Smartphone Trending

Telephoto Lens ပါလာမယ့္ iPhone XR ရဲ႕ မ်ိဳးဆက္

ဒီႏွစ္မွာ ေၾကညာမယ့္ iPhone XR ရဲ႕ မ်ိဳးဆက္မွာ iPhone XS , XS Max မ်ားရဲ႕ အဓိက လုပ္ေဆာင္ခ်က္တစ္ခု ျဖစ္တဲ့ 2x Optical Zoom ပါလာမယ္လို႔ သတင္းထြက္လာပါတယ္။ တရုတ္မွ အိုင္ဖုန္း အစိတ္အပိုင္းမ်ားကို ထုတ္လုပ္ေပးေနတဲ့ အသိုင္းအ၀ိုင္းကေန ဒီသတင္းထြက္လာတာ ျဖစ္ပါတယ္။ လက္ရွိ iPhone XS, XS Max မ်ားမွာလို 12MP Primary Camera နဲ႔ 12MP Telephoto Lens မ်ားဟာ iPhone XR မိ်ဳးဆက္သစ္မွာ ပါလာႏုိင္ပါတယ္။

မ်ိဳးဆက္သစ္ရဲ႕ အမည္ကို iPhone XR 2 လို႔ ေပးထားမလား ဆိုတာ မသိရေသးပါဘူး။ လက္ရွိ iPhone XR ရဲ႕ 7MP Camera ထက္ပိုေကာင္းတဲ့ 12MP Camera ကို အသံုးျပဳထားႏုိင္ပါတယ္။ ကင္မရာ အေဟာင္းမ်ားကို ျပန္သံုးတဲ့အတြက္ ကုန္က်စားရိတ္ကို ေလွ်ာ့ခ်ႏုိင္မွာ ျဖစ္ပါတယ္။ အိုင္ဖုန္း အသစ္္မ်ားကို စက္တင္ဘာလေလာက္မွာ ေၾကညာမွာ ျဖစ္တဲ့ အတြက္ ဒီသတင္းမ်ားဟာ ရာႏႈန္းျပည့္ မွန္မယ္လို႔ေတာ့ မေျပာႏုိင္ေသးပါဘူး။ ယခင္ႏွစ္မွာလိုပဲ အိုင္ဖုန္း ေမာ္ဒယ္ ၃ ခုကို ထုတ္လုပ္ေရာင္းခ်ႏုိင္ပါတယ္။

XDA Developer ရဲ႕ Max Weinbach က ဒီႏွစ္မွာ ေၾကညာမယ့္ iPhone 11 ရဲ႕ မ်က္ႏွာျပင္ဟာ ေရေအာက္ထဲမွာေတာင္ ထိေတြ႕ အသံုးျပဳႏုိင္မယ္လို႔ မၾကာခင္က ေျပာပါတယ္။ စမတ္ဖုန္းမ်ားမွာ ေရစိုခံ စြမ္းရည္ ပါၾကေပမယ့္ မ်က္ႏွာျပင္ ေရစိုေနရင္ ထိေတြ႕ အသံုးျပဳလို႔ မရၾကပါဘူး။ Apple က ဒါကို ေတာ္လွန္ဆန္းသစ္ေတာ့မွာပါ။

CompareRaja က iPhone 11 မွာ 10MP TrueDepth Camera ပါလာမယ္လို႔ ေျပာပါတယ္။ အဲဒီအတြက္ iPhone XS, XR တို႔ရဲ႕ 7MP Camera ထက္ ပိုေကာင္းလာမွာ ျဖစ္ပါတယ္။ ပိုေကာင္းတဲ့ Selfie Photos , Face ID, Animoji မ်ားကို ဖန္တီးလာႏိုင္မွာ ျဖစ္ပါတယ္။ စြမ္းရည္ျမင့္ iPhone 11 မွာ အေနာက္ကင္မရာ သံုးလံုး ထည့္သြင္းထားမွာ ျဖစ္ၿပီး ႏွစ္္လံုးမွာ 14MP နဲ႔ 10MP မ်ား ျဖစ္ပါတယ္။ တတိယတစ္လံုးရဲ႕ Resolution ကို မသိရေသးပါဘူး။ Apple က Telephoto Lens ကို Standard Lens နဲ႔ MP Size တူေအာင္ ဖန္တီးေလ့ ရွိပါတယ္။ အဲဒီအတြက္ တတိယ တစ္လံုးဟာ 14MP ျဖစ္ႏိုင္ပါတယ္။

unicode

Telephoto Lens ပါလာမယ့် iPhone XR ရဲ့ မျိုးဆက်

ဒီနှစ်မှာ ကြေညာမယ့် iPhone XR ရဲ့ မျိုးဆက်မှာ iPhone XS , XS Max များရဲ့ အဓိက လုပ်ဆောင်ချက်တစ်ခု ဖြစ်တဲ့ 2x Optical Zoom ပါလာမယ်လို့ သတင်းထွက်လာပါတယ်။ တရုတ်မှ အိုင်ဖုန်း အစိတ်အပိုင်းများကို ထုတ်လုပ်ပေးနေတဲ့ အသိုင်းအဝိုင်းကနေ ဒီသတင်းထွက်လာတာ ဖြစ်ပါတယ်။ လက်ရှိ iPhone XS, XS Max များမှာလို 12MP Primary Camera နဲ့ 12MP Telephoto Lens များဟာ iPhone XR မျိုးဆက်သစ်မှာ ပါလာနိုင်ပါတယ်။

မျိုးဆက်သစ်ရဲ့ အမည်ကို iPhone XR 2 လို့ ပေးထားမလား ဆိုတာ မသိရသေးပါဘူး။ လက်ရှိ iPhone XR ရဲ့ 7MP Camera ထက်ပိုကောင်းတဲ့ 12MP Camera ကို အသုံးပြုထားနိုင်ပါတယ်။ ကင်မရာ အဟောင်းများကို ပြန်သုံးတဲ့အတွက် ကုန်ကျစားရိတ်ကို လျှော့ချနိုင်မှာ ဖြစ်ပါတယ်။ အိုင်ဖုန်း အသစ်များကို စက်တင်ဘာလလောက်မှာ ကြေညာမှာ ဖြစ်တဲ့ အတွက် ဒီသတင်းများဟာ ရာနှုန်းပြည့် မှန်မယ်လို့တော့ မပြောနိုင်သေးပါဘူး။ ယခင်နှစ်မှာလိုပဲ အိုင်ဖုန်း မော်ဒယ် ၃ ခုကို ထုတ်လုပ်ရောင်းချနိုင်ပါတယ်။

XDA Developer ရဲ့ Max Weinbach က ဒီနှစ်မှာ ကြေညာမယ့် iPhone 11 ရဲ့ မျက်နှာပြင်ဟာ ရေအောက်ထဲမှာတောင် ထိတွေ့ အသုံးပြုနိုင်မယ်လို့ မကြာခင်က ပြောပါတယ်။ စမတ်ဖုန်းများမှာ ရေစိုခံ စွမ်းရည် ပါကြပေမယ့် မျက်နှာပြင် ရေစိုနေရင် ထိတွေ့ အသုံးပြုလို့ မရကြပါဘူး။ Apple က ဒါကို တော်လှန်ဆန်းသစ်တော့မှာပါ။

CompareRaja က iPhone 11 မှာ 10MP TrueDepth Camera ပါလာမယ်လို့ ပြောပါတယ်။ အဲဒီအတွက် iPhone XS, XR တို့ရဲ့ 7MP Camera ထက် ပိုကောင်းလာမှာ ဖြစ်ပါတယ်။ ပိုကောင်းတဲ့ Selfie Photos , Face ID, Animoji များကို ဖန်တီးလာနိုင်မှာ ဖြစ်ပါတယ်။ စွမ်းရည်မြင့် iPhone 11 မှာ အနောက်ကင်မရာ သုံးလုံး ထည့်သွင်းထားမှာ ဖြစ်ပြီး နှစ်လုံးမှာ 14MP နဲ့ 10MP များ ဖြစ်ပါတယ်။ တတိယတစ်လုံးရဲ့ Resolution ကို မသိရသေးပါဘူး။ Apple က Telephoto Lens ကို Standard Lens နဲ့ MP Size တူအောင် ဖန်တီးလေ့ ရှိပါတယ်။ အဲဒီအတွက် တတိယ တစ်လုံးဟာ 14MP ဖြစ်နိုင်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.