Zawgyi Version
AI assistant တွေရဲ့ပြိုင်ပွဲမှာ Amazon Alexa နဲ့ Google Assistant တို့က ဈေးကွက်ရှယ်ယာကို အများကြီးရထားတယ်လို့ ထင်ကောင်းထင်နေလိမ့်မယ်။ သူတို့ရဲ့ device တွေက လူသုံးများနေတာကိုး။ ဒါပေမယ့် တစ်ဝက်ပဲ မှန်ပါတယ်။ Alexa က တတိယနေရာမှာရှိနေလို့ပါ။ Microsoft ရဲ့ စစ်တမ်းနှစ်ခုအရ Siri နဲ့ Google Assistant ဟာ လက်ရှိထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။ စိတ်ဝင်စားစရာပိုကောင်းတာက privacy နဲ့ပတ်သတ်လာရင် အဲဒီ assistant တွေကို သုံးရတာစိတ်ချမ်းသာလို့ပါတဲ့။
Siri နဲ့ Google Now ဟာ Alexa မပေါ်ခင်တည်းက ရှိနေခဲ့တာဖြစ်ပြီးတော့ Alexa ဟာ Amazon Echo မိတ်ဆက်လိုက်ချိန်မှာ ဈေးကွက်အသစ်ကို ဖော်ဆောင်နိုင်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ စမတ်စပီကာမျိုးဆက်တွေကို ဆက်လက်ထုတ်လုပ်နိုင်လာပါတယ်။ Alexa ဟာ third-party integration တွေကို ပထမဆုံးဆွဲခေါ်နိုင်ခဲ့ပြီးတော့ third-party hardware တွေမှာလည်း ပေါင်းစပ်အသုံးပြုနိုင်ခဲ့ပါတယ်။
ဒါ့အပြင် စစ်တမ်းရဲ့ ၂၅%သောဖြေဆိုသူတွေဟာ Siri နဲ့ Google Assistant ကို 36% စီလောက် အသုံးပြုနေကြပါတယ်။ Apple နဲ့ Google တို့ဟာ စမတ်ဖုန်းအားလုံးမှာ ကြိုတင်ထည့်သွင်းပေးထားတာမို့ အားသာချက်ရှိနေတာပါ။ Alexa သုံးမယ့်သူတွေကတော့ ရှာနေရမှာဖြစ်ပြီး သက်သက်ပြန်သွင်းရပါတယ်။ Cortana ကတော့ ၁၉% သာ သုံးနေကြပါတယ်။ သူကတော့ ကွန်ပျူတာတွေမှာပဲ အသုံးပြုကြတာပါ။

voice assistant တွေရဲ့ လုပ်ဆောင်ချက်တွေကို ကြည့်ကြတဲ့အပြင် ယုံကြည်မှုကင်းမဲ့နေခြင်းကလည်း ဈေးကွက်ဖော်ဆောင်ဖို့ အကြီးမားဆုံးသော အခက်အခဲဖြစ်တယ်ဆိုတာ မီးမောင်းထိုးပြလိုက်တာပါ။ သူတို့ရဲ့ကိုယ်ရေးအချက်အလက်တွေကို စိတ်မချဖြစ်နေကြပြီးတော့ စမတ်စပီကာတွေဟာ သူတို့ကိုတစ်ချိန်လုံးစောင့်ကြည့်နေတယ်လို့ ခံစားနေကြပါတယ်။ assistant လုပ်တဲ့လုပ်ငန်းတွေကိုတောင် မယုံဘူးလို့ပြောတဲ့သူတစ်ချို့လည်း ရှိနေပါသေးတယ်။
voice assistant ကို ကိုယ်ရေးအချက်အလက်တွေ ပေးချင်တဲ့သူကတော့ နည်းနည်းသာ ရှိနေတာပါ။ သင့်တော်တဲ့ဈေးနှုန်းနဲ့သာ ပေးသုံးရမယ်ဆိုရင် ကိုယ်ရေးအချက်အလက်တွေကို ပေးမယ်ဆိုတဲ့သူတွေရှိနေကြောင်းကိုလည်း သိလိုက်ရပါတယ်။
Unicode Version