Gadget Trending

Apple ရဲ႕ plug adapter ေတြမွာ ခ်ိဳ႕ယြင္းခ်က္ရွိေနျပီး ေရွာ့ခ္ျဖစ္ေန

Zawgyi Version

လွ်ပ္စစ္ေရွာ့ခ္ျဖစ္ႏုိင္တဲ့အတြက္ သူရဲ႕ plug adapter အခ်ိဳ႕ကို အသံုးျပဳျခင္းရပ္ဆုိင္းဖို႕အတြက္ သံုးစြဲသူေတြကို အသိေပးထားပါတယ္။

လဲလွယ္ေပးမယ့္ပရိုဂရမ္ေလးမွာေတာ့ Mac ေတြနဲ႕အတူ ထည့္ေပးလိုက္တဲ့ သံုးေခါင္း AC wall plug adapter ၊ ၂၀၀၃ မွ ၂၀၁၀ၾကား iOS အခ်ိဳ႕မွာ တြဲသံုးရတဲ့ ပစၥည္းေတြပါ၀င္ေနျပီးေတာ့ သူ႕ရဲ႕၀က္ဘ္ဆိုက္မွာလည္း ဒီအေၾကာင္းကို တင္ေပးထားပါတယ္။ အဲဒီ adapter ေတြဟာ Apple World Travel Adapter Kit ထဲမွာ ပါ၀င္ေနတဲ့ဟာေတြပါ။

အေတာ္ရွားပါးတဲ့ျဖစ္စဥ္ပါပဲလို႕ ေျပာထားပါတယ္။ ခ်ိဳ႕ယြင္းေနတဲ့ Apple သံုးေခါင္း wall plug adapter ေတြဟာ က်ိဳးပဲ့သြားႏုိင္ျပီးေတာ့ ထိလုိက္ရင္ လွ်ပ္စစ္ေရွာ့ခ္ ျဖစ္ႏုိင္ပါတယ္။

“သံုးစြဲသူေတြ အႏၱရာယ္ကင္းေရးက ထိပ္တန္းဦးစားေပးျဖစ္လို႕ Apple က သံုးစြဲသူေတြကို ခ်ဳိ႕ယြင္းေနတဲ့ plug adapter ေတြကို မသံုးဖို႕ ေတာင္းဆိုလိုက္တာျဖစ္ပါတယ္”လို႕ သတိေပးခ်က္ထဲမွာ ေရးသားထားပါတယ္။

ကမာၻတစ္၀န္းမွာ ထိခိုက္မႈေျခာက္ခုေလာက္ကို သတိထားမိျပီးေနာက္မွာ အခုလိုထုတ္ျပန္ခဲ့တာပါ။ ဒါေပမယ့္လည္း ဘယ္အခ်ိန္၊ ဘယ္ေနရာမွာ၊ ဘယ္လိုၾကံဳသလဲဆိုတာကိုေတာ့ မေျပာထားပါဘူး။

ပံုမွာျပထားတဲ့ ခ်ိဳ႕ယြင္းေနတဲ့ပစၥည္းေတြကေတာ့ အျဖဴေရာင္ျဖစ္ျပီး အတြင္းပိုင္းမွာ စာလံုးေတြ မပါ၀င္ပါဘူး။ သူဟာ ယူေက၊ ေဟာင္ေကာင္၊ စကၤာပူတုိ႕မွာ အသံုးျပဳႏုိင္ေအာင္ ထုတ္လုပ္ထားတာျဖစ္ျပီးေတာ့ ခရီးသြားေလ့ရွိသူေတြအဆင္ေျပေအာင္ လုပ္ေဆာင္ေပးထားတာပါ။

ရွင္းေအာင္ေျပာရမယ္ဆိုရင္ေတာ့ Apple USB power adapter တိုင္း ထိခိုက္ပ်က္စီးေနတာမဟုတ္ပါဘူး။

ခ်ိဳ႕ယြင္းေနတဲ့ plug ကို အသစ္နဲ႕လဲခ်င္ရင္ေတာ့ authorized Apple service provider ဒါမွမဟုတ္ Apple Store မွာ လဲလို႕ရပါတယ္။ လုပ္ငန္းစဥ္ကေတာ့ Apple အေနနဲ႕ Mac, iPad, iPhone, or iPod ရဲ႕ serial number ေလးကို စစ္ေဆးမွာပါ။

အေသးစိတ္ကို သိခ်င္တယ္ဆုိရင္ေတာ့ ၀က္ဘ္ေပ့ခ်္မွွာ ၀င္ေရာက္ၾကည့္ရွဳႏုိင္ပါတယ္။

၂၀၁၆ခုႏွစ္တုန္းကလည္း ႏုိင္ငံငါးႏုိင္ငံအတြက္ထုတ္ထားတဲ့ AC power adapter ေလးကိုလည္း ျပန္သိမ္းခဲ့ရဖူးပါတယ္။ အခုလိုျပန္သိမ္းတာကေတာ့ ဒီေန႕ေခတ္အတြက္ အဆန္းတၾကယ္မဟုတ္ေတာ့ပါဘူး။

Unicode Version

လျှပ်စစ်ရှော့ခ်ဖြစ်နိုင်တဲ့အတွက် သူရဲ့ plug adapter အချို့ကို အသုံးပြုခြင်းရပ်ဆိုင်းဖို့အတွက် သုံးစွဲသူတွေကို အသိပေးထားပါတယ်။

လဲလှယ်ပေးမယ့်ပရိုဂရမ်လေးမှာတော့ Mac တွေနဲ့အတူ ထည့်ပေးလိုက်တဲ့ သုံးခေါင်း AC wall plug adapter ၊ ၂၀၀၃ မှ ၂၀၁၀ကြား iOS အချို့မှာ တွဲသုံးရတဲ့ ပစ္စည်းတွေပါဝင်နေပြီးတော့ သူ့ရဲ့ဝက်ဘ်ဆိုက်မှာလည်း ဒီအကြောင်းကို တင်ပေးထားပါတယ်။ အဲဒီ adapter တွေဟာ Apple World Travel Adapter Kit ထဲမှာ ပါဝင်နေတဲ့ဟာတွေပါ။

အတော်ရှားပါးတဲ့ဖြစ်စဉ်ပါပဲလို့ ပြောထားပါတယ်။ ချို့ယွင်းနေတဲ့ Apple သုံးခေါင်း wall plug adapter တွေဟာ ကျိုးပဲ့သွားနိုင်ပြီးတော့ ထိလိုက်ရင် လျှပ်စစ်ရှော့ခ် ဖြစ်နိုင်ပါတယ်။

“သုံးစွဲသူတွေ အန္တရာယ်ကင်းရေးက ထိပ်တန်းဦးစားပေးဖြစ်လို့ Apple က သုံးစွဲသူတွေကို ချို့ယွင်းနေတဲ့ plug adapter တွေကို မသုံးဖို့ တောင်းဆိုလိုက်တာဖြစ်ပါတယ်”လို့ သတိပေးချက်ထဲမှာ ရေးသားထားပါတယ်။

ကမ္ဘာတစ်ဝန်းမှာ ထိခိုက်မှုခြောက်ခုလောက်ကို သတိထားမိပြီးနောက်မှာ အခုလိုထုတ်ပြန်ခဲ့တာပါ။ ဒါပေမယ့်လည်း ဘယ်အချိန်၊ ဘယ်နေရာမှာ၊ ဘယ်လိုကြုံသလဲဆိုတာကိုတော့ မပြောထားပါဘူး။

ပုံမှာပြထားတဲ့ ချို့ယွင်းနေတဲ့ပစ္စည်းတွေကတော့ အဖြူရောင်ဖြစ်ပြီး အတွင်းပိုင်းမှာ စာလုံးတွေ မပါဝင်ပါဘူး။ သူဟာ ယူကေ၊ ဟောင်ကောင်၊ စင်္ကာပူတို့မှာ အသုံးပြုနိုင်အောင် ထုတ်လုပ်ထားတာဖြစ်ပြီးတော့ ခရီးသွားလေ့ရှိသူတွေအဆင်ပြေအောင် လုပ်ဆောင်ပေးထားတာပါ။

ရှင်းအောင်ပြောရမယ်ဆိုရင်တော့ Apple USB power adapter တိုင်း ထိခိုက်ပျက်စီးနေတာမဟုတ်ပါဘူး။

ချို့ယွင်းနေတဲ့ plug ကို အသစ်နဲ့လဲချင်ရင်တော့ authorized Apple service provider ဒါမှမဟုတ် Apple Store မှာ လဲလို့ရပါတယ်။ လုပ်ငန်းစဉ်ကတော့ Apple အနေနဲ့ Mac, iPad, iPhone, or iPod ရဲ့ serial number လေးကို စစ်ဆေးမှာပါ။

အသေးစိတ်ကို သိချင်တယ်ဆိုရင်တော့ ဝက်ဘ်ပေ့ချ်မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

၂၀၁၆ခုနှစ်တုန်းကလည်း နိုင်ငံငါးနိုင်ငံအတွက်ထုတ်ထားတဲ့ AC power adapter လေးကိုလည်း ပြန်သိမ်းခဲ့ရဖူးပါတယ်။ အခုလိုပြန်သိမ်းတာကတော့ ဒီနေ့ခေတ်အတွက် အဆန်းတကြယ်မဟုတ်တော့ပါဘူး။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.