါတယ်။ အခုတော့ Redmi Note 7 Pro အတွက် V10.2.10.0 Update ကို ဖြန့်ချီပေးလိုက်ပါတယ်။ Fortnite ကစားနိုင်တဲ့ ထောက်ပံ့မှုနဲ့ အခြား Update များ ထည့်သွင်းပေးလိုက်ပါတယ်။

ရှောင်မီက Redmi Note 7 Pro မှာ အဲဒီ ဂိမ်းကို ကစားနိုင်မယ့် Graphics Settings ကို အကြံပြုပေးထားခြင်း မရှိသေးပါဘူး။ GSMArena က Update မထည့်သွင်းခင်နဲ့ ထည့်သွင်းအပြီးမှာ Fortnite ကို ကစားလို့ရကြောင်း ရေးသားထားပါတယ်။ ဒါပေမယ့် မထည့်သွင်းခင်က ဂိမ်းစွမ်းဆောင်ရည်က နိမ့်ကျပြီး ထည့်သွင်းပြီးနောက်မှာလည်း တက်မလာဘူးလို့ ပြောပါတယ်။ အဲဒီဖုန်းမှာ ထောက်ပံ့မှုကို Fortnite ဘက်ကပြုလုပ်ပေးဖို့ လိုအပ်နေသေးတယ်လို့ ထင်ကြောင်း ဝက်ဘ်ဆိုက်က ရေးသားထားပါတယ်။

Update ကို အချို့ နိုင်ငံများမှာ ရရှိပြီ ဖြစ်ပြီး အချို့ နိုင်ငံများမှာတော့ မရရှိသေးပါဘူး။ အဲဒီအတွက် Update ကို တစ်ကမ္ဘာလုံးအတွက် တစ်ဖြည်းဖြည်းချင်း ဖြန့်ချီပေးနေတဲ့ ပုံပါပဲ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.