OPPO F11 Pro Marvel’s Avengers Limited Edition ကို ၾကိဳတင္မွာယူႏုိင္ျပီ

0
242

Zawgyi Version

Image may contain: 1 person

လူငယ္မ်ားအႀကိဳက္ေတြ႕ေစမည့္ ေခတ္မီဆန္းသစ္ေသာ စမတ္ဖုန္းမ်ား အစဥ္မိတ္ဆက္ေပးလ်က္ရွိသည့္ OPPO သည္ ပရိသတ္အင္အားအခိုင္အမာရရွိထားသည့္ Marvel ကုမၸဏီႏွင့္ပူးေပါင္း၍ OPPO F11 Pro Marvel’s Avengers Limited Edition စမတ္ဖုန္းကို ဧၿပီလ (၂၆) ရက္တြင္ ရန္ကုန္ၿမိဳ႕ စံရိပ္ၿငိမ္ဂမုန္းပြင့္ရွိ မဂၤလာရုပ္ရွင္ရံု၌ မိတ္ဆက္ခဲ့သည္။ Marvel’s Avengers Limited Edition စမတ္ဖုန္းကို Marvel ပရိသတ္မ်ား အထူးေမွ်ာ္လင့္ေစာင့္စားေနသည့္ Avengers: Endgame ရုပ္ရွင္ဇာတ္ကား ပြဲဦးထြက္ရံုတင္ျပသည့္ေန႔တြင္ မိတ္ဆက္ခဲ့ျခင္းျဖစ္ၿပီး ယင္းမိတ္ဆက္ပြဲသို႔ OPPO Myanmar မွ တာဝန္ရွိလူႀကီးမင္းမ်ား၊ ဖိတ္ၾကားထားေသာ ဧည့္သည္ေတာ္မ်ား၊ စီးပြားေရးမိတ္ဖက္ကုမၸဏီမ်ား၊ သတင္းမီဒီယာမ်ား၊ OPPO စမတ္ဖုန္းသံုးစြဲသူ O-fan မ်ားႏွင့္ OPPO Brand Ambassador မ်ားျဖစ္ေသာ ဝတ္မႈန္ေရႊရည္၊ ပိုင္ၿဖိဳးသုႏွင့္ ပိုင္တံခြန္တို႔ တက္ေရာက္ခဲ့သည္။

Image may contain: 5 people, people smiling, people standing

OPPO F11 Pro Marvel’s Avengers Limited Edition ဖုန္းတြင္ Avengers အဖြဲ႕ေခါင္းေဆာင္ Captain America ကဲ့သို႔ လွပခံ့ညားေသာစမတ္ဖုန္းကိုယ္ထည္ဒီဇိုင္း၊ Iron Man ၏ ပ်ံသန္းႏိုင္ေသာ ခ်ပ္ဝတ္တန္ဆာကဲ့သို႔ နည္းပညာ အဆင့္အတန္းျမင့္မားသည့္ Rising Camera၊ Thor ၏ မိုးႀကိဳးလွ်ပ္စီးအစြမ္းကဲ့သို႔ အလြန္ျမန္ဆန္သည့္ VOOC 3.0 အားသြင္းစနစ္၊ ခံႏိုင္ရည္အားေကာင္းေသာ တည္ေဆာက္မႈရွိသည့္ Hulk ကဲ့သို႔ 6GB RAM + 128GB ROM သိုေလွာင္မႈပမာဏ၊ Black Widow ကဲ့သို႔ ေပါ့ပါးသြက္လက္ျမန္ဆန္ေသာ Hyper Boost စနစ္ႏွင့္ ညအခ်ိန္တြင္ပင္ မွန္ကန္တိက်စြာ ျမားပစ္ႏိုင္သည့္ Hawkeye ကဲ့သို႔ အလင္းမွိန္မွိန္တြင္ ပံုရိပ္မ်ားကို ထင္ရွားစြာရိုက္ကူးႏိုင္သည့္ 48MP ပါ ေက်ာဘက္ကင္မရာႏွစ္လံုးတို႔ ပါရွိသည္။ 

F11 Pro Marvel’s Avengers Limited Edition စမတ္ဖုန္းအေရာင္သည္ Avengers: Endgame ရုပ္ရွင္ဇာတ္ကားမွ ေစ့ေဆာ္ဖန္တီးထားသည့္ Space Blue အေရာင္ျဖစ္သည္။ ဖုန္းကိုယ္ထည္ေနာက္ခံကို အျပာေရာင္ဆ႒ဂံအကြက္ေလးမ်ားႏွင့္ OPPO အမွတ္တံဆိပ္ေရာင္ေျပးမ်ားျဖင့္ အလွဆင္ထားသည္။ အနီေရာင္ရင့္ရင့္ရွိေသာ Avengers logo သည္ အျပာေရာင္ေနာက္ခံႏွင့္အတူ ဆြဲေဆာင္မႈရွိေသာ အနီႏွင့္အျပာ ဆန္႔က်င္ဘက္အေရာင္ေပါင္းစပ္မႈကို ဖန္တီးေပးရံုသာမက ဖုန္းေဘးဘက္ရွိ အနီေရာင္ခလုတ္ကိုလည္း သိသာထင္ရွားေစသည္။ စမတ္ဖုန္းေက်ာဘက္ရွိ ႀကီးမားေသာတစ္ပိုင္းတစ္စ logo ႏွင့္ ကင္မရာမ်ားအေပၚဘက္ရွိ ျပည့္စံုသည့္ logo မ်ားျဖင့္ Limited Edition စမတ္ဖုန္းကို အႏုပညာေျမာက္ေစမည္ျဖစ္သည္။ ရင္သပ္ရႈေမာဖြယ္ Panoramic Screen ႏွင့္ ေတြ႕ျမင္ရမည့္ Limited Edition ဖုန္းတြင္ အျမင္အာရံုကို ညွိဳ႕ယူဖမ္းစားႏိုင္ေသာ Avengers Logo Wallpaper လည္းပါရွိမည္ျဖစ္သည္။

Image may contain: 7 people, crowd

OPPO F11 Pro Marvel’s Avengers Limited Edition စမတ္ဖုန္းသည္ Avengers ကိုယ္စားျပဳ အမွတ္တံဆိပ္မ်ားစြာပါရွိသည့္ ကြဲျပားမႈထုတ္ပိုးမႈပံုစံႏွင့္ အလံုးေရအကန္႔အသတ္ျဖင့္ ထြက္ရွိလာသည့္အျပင္ Avengers စူပါဟီးရိုးဇာတ္ေကာင္မ်ား၏ ေပၚလြင္ထင္ရွားေသာ လကၡဏာမ်ားပါရွိေသာေၾကာင့္ ကမာၻတစ္ဝန္းရွိ Marvel ပရိသတ္မ်ား အတြက္သာမက OPPO ပရိသတ္မ်ားအတြက္ပါ စိတ္လႈပ္ရွားဖြယ္အမွတ္တရျဖစ္ေစမည္ျဖစ္သည္။

ခံ့ညားေသာ Avengers စူပါဟီးရိုးမ်ား၏ ထင္ရွားသည့္ အမွတ္အသားမ်ားႏွင့္ OPPO F11 Pro Marvel’s Avengers Limited Edition ဖုန္းကို ျမန္မာက်ပ္ေငြ (၅၅၉,၉၀၀) က်ပ္ျဖင့္ ေမလ (၈) ရက္တြင္ စတင္ဝယ္ယူႏိုင္မည္ျဖစ္ၿပီး ဧျပီလ (၂၇) ရက္ေန႔မွ ေမလ (၇) ရက္အထိ ၾကိဳတင္စာရင္းသြင္းမွာယူႏိုင္မည္ျဖစ္သည္။ OPPO F11 Pro Marvel’s Avengers Limited Edition ဖုန္းဝယ္ယူသူမ်ားသည္ Avengers အမွတ္တံဆိပ္ပါ အက်ၤီ၊ ဦးထုပ္ႏွင့္ ဖုန္းေက်ာကပ္ stand မ်ားကို လက္ေဆာင္အျဖစ္ရရွိမည္ျဖစ္သည္။ ထို႔အျပင္ OPPO Myanmar သည္ F11 Pro Marvel’s Avengers စမတ္ဖုန္းမ်ား၀ယ္ယူသူမ်ားကို ေက်းဇူးတံု႔ျပန္သည့္အေနျဖင့္ သံုးလအခမဲ့ ခံစားခြင့္ရွိေသာ Telenor Star အစီအစဥ္ကို လက္ေဆာင္ထည့္သြင္းေပးထားသည္။ OPPO Myanmar ႏွင့္ Telenor Myanmar ၏ ပူးေပါင္းမႈအရ F11 Pro Avengers စမတ္ဖုန္းဝယ္ယူသူမ်ားအေနျဖင့္ ေမလ (၁) ရက္ေန႔မွ ဇူလိုင္လ (၃၁) ရက္ေန႔အထိ Outlet ၃၀၀ တြင္ Discount မ်ားရရွိေစမည့္ Telenor Star အစီအစဥ္ကို အလိုအေလ်ာက္ ခံစားခြင့္ရမည္ျဖစ္သည္။ ယင္းသံုးလျပီးေနာက္တြင္လည္း Slot 1 ရွိ Telenor Sim Card ကို လစဥ္ (၁၀,၀၀၀) က်ပ္ ပံုမွန္ဖုန္းေဘလ္ျဖည့္သြင္းလွ်င္ Telenor Star ခံစားခြင့္ကို ဆက္လက္ရရွိေနမည္ျဖစ္သည္။

Unicode Version

Image may contain: 1 person

လူငယ်များအကြိုက်တွေ့စေမည့် ခေတ်မီဆန်းသစ်သော စမတ်ဖုန်းများ အစဉ်မိတ်ဆက်ပေးလျက်ရှိသည့် OPPO သည် ပရိသတ်အင်အားအခိုင်အမာရရှိထားသည့် Marvel ကုမ္ပဏီနှင့်ပူးပေါင်း၍ OPPO F11 Pro Marvel’s Avengers Limited Edition စမတ်ဖုန်းကို ဧပြီလ (၂၆) ရက်တွင် ရန်ကုန်မြို့ စံရိပ်ငြိမ်ဂမုန်းပွင့်ရှိ မင်္ဂလာရုပ်ရှင်ရုံ၌ မိတ်ဆက်ခဲ့သည်။ Marvel’s Avengers Limited Edition စမတ်ဖုန်းကို Marvel ပရိသတ်များ အထူးမျှော်လင့်စောင့်စားနေသည့် Avengers: Endgame ရုပ်ရှင်ဇာတ်ကား ပွဲဦးထွက်ရုံတင်ပြသည့်နေ့တွင် မိတ်ဆက်ခဲ့ခြင်းဖြစ်ပြီး ယင်းမိတ်ဆက်ပွဲသို့ OPPO Myanmar မှ တာဝန်ရှိလူကြီးမင်းများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ စီးပွားရေးမိတ်ဖက်ကုမ္ပဏီများ၊ သတင်းမီဒီယာများ၊ OPPO စမတ်ဖုန်းသုံးစွဲသူ O-fan များနှင့် OPPO Brand Ambassador များဖြစ်သော ဝတ်မှုန်ရွှေရည်၊ ပိုင်ဖြိုးသုနှင့် ပိုင်တံခွန်တို့ တက်ရောက်ခဲ့သည်။

Image may contain: 5 people, people smiling, people standing

OPPO F11 Pro Marvel’s Avengers Limited Edition ဖုန်းတွင် Avengers အဖွဲ့ခေါင်းဆောင် Captain America ကဲ့သို့ လှပခံ့ညားသောစမတ်ဖုန်းကိုယ်ထည်ဒီဇိုင်း၊ Iron Man ၏ ပျံသန်းနိုင်သော ချပ်ဝတ်တန်ဆာကဲ့သို့ နည်းပညာ အဆင့်အတန်းမြင့်မားသည့် Rising Camera၊ Thor ၏ မိုးကြိုးလျှပ်စီးအစွမ်းကဲ့သို့ အလွန်မြန်ဆန်သည့် VOOC 3.0 အားသွင်းစနစ်၊ ခံနိုင်ရည်အားကောင်းသော တည်ဆောက်မှုရှိသည့် Hulk ကဲ့သို့ 6GB RAM + 128GB ROM သိုလှောင်မှုပမာဏ၊ Black Widow ကဲ့သို့ ပေါ့ပါးသွက်လက်မြန်ဆန်သော Hyper Boost စနစ်နှင့် ညအချိန်တွင်ပင် မှန်ကန်တိကျစွာ မြားပစ်နိုင်သည့် Hawkeye ကဲ့သို့ အလင်းမှိန်မှိန်တွင် ပုံရိပ်များကို ထင်ရှားစွာရိုက်ကူးနိုင်သည့် 48MP ပါ ကျောဘက်ကင်မရာနှစ်လုံးတို့ ပါရှိသည်။ 

F11 Pro Marvel’s Avengers Limited Edition စမတ်ဖုန်းအရောင်သည် Avengers: Endgame ရုပ်ရှင်ဇာတ်ကားမှ စေ့ဆော်ဖန်တီးထားသည့် Space Blue အရောင်ဖြစ်သည်။ ဖုန်းကိုယ်ထည်နောက်ခံကို အပြာရောင်ဆဋ္ဌဂံအကွက်လေးများနှင့် OPPO အမှတ်တံဆိပ်ရောင်ပြေးများဖြင့် အလှဆင်ထားသည်။ အနီရောင်ရင့်ရင့်ရှိသော Avengers logo သည် အပြာရောင်နောက်ခံနှင့်အတူ ဆွဲဆောင်မှုရှိသော အနီနှင့်အပြာ ဆန့်ကျင်ဘက်အရောင်ပေါင်းစပ်မှုကို ဖန်တီးပေးရုံသာမက ဖုန်းဘေးဘက်ရှိ အနီရောင်ခလုတ်ကိုလည်း သိသာထင်ရှားစေသည်။ စမတ်ဖုန်းကျောဘက်ရှိ ကြီးမားသောတစ်ပိုင်းတစ်စ logo နှင့် ကင်မရာများအပေါ်ဘက်ရှိ ပြည့်စုံသည့် logo များဖြင့် Limited Edition စမတ်ဖုန်းကို အနုပညာမြောက်စေမည်ဖြစ်သည်။ ရင်သပ်ရှုမောဖွယ် Panoramic Screen နှင့် တွေ့မြင်ရမည့် Limited Edition ဖုန်းတွင် အမြင်အာရုံကို ညှို့ယူဖမ်းစားနိုင်သော Avengers Logo Wallpaper လည်းပါရှိမည်ဖြစ်သည်။

Image may contain: 7 people, crowd

OPPO F11 Pro Marvel’s Avengers Limited Edition စမတ်ဖုန်းသည် Avengers ကိုယ်စားပြု အမှတ်တံဆိပ်များစွာပါရှိသည့် ကွဲပြားမှုထုတ်ပိုးမှုပုံစံနှင့် အလုံးရေအကန့်အသတ်ဖြင့် ထွက်ရှိလာသည့်အပြင် Avengers စူပါဟီးရိုးဇာတ်ကောင်များ၏ ပေါ်လွင်ထင်ရှားသော လက္ခဏာများပါရှိသောကြောင့် ကမ္ဘာတစ်ဝန်းရှိ Marvel ပရိသတ်များ အတွက်သာမက OPPO ပရိသတ်များအတွက်ပါ စိတ်လှုပ်ရှားဖွယ်အမှတ်တရဖြစ်စေမည်ဖြစ်သည်။

ခံ့ညားသော Avengers စူပါဟီးရိုးများ၏ ထင်ရှားသည့် အမှတ်အသားများနှင့် OPPO F11 Pro Marvel’s Avengers Limited Edition ဖုန်းကို မြန်မာကျပ်ငွေ (၅၅၉,၉၀၀) ကျပ်ဖြင့် မေလ (၈) ရက်တွင် စတင်ဝယ်ယူနိုင်မည်ဖြစ်ပြီး ဧပြီလ (၂၇) ရက်နေ့မှ မေလ (၇) ရက်အထိ ကြိုတင်စာရင်းသွင်းမှာယူနိုင်မည်ဖြစ်သည်။ OPPO F11 Pro Marvel’s Avengers Limited Edition ဖုန်းဝယ်ယူသူများသည် Avengers အမှတ်တံဆိပ်ပါ အင်္ကျီ၊ ဦးထုပ်နှင့် ဖုန်းကျောကပ် stand များကို လက်ဆောင်အဖြစ်ရရှိမည်ဖြစ်သည်။ ထို့အပြင် OPPO Myanmar သည် F11 Pro Marvel’s Avengers စမတ်ဖုန်းများဝယ်ယူသူများကို ကျေးဇူးတုံ့ပြန်သည့်အနေဖြင့် သုံးလအခမဲ့ ခံစားခွင့်ရှိသော Telenor Star အစီအစဉ်ကို လက်ဆောင်ထည့်သွင်းပေးထားသည်။ OPPO Myanmar နှင့် Telenor Myanmar ၏ ပူးပေါင်းမှုအရ F11 Pro Avengers စမတ်ဖုန်းဝယ်ယူသူများအနေဖြင့် မေလ (၁) ရက်နေ့မှ ဇူလိုင်လ (၃၁) ရက်နေ့အထိ Outlet ၃၀၀ တွင် Discount များရရှိစေမည့် Telenor Star အစီအစဉ်ကို အလိုအလျောက် ခံစားခွင့်ရမည်ဖြစ်သည်။ ယင်းသုံးလပြီးနောက်တွင်လည်း Slot 1 ရှိ Telenor Sim Card ကို လစဉ် (၁၀,၀၀၀) ကျပ် ပုံမှန်ဖုန်းဘေလ်ဖြည့်သွင်းလျှင် Telenor Star ခံစားခွင့်ကို ဆက်လက်ရရှိနေမည်ဖြစ်သည်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.