iPhone အသစ္၀ယ္ရာမွ Personal Data ေတြပါေနတဲ့အျဖစ္ကို ၾကံဳေတြ႕ခဲ့ရသူ

0
48

Zawgyi Version

ဖုန္းတစ္လံုးကို ကိုင္ရတာအဆင္မေျပေတာ့ဘူးဆိုရင္ အေတာ္မ်ားမ်ားက reset ခ်ပစ္ပါတယ္။ ဒီလိုမွမဟုတ္ရင္ အဲဒီဖုန္းေလးဟာ ကမာၻၾကီးရဲ႕တစ္ေနရာကို ေရာက္သြားတာမ်ိဳးေတြလည္း ျဖစ္လာႏုိင္တာမို႕ သတိထားသင့္ပါတယ္။ ဒီအေၾကာင္းအရာေလးကေတာ့ သတင္းတစ္ပုဒ္ျဖစ္လာခဲ့သလို ျဖစ္တတ္တာကို ေထာက္ျပလိုက္တဲ့ျဖစ္ရပ္အသစ္ေလးလည္း ျဖစ္ပါတယ္။

ဇာတ္လမ္းေလးကေတာ့ ဒီလိုစပါတယ္။ Glen Cottle ကေတာ့ နယူးဇီလန္မွာ ေနထိုင္သူတစ္ဦးျဖစ္ျပီး Timaru မွာရွိတဲ့ Smith’s City store ကိုသြားေရာက္ျပီး iPhone အသစ္တစ္လံုး၀ယ္ခဲ့ပါတယ္။ ဖုန္းေလးဟာ seal ကပ္ထားျပီးေတာ့ သံုးဖို႕အသင့္ျဖစ္ေနခဲ့ပါတယ္။ ဒါေပမယ့္ Cottle က ဖုန္းကို ဖြင့္လုိက္ျပီးေတာ့ စသံုးၾကည့္တဲ့အခါမွာ အသစ္စက္စက္မဟုတ္တာကို ေတြ႕လုိက္ရပါတယ္။ အဲဒီအထဲမွာ အရင္ကိုင္ထားတဲ့ပိုင္ရွင္ရဲ႕ သမီးျဖစ္သူပို႕ထားတဲ့ အသံမက္ေဆ့ခ်္ေတြအပါအ၀င္ အျခားေသာ ေဒတာေတြကိုလည္း ေတြ႕ျမင္ခဲ့ရလို႕ပါ။ ျပီးေတာ့ က်န္းမာေရးအခ်က္အလက္ေတြ၊ ဘဏ္အေကာင့္ေတြ၊ ေလယာဥ္အခ်က္အလက္ေတြကိုလည္း ေတြ႕ျမင္ခဲ့ရပါတယ္။

အရင္ပိုင္ရွင္ကိုေတာ့ Apple Insider ကေန ေထာက္ျပေပးခဲ့ပါတယ္။ ဒါက အထူးအေထြမဟုတ္ပါဘူး ျဖစ္ႏုိင္တာကေတာ့ ဒီေကာင္ေလးဟာ demo unit (အစမ္း) ျဖစ္ခဲ့ဖူးသလား။ ဒီလိုလည္း ျဖစ္ႏုိင္ပါတယ္။ Noes app ထဲမွာလည္း ကယ္လ္ဖိုးနီးယားက Big Sur ကို အလည္အပတ္သြားဖို႕ ေရးသားထားတာေလးကိုလည္း ေတြ႕ျမင္ရပါတယ္။

Cottle အတြက္ကေတာ့ ဒီဖုန္းကို ဆက္သံုးလို႕ရတယ္ဆိုေပမယ့္လည္း အရင္ပိုင္ရွင္ရွိေနတဲ့အတြက္ေၾကာင့္ passcode တို႕၊ Face ID တို႕သံုးရင္ စိတ္ခ်ရပါ့မလား စိတ္ပူရပါတယ္။

ဘယ္လိုပဲျဖစ္ျဖစ္ပါ။ demo unit ေလးကို ျပန္ေရာင္းတာလား ။ ဟန္းဆက္အေဟာင္းကို ျပန္ေရာင္းတာလား။ တစ္ခုခုပါပဲ။ ဒီလိုုျဖစ္ေနရင္ေတာင္မွ အထဲကေဒတာေတြကို clean up မလုပ္ခဲ့တဲ့အမွားလို႕သာ ေျပာရေတာ့မွာပါ။ ဒီေတာ့ ေရာင္းမယ္ဆိုရင္လည္း ေဒတာေလးေတာ့ ဖ်က္ျပီးမွ ေရာင္းၾကပါ။

Unicode Version

ဖုန်းတစ်လုံးကို ကိုင်ရတာအဆင်မပြေတော့ဘူးဆိုရင် အတော်များများက reset ချပစ်ပါတယ်။ ဒီလိုမှမဟုတ်ရင် အဲဒီဖုန်းလေးဟာ ကမ္ဘာကြီးရဲ့တစ်နေရာကို ရောက်သွားတာမျိုးတွေလည်း ဖြစ်လာနိုင်တာမို့ သတိထားသင့်ပါတယ်။ ဒီအကြောင်းအရာလေးကတော့ သတင်းတစ်ပုဒ်ဖြစ်လာခဲ့သလို ဖြစ်တတ်တာကို ထောက်ပြလိုက်တဲ့ဖြစ်ရပ်အသစ်လေးလည်း ဖြစ်ပါတယ်။

ဇာတ်လမ်းလေးကတော့ ဒီလိုစပါတယ်။ Glen Cottle ကတော့ နယူးဇီလန်မှာ နေထိုင်သူတစ်ဦးဖြစ်ပြီး Timaru မှာရှိတဲ့ Smith’s City store ကိုသွားရောက်ပြီး iPhone အသစ်တစ်လုံးဝယ်ခဲ့ပါတယ်။ ဖုန်းလေးဟာ seal ကပ်ထားပြီးတော့ သုံးဖို့အသင့်ဖြစ်နေခဲ့ပါတယ်။ ဒါပေမယ့် Cottle က ဖုန်းကို ဖွင့်လိုက်ပြီးတော့ စသုံးကြည့်တဲ့အခါမှာ အသစ်စက်စက်မဟုတ်တာကို တွေ့လိုက်ရပါတယ်။ အဲဒီအထဲမှာ အရင်ကိုင်ထားတဲ့ပိုင်ရှင်ရဲ့ သမီးဖြစ်သူပို့ထားတဲ့ အသံမက်ဆေ့ချ်တွေအပါအဝင် အခြားသော ဒေတာတွေကိုလည်း တွေ့မြင်ခဲ့ရလို့ပါ။ ပြီးတော့ ကျန်းမာရေးအချက်အလက်တွေ၊ ဘဏ်အကောင့်တွေ၊ လေယာဉ်အချက်အလက်တွေကိုလည်း တွေ့မြင်ခဲ့ရပါတယ်။

အရင်ပိုင်ရှင်ကိုတော့ Apple Insider ကနေ ထောက်ပြပေးခဲ့ပါတယ်။ ဒါက အထူးအထွေမဟုတ်ပါဘူး ဖြစ်နိုင်တာကတော့ ဒီကောင်လေးဟာ demo unit (အစမ်း) ဖြစ်ခဲ့ဖူးသလား။ ဒီလိုလည်း ဖြစ်နိုင်ပါတယ်။ Noes app ထဲမှာလည်း ကယ်လ်ဖိုးနီးယားက Big Sur ကို အလည်အပတ်သွားဖို့ ရေးသားထားတာလေးကိုလည်း တွေ့မြင်ရပါတယ်။

Cottle အတွက်ကတော့ ဒီဖုန်းကို ဆက်သုံးလို့ရတယ်ဆိုပေမယ့်လည်း အရင်ပိုင်ရှင်ရှိနေတဲ့အတွက်ကြောင့် passcode တို့၊ Face ID တို့သုံးရင် စိတ်ချရပါ့မလား စိတ်ပူရပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ်ပါ။ demo unit လေးကို ပြန်ရောင်းတာလား ။ ဟန်းဆက်အဟောင်းကို ပြန်ရောင်းတာလား။ တစ်ခုခုပါပဲ။ ဒီလိုဖြစ်နေရင်တောင်မှ အထဲကဒေတာတွေကို clean up မလုပ်ခဲ့တဲ့အမှားလို့သာ ပြောရတော့မှာပါ။ ဒီတော့ ရောင်းမယ်ဆိုရင်လည်း ဒေတာလေးတော့ ဖျက်ပြီးမှ ရောင်းကြပါ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.