သံုးစြဲသူေတြကို အသစ္ေျပာင္းကိုင္ေစခ်င္တဲ့ Microsoft ရဲ႕လုပ္ရပ္

0
8

Zawgyi Version

Windows 10 သံုးခ်င္ရင္ 32 GB storage အနည္းဆံုးရွိမွရမည္

လြန္ခဲ့တဲ့ေလးႏွစ္တုန္းက Microsoft က သတင္းေကာင္းတစ္ခု ေပးခဲ့ပါတယ္။ Windows ေတြအတြက္ ေနရာယူတာ ေလွ်ာ့ေတာ့မယ္။ bloat ေတြ အမ်ားဆံုးပါတဲ့ OS တစ္ခုအေနနဲ႕ ယူဆထားတာျဖစ္လို႕ Windows 10 ဟာ အနည္းဆံုး 16 GB ေတာ့ ယူပါတယ္။ အခုဆုိရင္ေတာ့ ႏွစ္ဆတက္သြားခဲ့ပါျပီ။

Software ဘက္ကလိုအပ္တဲ့ minimum storage ကို တိုးလုိက္တဲ့အတြက္ေၾကာင့္ hardware  လုပ္တဲ့သူေတြက ေရြးခ်ယ္စရာမရွိေတာ့ပါဘူး။ Microsoft က Windows 10 ရဲ႕ လိုအပ္ခ်က္ကို 16 GB အထိ ေလွ်ာ့ခ်လိုက္ခ်ိန္မွာ low-end tablet ေတြ၊ မီနီကြန္ပ်ဴတာေတြ အသံုးျပဳခြင့္ရသြားပါတယ္။ အနည္းဆံုးေတာ့ 32 GB အထိ ထားျပီးထုတ္လုပ္ခဲ့ပါတယ္။ ဒီေန႕ေခတ္မွာေတာ့ ဖုန္းေတြက ဒီထက္ပမာဏပိုမ်ားေနတာ အားလံုးအသိပါပဲ။

Microsoft က ကန္႕သတ္ခ်က္ကို တုိးျမွင့္ရတဲ့အေၾကာင္းရင္းလည္း ရွိေနပါတယ္။ ဒီႏွစ္အေစာပိုင္းမွာ “Reserved Storage” 7 GB ဆိုျပီးေတာ့ သတ္မွတ္လုိက္ပါတယ္။ ဒါက update ေၾကာင့္ ထိ္ခိုက္မႈေတြမရွိႏုိင္ေတာ့ပါဘူး။ system ဟာ မမ္မိုရီအျပင္ကေန ေမာင္းႏွင္မွာျဖစ္လို႕ပါပဲ။ Windows အတြက္ 16 GB နဲ႕ Reserved Storage 7 GB ျဖစ္တာမို႕ သံုးစြဲသူေတြအေနနဲ႕ 32 GB ပဲရွိမယ္ဆုိရင္ 5 GB ပဲ သံုးစရာက်န္ေတာ့မွာပါ။

Microsoft ကေတာ့ အခုဆိုရင္ minimum storage ကို Windows 10 အဖို႕ 32 GB အထိ သတ္မွတ္လုိက္ေတာ့ 1903 (May 2019) update သံုးခ်င္ရင္ 32GB သမားေတြ ဘ၀ခါးပါျပီ။ လိုအပ္ခ်က္က 64-bit ေရာ 32-bit ပါ အၾကံဳး၀င္ပါတယ္။ လက္ေတြ႕မွာေတာ့ storage ကို 64 GB အနည္းဆံုးပါတဲ့ PC ေတြသာ ထုတ္လုုပ္ႏုိင္ေတာ့မွာပါ။ ဒါဟာ အသစ္၀ယ္မယ့္သူေတြအတြက္ စိတ္ပူစရာမဟုတ္ေပမယ့္လည္း လက္ရွိသံုးေနတဲ့ 32 GB သမားေတြအတြက္ ေခါင္းခဲစရာပါ။ version 1903 ကို တင္လို႕မရသလို version 1809 နဲ႕ပဲ ေသာင္တင္ေနေတာ့မွာပါ။ ဒါကလည္း ၂၀၂၀မွာ သက္တမ္းကုန္မွာဆိုေတာ့ ၾကည့္ေကာင္းျပီေလ။ မထူးပါဘူး။ အသစ္ပဲ ၀ယ္ကိုင္ၾကတာေပါ့။

Unicode Version

Windows 10 သုံးချင်ရင် 32 GB storage အနည်းဆုံးရှိမှရမည်

လွန်ခဲ့တဲ့လေးနှစ်တုန်းက Microsoft က သတင်းကောင်းတစ်ခု ပေးခဲ့ပါတယ်။ Windows တွေအတွက် နေရာယူတာ လျှော့တော့မယ်။ bloat တွေ အများဆုံးပါတဲ့ OS တစ်ခုအနေနဲ့ ယူဆထားတာဖြစ်လို့ Windows 10 ဟာ အနည်းဆုံး 16 GB တော့ ယူပါတယ်။ အခုဆိုရင်တော့ နှစ်ဆတက်သွားခဲ့ပါပြီ။

Software ဘက်ကလိုအပ်တဲ့ minimum storage ကို တိုးလိုက်တဲ့အတွက်ကြောင့် hardware  လုပ်တဲ့သူတွေက ရွေးချယ်စရာမရှိတော့ပါဘူး။ Microsoft က Windows 10 ရဲ့ လိုအပ်ချက်ကို 16 GB အထိ လျှော့ချလိုက်ချိန်မှာ low-end tablet တွေ၊ မီနီကွန်ပျူတာတွေ အသုံးပြုခွင့်ရသွားပါတယ်။ အနည်းဆုံးတော့ 32 GB အထိ ထားပြီးထုတ်လုပ်ခဲ့ပါတယ်။ ဒီနေ့ခေတ်မှာတော့ ဖုန်းတွေက ဒီထက်ပမာဏပိုများနေတာ အားလုံးအသိပါပဲ။

Microsoft က ကန့်သတ်ချက်ကို တိုးမြှင့်ရတဲ့အကြောင်းရင်းလည်း ရှိနေပါတယ်။ ဒီနှစ်အစောပိုင်းမှာ “Reserved Storage” 7 GB ဆိုပြီးတော့ သတ်မှတ်လိုက်ပါတယ်။ ဒါက update ကြောင့် ထိခိုက်မှုတွေမရှိနိုင်တော့ပါဘူး။ system ဟာ မမ်မိုရီအပြင်ကနေ မောင်းနှင်မှာဖြစ်လို့ပါပဲ။ Windows အတွက် 16 GB နဲ့ Reserved Storage 7 GB ဖြစ်တာမို့ သုံးစွဲသူတွေအနေနဲ့ 32 GB ပဲရှိမယ်ဆိုရင် 5 GB ပဲ သုံးစရာကျန်တော့မှာပါ။

Microsoft ကတော့ အခုဆိုရင် minimum storage ကို Windows 10 အဖို့ 32 GB အထိ သတ်မှတ်လိုက်တော့ 1903 (May 2019) update သုံးချင်ရင် 32GB သမားတွေ ဘဝခါးပါပြီ။ လိုအပ်ချက်က 64-bit ရော 32-bit ပါ အကြုံးဝင်ပါတယ်။ လက်တွေ့မှာတော့ storage ကို 64 GB အနည်းဆုံးပါတဲ့ PC တွေသာ ထုတ်လုပ်နိုင်တော့မှာပါ။ ဒါဟာ အသစ်ဝယ်မယ့်သူတွေအတွက် စိတ်ပူစရာမဟုတ်ပေမယ့်လည်း လက်ရှိသုံးနေတဲ့ 32 GB သမားတွေအတွက် ခေါင်းခဲစရာပါ။ version 1903 ကို တင်လို့မရသလို version 1809 နဲ့ပဲ သောင်တင်နေတော့မှာပါ။ ဒါကလည်း ၂၀၂၀မှာ သက်တမ်းကုန်မှာဆိုတော့ ကြည့်ကောင်းပြီလေ။ မထူးပါဘူး။ အသစ်ပဲ ဝယ်ကိုင်ကြတာပေါ့။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.