မ်က္ႏွာျပင္ေအာက္မွာ ကင္မရာနဲ႕ sensor ေတြ ထပ္ထည့္ခ်င္တဲ့ ဆမ္ေဆာင္း

0
221

Zawgyi Version

၂၀၁၉ ကေတာ့ ဆမ္ေဆာင္းဟာ သူ႕ရဲ႕ေစ်းကြက္နဲ႕ လုပ္ငန္းပံုရိပ္ကို အားေကာင္းေအာင္ျပန္လည္ေဖာ္ေဆာင္တဲ့ႏွစ္တစ္ခု ျဖစ္လာမွာပါ။ PR မေကာင္းတဲ့အတြက္ေၾကာင့္ လုပ္ငန္းပံုရိပ္ကေတာ့ ဆံုးရွံုးေနျပီးသားပါ။ ေစ်းကြက္ကေတာ့ အေတာ္ေလးေကာင္းေနတယ္လို႕ ဆိုရမယ္။ Infinity-O “punch hole” screen ထုတ္ျပီးေနာက္မွာေတာ့ ေနာင္လာမယ့္စမတ္ဖုန္းေတြမွာ မ်က္ႏွာျပင္ေအာက္မွာထည့္ထားတဲ့ ကင္မရာအေရအတြက္ကို တိုးျမွင့္သြားဖို႕ရွိေၾကာင္း ေျပာထားပါတယ္။  

Samsung ဟာ ကင္မရာေအာက္မွာမထားေတာ့ဘဲ pop up လုပ္မယ္လို႕ သတင္းထြက္ေနခ်ိန္မွာ အမ်ားစုကေတာ့ Infinity-O hole မသံုးေလာက္ေတာ့ဘူးလို႕ မွန္းထားၾကပါတယ္။ screen မွာ အေပါက္တစ္ေပါက္တည္းရွိေနမွာျဖစ္ျပီးေတာ့ ကင္မရာအသံုးျပဳမယ့္အခ်ိန္မွသာ အဲဒီအေပါက္ကို ျမင္ခ်င္တာပါ။ လက္ေတြ႕မွာေတာ့ ျဖစ္ႏုိင္ေခ် နည္းေနပါေသးတယ္။

Samsung ဟာ OLED display ကို အေပါက္ျဖစ္ေအာင္ ျဖတ္ေတာက္ရျခင္းက မလြယ္ကူေၾကာင္း ၀န္ခံထားပါတယ္။ ဒါဟာ သူတို႕ရဲ႕အေကာင္းဆံုးဒီဇိုင္းမျဖစ္ေသးတာလည္း Samsung သိထားပါတယ္။ တစ္ခ်ိန္တည္းမွာပဲ display နည္းပညာပိုင္းအရေတာ့ မွတ္တုိင္တစ္ခု စိုက္ထူႏုိင္ခဲ့ပါတယ္။

သူ႕ရဲ႕ပန္းတုိင္ကေတာ့ မ်က္ႏွာျပင္ေအာက္မွာ sensor အားလံုးကို ထားခ်င္တာပါ။ ဒါက ကင္မရာတင္မဟုတ္ဘဲ proximity ၊ ambient light sensor တို႕လိုမ်ိဳးဟာေတြလည္း ပါ၀င္ေနတာပါ။ LG, Huawei နဲ႕ Xiaomi တို႕နဲ႕မတူတဲ့ မ်က္ႏွာျပင္ေအာက္ စပီကာေတြလည္း ပါ၀င္လာႏုိင္ပါတယ္။ ေနာက္တစ္ကေတာ့ အေပါက္ကို မျမင္ရေအာင္ လုပ္ေဆာင္မွာျဖစ္ပါတယ္။ ဒါေပမယ့္လည္း ကင္မရာကိုကြယ္မေနရပါဘူး။

Samsung အတြက္ နည္းပညာပိုင္းမွာ အရင္းျမစ္ေတြ ပိုင္ဆုိင္ထားပါတယ္။ ဒီတစ္ၾကိမ္မွာေတာ့ ေသခ်ာေလးလုပ္သင့္ပါတယ္။ Galaxy Fold မွာ ျဖစ္သြားတဲ့ကိစၥကေတာ့ စမ္းသပ္မႈ၊ ေစ်းၾကီးတဲ့အစိတ္အပုိင္းေတြကို သံုးၾကည့္မႈေတြ လုပ္ေဆာင္ထားလို႕ဆိုတာ နားလည္ေပးလိုက္ပါမယ္။ ပထမဆံုးနဲ႕ ေနာက္ဆံုးပဲ ျဖစ္သင့္ပါတယ္။

Unicode Versioin

၂၀၁၉ ကတော့ ဆမ်ဆောင်းဟာ သူ့ရဲ့ဈေးကွက်နဲ့ လုပ်ငန်းပုံရိပ်ကို အားကောင်းအောင်ပြန်လည်ဖော်ဆောင်တဲ့နှစ်တစ်ခု ဖြစ်လာမှာပါ။ PR မကောင်းတဲ့အတွက်ကြောင့် လုပ်ငန်းပုံရိပ်ကတော့ ဆုံးရှုံးနေပြီးသားပါ။ ဈေးကွက်ကတော့ အတော်လေးကောင်းနေတယ်လို့ ဆိုရမယ်။ Infinity-O “punch hole” screen ထုတ်ပြီးနောက်မှာတော့ နောင်လာမယ့်စမတ်ဖုန်းတွေမှာ မျက်နှာပြင်အောက်မှာထည့်ထားတဲ့ ကင်မရာအရေအတွက်ကို တိုးမြှင့်သွားဖို့ရှိကြောင်း ပြောထားပါတယ်။  

Samsung ဟာ ကင်မရာအောက်မှာမထားတော့ဘဲ pop up လုပ်မယ်လို့ သတင်းထွက်နေချိန်မှာ အများစုကတော့ Infinity-O hole မသုံးလောက်တော့ဘူးလို့ မှန်းထားကြပါတယ်။ screen မှာ အပေါက်တစ်ပေါက်တည်းရှိနေမှာဖြစ်ပြီးတော့ ကင်မရာအသုံးပြုမယ့်အချိန်မှသာ အဲဒီအပေါက်ကို မြင်ချင်တာပါ။ လက်တွေ့မှာတော့ ဖြစ်နိုင်ချေ နည်းနေပါသေးတယ်။

Samsung ဟာ OLED display ကို အပေါက်ဖြစ်အောင် ဖြတ်တောက်ရခြင်းက မလွယ်ကူကြောင်း ဝန်ခံထားပါတယ်။ ဒါဟာ သူတို့ရဲ့အကောင်းဆုံးဒီဇိုင်းမဖြစ်သေးတာလည်း Samsung သိထားပါတယ်။ တစ်ချိန်တည်းမှာပဲ display နည်းပညာပိုင်းအရတော့ မှတ်တိုင်တစ်ခု စိုက်ထူနိုင်ခဲ့ပါတယ်။

သူ့ရဲ့ပန်းတိုင်ကတော့ မျက်နှာပြင်အောက်မှာ sensor အားလုံးကို ထားချင်တာပါ။ ဒါက ကင်မရာတင်မဟုတ်ဘဲ proximity ၊ ambient light sensor တို့လိုမျိုးဟာတွေလည်း ပါဝင်နေတာပါ။ LG, Huawei နဲ့ Xiaomi တို့နဲ့မတူတဲ့ မျက်နှာပြင်အောက် စပီကာတွေလည်း ပါဝင်လာနိုင်ပါတယ်။ နောက်တစ်ကတော့ အပေါက်ကို မမြင်ရအောင် လုပ်ဆောင်မှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကင်မရာကိုကွယ်မနေရပါဘူး။

Samsung အတွက် နည်းပညာပိုင်းမှာ အရင်းမြစ်တွေ ပိုင်ဆိုင်ထားပါတယ်။ ဒီတစ်ကြိမ်မှာတော့ သေချာလေးလုပ်သင့်ပါတယ်။ Galaxy Fold မှာ ဖြစ်သွားတဲ့ကိစ္စကတော့ စမ်းသပ်မှု၊ ဈေးကြီးတဲ့အစိတ်အပိုင်းတွေကို သုံးကြည့်မှုတွေ လုပ်ဆောင်ထားလို့ဆိုတာ နားလည်ပေးလိုက်ပါမယ်။ ပထမဆုံးနဲ့ နောက်ဆုံးပဲ ဖြစ်သင့်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.