Facebook မွာ သင္ေၾကြေနတဲ့ စကီေလးေတြကို အသိေပးႏုိင္ေတာ့မည္

0
15

Facebook မွာ သင္ေၾကြေနတဲ့ စကီေလးေတြကို အသိေပးႏုိင္မယ့္ လုပ္ေဆာင္ခ်က္တစ္ခုကို Facebook Dating မွာ ထည့္သြင္းေပးလိုက္တယ္လို႔ ကုမၸဏီက F8 Developer Conference မွာ ေၾကညာလိုက္ပါတယ္။ အဲဒီလုပ္ေဆာင္ခ်က္ရဲ႕ အမည္က Secret Crush ျဖစ္ၿပီး သင့္ရဲ႕ Secret Crush List မွာ   အမ်ားဆံုး ၉ ဦး ထည့္သြင္းႏုိင္ပါတယ္။

သင့္ စာရင္းထဲ ထည့္သြင္းလိုက္တဲ့ လူမ်ားက သင္ သူ႔ကို စိတ္၀င္စားေနေၾကာင္း  သူက ႏိုတီရရွိမွာ ျဖစ္ပါတယ္။ သူတို႔က သင့္ကို သူတို႔ရဲ႕ Secret Crush List မွာ ျပန္လည္ ထည့္သြင္းလိုက္တာနဲ႔ သင္တို႔ ၂ ဦးဟာ ႏိုတီ ရရွိမွာ ျဖစ္ၿပီး မက္ဆင္ဂ်ာမွာ ခ်စ္ရည္လူးႏုိင္ပါၿပီ။ အျခား လူမ်ားက သင္တို႔ရဲ႕ ပတ္သက္မႈကို သိမွာ မဟုတ္ပါဘူး။

လစဥ္ အသုံုးျပဳသူ ၂.၂ ဘီလီယမ္ ရွိတဲ့ Facebook ဟာ နာမည္ေက်ာ္ ရည္းစားရွာေဖြတဲ့ ၀န္ေဆာင္မႈမ်ား ျဖစ္တဲ့ Tinder နဲ႔ OkCupid တို႔ကို ယွဥ္ၿပိဳင္မွာ ျဖစ္ပါတယ္။ Facebook ရဲ႕ Dating စြမ္းရည္ကို အသုံးျပဳသူမ်ားအတြက္ Privacy ကို မထိခိုက္ေအာင္လည္း ဖန္တီးေပးထားပါတယ္။ ရည္စား ရွာေဖြတဲ့ အခါမွာ သင့္ရဲ႕ ပရိုဖိုင္ကို သင့္ သူငယ္ခ်င္းမ်ားက ျမင္ရမွာ မဟုတ္ဘဲ သင့္ရဲ႕ Friends မဟုတ္သူမ်ားကသာ သင့္ကို ျမင္ရမွာ ျဖစ္ပါတယ္။

ယခင္ႏွစ္ F8 Developer Conference မွာ Facebook Dating ကို ေၾကညာခဲ့တာပါ။  စီအီးအို ျဖစ္သူ မတ္ဇူကာဘတ္က “ အေမရိကန္မွာ လက္ထပ္ထားၾကတဲ့ စံုတြဲ သံုးတြဲမွာ တစ္တြဲဟာ အြန္လိုင္းကေန ေတြ႕ခဲ့ၾကတာပါ။ Facebook မွာ Single အျဖစ္ Relationship Status တင္ထားသူဟာ သန္း ၂၀၀ ၀န္းက်င္ ရွိပါတယ္။  သူတို႔အတြက္ ဘ၀လက္တြဲေဖာ္ကို ရွာေဖြေပးႏုိင္ရင္ အဓိပၸါယ္ရွိမွာပါ။ Facebook မွာ ရည္းစား ရွာေဖြႏုိင္တဲ့ လုပ္ေဆာင္ခ်က္ အသစ္ကို မၾကာခင္ ထည့္သြင္းေပးေတာ့မွာပါ။ “ လို႔ အဲဒီပြဲမွာ ေျပာခဲ့ပါတယ္။

unicode

Facebook မှာ သင်ကြွေနေတဲ့ စကီလေးတွေကို အသိပေးနိုင်တော့မည်

Facebook မှာ သင်ကြွေနေတဲ့ စကီလေးတွေကို အသိပေးနိုင်မယ့် လုပ်ဆောင်ချက်တစ်ခုကို Facebook Dating မှာ ထည့်သွင်းပေးလိုက်တယ်လို့ ကုမ္ပဏီက F8 Developer Conference မှာ ကြေညာလိုက်ပါတယ်။ အဲဒီလုပ်ဆောင်ချက်ရဲ့ အမည်က Secret Crush ဖြစ်ပြီး သင့်ရဲ့ Secret Crush List မှာ အများဆုံး ၉ ဦး ထည့်သွင်းနိုင်ပါတယ်။

သင့် စာရင်းထဲ ထည့်သွင်းလိုက်တဲ့ လူများက သင် သူ့ကို စိတ်ဝင်စားနေကြောင်း သူက နိုတီရရှိမှာ ဖြစ်ပါတယ်။ သူတို့က သင့်ကို သူတို့ရဲ့ Secret Crush List မှာ ပြန်လည် ထည့်သွင်းလိုက်တာနဲ့ သင်တို့ ၂ ဦးဟာ နိုတီ ရရှိမှာ ဖြစ်ပြီး မက်ဆင်ဂျာမှာ ချစ်ရည်လူးနိုင်ပါပြီ။ အခြား လူများက သင်တို့ရဲ့ ပတ်သက်မှုကို သိမှာ မဟုတ်ပါဘူး။

လစဉ် အသုံးပြုသူ ၂.၂ ဘီလီယမ် ရှိတဲ့ Facebook ဟာ နာမည်ကျော် ရည်းစားရှာဖွေတဲ့ ဝန်ဆောင်မှုများ ဖြစ်တဲ့ Tinder နဲ့ OkCupid တို့ကို ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ Facebook ရဲ့ Dating စွမ်းရည်ကို အသုံးပြုသူများအတွက် Privacy ကို မထိခိုက်အောင်လည်း ဖန်တီးပေးထားပါတယ်။ ရည်စား ရှာဖွေတဲ့ အခါမှာ သင့်ရဲ့ ပရိုဖိုင်ကို သင့် သူငယ်ချင်းများက မြင်ရမှာ မဟုတ်ဘဲ သင့်ရဲ့ Friends မဟုတ်သူများကသာ သင့်ကို မြင်ရမှာ ဖြစ်ပါတယ်။

ယခင်နှစ် F8 Developer Conference မှာ Facebook Dating ကို ကြေညာခဲ့တာပါ။ စီအီးအို ဖြစ်သူ မတ်ဇူကာဘတ်က “ အမေရိကန်မှာ လက်ထပ်ထားကြတဲ့ စုံတွဲ သုံးတွဲမှာ တစ်တွဲဟာ အွန်လိုင်းကနေ တွေ့ခဲ့ကြတာပါ။ Facebook မှာ Single အဖြစ် Relationship Status တင်ထားသူဟာ သန်း ၂၀၀ ဝန်းကျင် ရှိပါတယ်။ သူတို့အတွက် ဘဝလက်တွဲဖော်ကို ရှာဖွေပေးနိုင်ရင် အဓိပ္ပါယ်ရှိမှာပါ။ Facebook မှာ ရည်းစား ရှာဖွေနိုင်တဲ့ လုပ်ဆောင်ချက် အသစ်ကို မကြာခင် ထည့်သွင်းပေးတော့မှာပါ။ “ လို့ အဲဒီပွဲမှာ ပြောခဲ့ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.