Enterprise Trending

အင္တာနက္ ၿဂိဳလ္တုမ်ား အာကာသသို႔ လႊတ္တင္ခြင့္ ရသြားတဲ့ SpaceX

SpaceX က အာကာသကေန ၿဂိဳလ္တုမ်ားနဲ႔ ကမာၻေျမ အ၀န္းမွာ အင္တာနက္ ရရွိေအာင္ ႀကဳိးပမ္းေနပါတယ္။ ကုမၸဏီဟာ အာကာသကေန ကမာၻေျမသုိ႔ အင္တာနက္ ထုတ္လႊင့္ေပးတဲ့ ၿဂိဳလ္တု စီမံကိန္းကို ခြင့္ျပဳခ်က္ရဖို႔အတြက္ အေမရိကန္ ဆက္သြယ္ေရး ေကာ္မရွင္ (FCC) ထံညွိႏိႈင္းေဆြးေႏြးမႈမ်ားကို ျပဳလုပ္ေနတာ ႏွစ္အနည္းငယ္ ၾကာျမင့္ေနပါၿပီ။ အခုေတာ့ FCC က SpaceX ကို ခြင့္ျပဳေပးလိုက္ပါတယ္။

အဲဒီ စီမံကိန္းရဲ႕ အမည္က Starlink ျဖစ္ပါတယ္။ ေကာ္မရွင္နဲ႔ ယခင္က သေဘာတူညီထားမႈအရ ကုမၸဏီဟာ ကမာၻေျမျပင္ရဲ႕ အျမင့္ ၁၁၁၀ ကေန ၁၃၂၅ ကီလိုမီတာ အၾကားမွာ ၿဂိဳလ္တု ၄၄၂၅ ခုကို လႊင့္တင္ခြင့္ရခဲ့ပါတယ္။ အခုေတာ့ အဲဒီထဲက ၿဂိဳလ္တု ၁၅၈၄ ခုကို ၅၅၀ ကီလိုမီတာ အျမင့္ရွိ ကမာၻပတ္လမ္းေၾကာင္းမွာ ထားရွိဖို႔ ကုမၸဏီက စီစဥ္ေနပါတယ္။

ဒီလို နိမ့္တဲ့ ေနရာမွာ ထားျခင္းအားျဖင့္ Latency ကို ေလွ်ာ့ခ်ႏုိင္ပါတယ္။ ေဒတာေပးပို႔တဲ့ အခ်ိန္ကို ၁၅ မီလီစကၠန္႔ေလာက္သာ ရွိေစပါတယ္။ ဒီိလို နိမ့္တဲ့ ေနရာမွာ ထားျခင္းအားျဖင့္ ၿဂိဳလ္တု အေရအတြက္ကိုလည္း ေလွ်ာ့ခ်ထားႏိုင္မွာ ျဖစ္ပါတယ္။ ကမာၻပတ္လမ္းေၾကာင္းကေန ၿဂိဳလ္တုမ်ားကို ဖယ္ရွားဖို႔လည္း ပိုလြယ္ကူလွ်င္ျမန္လာမွာပါ။

ၿဂိဳလ္တုေထာင္ေပါင္းမ်ားစြာနဲ႔ ကမာၻအ၀န္းမွာ အင္တာနက္ ထုတ္လႊင့္ေပးဖို႔ အတြက္ SpaceX အျပင္ အျခား နည္းပညာ ကုမၸဏီမ်ားက ႀကိဳးစားေနၾကပါတယ္။   OneWeb ကလည္း အင္တာနက္ ၿဂိဳလ္တု ၆၅၀ ကို တည္ေဆာက္ေနပါတယ္။ Facebok ကလည္း သူ႔ကိုယ္ပိုင္ အင္တာနက္ ၿဂိဳလ္တုကို တီထြင္ေနပါတယ္။ အေမဇုန္ကလည္း ကမာၻပတ္လမ္းေၾကာင္းမွာ ၿဂိဳလ္တုမ်ား လႊင့္တင္ၿပီး ကမာၻအ၀န္းမွာ အင္တာနက္ ထုတ္လႊင့္ေပးမွာ ျဖစ္ပါတယ္။ ကုမၸဏီက Project Kuiper ကေန အင္တာနက္ ၿဂိဳလ္တုေပါင္း ၃၂၃၆ ခုကို လႊင့္တင္ဖို႔ စီစဥ္ေနပါတယ္။  

unicode

အင်တာနက် ဂြိုလ်တုများ အာကာသသို့ လွှတ်တင်ခွင့် ရသွားတဲ့ SpaceX

SpaceX က အာကာသကနေ ဂြိုလ်တုများနဲ့ ကမ္ဘာမြေ အဝန်းမှာ အင်တာနက် ရရှိအောင် ကြိုးပမ်းနေပါတယ်။ ကုမ္ပဏီဟာ အာကာသကနေ ကမ္ဘာမြေသို့ အင်တာနက် ထုတ်လွှင့်ပေးတဲ့ ဂြိုလ်တု စီမံကိန်းကို ခွင့်ပြုချက်ရဖို့အတွက် အမေရိကန် ဆက်သွယ်ရေး ကော်မရှင် (FCC) ထံညှိနှိုင်းဆွေးနွေးမှုများကို ပြုလုပ်နေတာ နှစ်အနည်းငယ် ကြာမြင့်နေပါပြီ။ အခုတော့ FCC က SpaceX ကို ခွင့်ပြုပေးလိုက်ပါတယ်။

အဲဒီ စီမံကိန်းရဲ့ အမည်က Starlink ဖြစ်ပါတယ်။ ကော်မရှင်နဲ့ ယခင်က သဘောတူညီထားမှုအရ ကုမ္ပဏီဟာ ကမ္ဘာမြေပြင်ရဲ့ အမြင့် ၁၁၁၀ ကနေ ၁၃၂၅ ကီလိုမီတာ အကြားမှာ ဂြိုလ်တု ၄၄၂၅ ခုကို လွှင့်တင်ခွင့်ရခဲ့ပါတယ်။ အခုတော့ အဲဒီထဲက ဂြိုလ်တု ၁၅၈၄ ခုကို ၅၅၀ ကီလိုမီတာ အမြင့်ရှိ ကမ္ဘာပတ်လမ်းကြောင်းမှာ ထားရှိဖို့ ကုမ္ပဏီက စီစဉ်နေပါတယ်။

ဒီလို နိမ့်တဲ့ နေရာမှာ ထားခြင်းအားဖြင့် Latency ကို လျှော့ချနိုင်ပါတယ်။ ဒေတာပေးပို့တဲ့ အချိန်ကို ၁၅ မီလီစက္ကန့်လောက်သာ ရှိစေပါတယ်။ ဒီလို နိမ့်တဲ့ နေရာမှာ ထားခြင်းအားဖြင့် ဂြိုလ်တု အရေအတွက်ကိုလည်း လျှော့ချထားနိုင်မှာ ဖြစ်ပါတယ်။ ကမ္ဘာပတ်လမ်းကြောင်းကနေ ဂြိုလ်တုများကို ဖယ်ရှားဖို့လည်း ပိုလွယ်ကူလျှင်မြန်လာမှာပါ။

ဂြိုလ်တုထောင်ပေါင်းများစွာနဲ့ ကမ္ဘာအဝန်းမှာ အင်တာနက် ထုတ်လွှင့်ပေးဖို့ အတွက် SpaceX အပြင် အခြား နည်းပညာ ကုမ္ပဏီများက ကြိုးစားနေကြပါတယ်။ OneWeb ကလည်း အင်တာနက် ဂြိုလ်တု ၆၅၀ ကို တည်ဆောက်နေပါတယ်။ Facebok ကလည်း သူ့ကိုယ်ပိုင် အင်တာနက် ဂြိုလ်တုကို တီထွင်နေပါတယ်။ အမေဇုန်ကလည်း ကမ္ဘာပတ်လမ်းကြောင်းမှာ ဂြိုလ်တုများ လွှင့်တင်ပြီး ကမ္ဘာအဝန်းမှာ အင်တာနက် ထုတ်လွှင့်ပေးမှာ ဖြစ်ပါတယ်။ ကုမ္ပဏီက Project Kuiper ကနေ အင်တာနက် ဂြိုလ်တုပေါင်း ၃၂၃၆ ခုကို လွှင့်တင်ဖို့ စီစဉ်နေပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.