မေလ ၈ရက်နေ့ အိန္ဒိယမှာ launch လုပ်သွားမယ့် Google Pixel 3a နဲ့ 3a XL

Zawgyi Version






Unicode Version

Flipkart ပေါ်မှာတင်ထားတဲ့ teaser အသစ်လေးမှာတော့ Google Pixel 3a နဲ့ 3a XL ရဲ့ launch date ကို တွေ့ရပါတယ်။

လပေါင်းများစွာကြာအောင် ကောလာဟလတွေနဲ့ ပေါက်ကြားမှုတွေကို ကျော်ဖြတ်ပြီးနောက်မှာတော့ Pixel 3a နဲ့ 3a XL တို့ဟာ မေလ၇ရက်နေ့မှာ ထွက်ဖို့လုပ်ထားပါတယ်။ တစ်ရက်အကြာမှာတော့ အိန္ဒိယကို ရောက်ရှိလာမှာပါ။

FoneArena ရဲ့ ထောက်လှမ်းချက်အရ teaser လေးဟာ ဖုန်းလေးကို tagline လေးနဲ့ ဖော်ပြထားပါတယ်။ “Help is on the way. Something big is coming to the Pixel universe on 8th May.” ဒီစာသားလေးက ပြီးခဲ့တဲ့အပတ်တွေတုန်းကလည်း သူ့ရဲ့စတိုးပေါ်မှာ teaser တင်ခဲ့သုံးခဲ့တဲ့စာသားနဲ့ အတူတူပါပဲ။

ဒီဇိုင်းကတော့ Pixel 3 ၊ 3 XL တို့နဲ့ အတူတူလောက်ပါပဲ။ စွမ်းဆောင်ရည်သင့် hardware တွေကို အသုံးပြုထားပါတယ်။ Pixel 3a ကတော့ ၅.၆လက်မ 1080p OLED display ၊ Snapdragon 670 ၊ Pixel 3a XL ကတော့ ၆လက်မ FHD+ OLED panel ၊ Snapdragon 710 တို့ကို အသုံးပြုပေးထားပါတယ်။ ဖုန်းနှစ်လုံးစလုံးဟာ 4GB of RAM နဲ့ 32GB/64GB storage တို့ကို သုံးထားပါတယ်။ 12.2MP camera sensor ကိုပဲ သုံးပေးထားပါတယ်။

I/O 2019 မှာလည်း Pixel အသစ်တွေကို မြင်ရနိုင်ပါသေးတယ်။ မကြာခင်မှာ အကြောင်းစုံသိရတော့မှာဆိုတော့ စိတ်လှုပ်ရှားနေကြပြီလား။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.