Gadget Trending

ပင္လယ္ထဲ ေပ်ာက္သြားအၿပီး ၆ လၾကာမွာ ျပန္ေတြ႕ခဲ့တဲ့ Apple Watch

ေနာက္ပိုင္းထုတ္ Apple Watch မ်ားမွာ ပါတဲ့ ေရစိုခံ စြမ္းရည္က အလြန္ လန္းလာပါတယ္။ မူလ ပထမ မ်ိဳးဆက္ကေတာ့ ေရေအာက္ထဲမွာ ၀တ္ဆင္လို႔ မရပါဘူး။ ေရစက္ေရေပါက္မ်ားကိုသာ ခံႏုိင္ပါတယ္။ သူ႔ေနာက္ပိုင္းထုတ္ စီးရီးမ်ားကေတာ့ ေရအနက္ ၅၀ မီတာအထိ ၀တ္ႏုိင္ပါတယ္။ အခုလည္း ပင္လယ္မွာ ေပ်ာက္သြားတဲ့ Apple Watch ဟာ ၆ လအၾကာမွာ ျပန္ေတြ႕ခဲ့တာေတာင္ ဘာမွ မျဖစ္ဘဲ အလုပ္ေကာင္းေကာင္းလုပ္ေနေသးတဲ့ သတင္းတက္လာပါတယ္။

Robert Bainter အမည္ရ လူတစ္ဦးဟာ ကယ္လီဖိုးနီးယား ျပည္နယ္ Huntington Beach မွာ ပင္လယ္လိႈင္းစီးစဥ္မွာ လက္မွာ ပတ္ထားတဲ့ စမတ္နာရီဟာ လိႈင္းအရွိန္ေၾကာင့္ ျပဳတ္ထြက္သြားခဲ့ပါတယ္။ တစ္နာရီေလာက္ အခ်ိန္ယူၿပီး ရွာခဲ့တာ မေတြ႕ခဲ့ပါဘူး။ အဲဒီေနာက္မွာ သူက Lost Mode ကို Activate ျပဳလုပ္ခဲ့ပါတယ္။ ျပန္မေတြ႕ေတာ့ဘူး ထင္ၿပီး သူက Apple Watch အသစ္ကို ၀ယ္ခဲ့ပါေသးတယ္။

၆ လအၾကာမွာေတာ့ ကမ္းေျခမွာ လမ္းေလွ်ာက္တဲ့ လူတစ္ဦးက သူ႔ရဲ႕ နာရီကို ေတြ႕ခဲ့ပါတယ္။ စမတ္နာရီရဲ႕ စကရင္မွ Contact Information မ်ားကို ေတြ႕ၿပီး Bainter ကို ျပန္ေပးခဲ့တာ ျဖစ္ပါတယ္။ ဆားငန္ေရေၾကာင့္ စကရင္က အနည္းငယ္ ပ်က္ဆီးသြားေပမယ့္ အလုပ္ေကာင္းေကာင္းလုပ္ပါေသးတယ္။ Apple Watch ဟာ အရမ္းကို အၾကမ္းခံတယ္လို႔ ေျပာရမွာပါ။

Bainter က “ Apple Watch ကို ၀တ္ၿပီး လိႈင္းစီးတဲ့ အျမန္ႏႈန္းကို တြက္ခ်က္ခဲ့တာပါ။ လိႈင္းလံုးႀကီး တစ္ခုေၾကာင့္ ကြ်တ္ၿပီး ေပ်ာက္သြားခဲ့တာပါ။ ျပန္ရမယ္လို႔လည္း မေမွ်ာ္လင့္ခဲ့ပါဘူး။ မယံုႏုိင္စရာပါ။ စကရင္ ေရေငြ႕ရိုက္သြားတာကလြဲၿပီး နာရီက အေကာင္းအတိုင္း ရွိပါေသးတယ္။ “ လို႔ ေျပာပါတယ္။

unicode

ပင်လယ်ထဲ ပျောက်သွားအပြီး ၆ လကြာမှာ ပြန်တွေ့ခဲ့တဲ့ Apple Watch

နောက်ပိုင်းထုတ် Apple Watch များမှာ ပါတဲ့ ရေစိုခံ စွမ်းရည်က အလွန် လန်းလာပါတယ်။ မူလ ပထမ မျိုးဆက်ကတော့ ရေအောက်ထဲမှာ ဝတ်ဆင်လို့ မရပါဘူး။ ရေစက်ရေပေါက်များကိုသာ ခံနိုင်ပါတယ်။ သူ့နောက်ပိုင်းထုတ် စီးရီးများကတော့ ရေအနက် ၅၀ မီတာအထိ ဝတ်နိုင်ပါတယ်။ အခုလည်း ပင်လယ်မှာ ပျောက်သွားတဲ့ Apple Watch ဟာ ၆ လအကြာမှာ ပြန်တွေ့ခဲ့တာတောင် ဘာမှ မဖြစ်ဘဲ အလုပ်ကောင်းကောင်းလုပ်နေသေးတဲ့ သတင်းတက်လာပါတယ်။

Robert Bainter အမည်ရ လူတစ်ဦးဟာ ကယ်လီဖိုးနီးယား ပြည်နယ် Huntington Beach မှာ ပင်လယ်လှိုင်းစီးစဉ်မှာ လက်မှာ ပတ်ထားတဲ့ စမတ်နာရီဟာ လှိုင်းအရှိန်ကြောင့် ပြုတ်ထွက်သွားခဲ့ပါတယ်။ တစ်နာရီလောက် အချိန်ယူပြီး ရှာခဲ့တာ မတွေ့ခဲ့ပါဘူး။ အဲဒီနောက်မှာ သူက Lost Mode ကို Activate ပြုလုပ်ခဲ့ပါတယ်။ ပြန်မတွေ့တော့ဘူး ထင်ပြီး သူက Apple Watch အသစ်ကို ဝယ်ခဲ့ပါသေးတယ်။

၆ လအကြာမှာတော့ ကမ်းခြေမှာ လမ်းလျှောက်တဲ့ လူတစ်ဦးက သူ့ရဲ့ နာရီကို တွေ့ခဲ့ပါတယ်။ စမတ်နာရီရဲ့ စကရင်မှ Contact Information များကို တွေ့ပြီး Bainter ကို ပြန်ပေးခဲ့တာ ဖြစ်ပါတယ်။ ဆားငန်ရေကြောင့် စကရင်က အနည်းငယ် ပျက်ဆီးသွားပေမယ့် အလုပ်ကောင်းကောင်းလုပ်ပါသေးတယ်။ Apple Watch ဟာ အရမ်းကို အကြမ်းခံတယ်လို့ ပြောရမှာပါ။

Bainter က “ Apple Watch ကို ဝတ်ပြီး လှိုင်းစီးတဲ့ အမြန်နှုန်းကို တွက်ချက်ခဲ့တာပါ။ လှိုင်းလုံးကြီး တစ်ခုကြောင့် ကျွတ်ပြီး ပျောက်သွားခဲ့တာပါ။ ပြန်ရမယ်လို့လည်း မမျှော်လင့်ခဲ့ပါဘူး။ မယုံနိုင်စရာပါ။ စကရင် ရေငွေ့ရိုက်သွားတာကလွဲပြီး နာရီက အကောင်းအတိုင်း ရှိပါသေးတယ်။ “ လို့ ပြောပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.