ပါးစပ္ကေန ေျပာလိုက္တာနဲ႔ ဓါတ္ပံု ရိုက္ေပးမယ့္ ဒရုန္း

0
8

Aire အမည္ရ ဒရုန္းဟာ ေနအိမ္မွာ အသံုးျပဳဖို႔ ဒီဇိုင္းထုတ္ထားၿပီး သူ႔ကို အသံအမိန္႔မ်ားျဖင့္ ခိုင္းေစႏုိင္ပါတယ္။ Amazon Alexa ဒစ္ဂ်စ္တယ္ကိုယ္ေရးလက္ေထာက္ရဲ႕ အကူအညီျဖင့္ သူ႔ကို အသံအမိန္႔မ်ားျဖင့္ ခုိင္းေစႏုိင္ျခင္း ျဖစ္ၿပီး ပါးစပ္ကေန ေျပာလိုက္တာနဲ႔ သူက ဓါတ္ပံုရိုက္ကူးေပးမွာ ျဖစ္ပါတယ္။

သူ႔ကို ထုတ္လုပ္ေရာင္းခ်ဖို႔ Kickstarter ၀က္ဆိုက္မွာ ရန္ပံုေငြ ေကာက္ခံေနၿပီး သူ႔ကို ေနအိမ္သံုး အလိုအေလွ်ာက္ ပ်ံသန္းႏိုင္တဲ့ စက္ရုပ္ လက္ေထာက္အျဖစ္ ေၾကာ္ညာထားပါတယ္။ သူက ေနအိ္မ္ထဲမွ အရာ၀တၳဳမ်ားကိုလည္း ေရွာင္ကြင္း ပ်ံသန္းႏုိင္ပါတယ္။ သူ႔ကို စမတ္ဖုန္းကေန ထိန္းခ်ဳပ္ႏုိင္ပါတယ္။ သူ႔မွာ ကင္မရာ ၊ မိုက္ကရိုဖုန္း၊ စပီကာမ်ား တပ္ဆင္ထားတဲ့အတြက္ ေနအိမ္ ျပင္ပေရာက္ေနခ်ိန္မွာ အိမ္ရဲ႕ လံုျခံဳေရး အေျခအေနကို စစ္ေဆးျခင္း၊ ေနအိမ္မွ အိမ္သားမ်ားနဲ႔ Video Chat ျခင္းမ်ား ျပဳလုပ္ႏိုင္ပါတယ္။

သူဟာ ဒရုန္းပံုသ႑ာန္နဲ႔ မတူဘဲ Hair Dryer သို႔မဟုတ္ ဖုန္စုပ္စက္နဲ႔ ပိုတူပါတယ္။ သူဟာ ပ်ံသန္းရာမွာ အလြန္ တည္ၿငိမ္ပါတယ္။ သူ႔မွာ အျမင္အာရံုအတြက္ ကင္မရာမ်ား၊ အတားအဆီးမ်ားကို ေရွာင္လႊဲႏုိင္ဖို႔အတြက္ 3D Depth Camera နဲ႔ တည္ေနရာ အာရံုခံဖို႔အတြက္ ေအာက္ဘက္ကို မ်က္နွာမူထားတဲ့ ကင္မရာနဲ႔ အရာ၀တၳဳမ်ားကို ေရွာင္ကြင္းဖို႔ Sonar Sensors မ်ား တပ္ဆင္ထားပါတယ္။ သူဟာ ေျမျပင္သို႔ အလိုအေလွ်ာက္ ဆင္းသက္ႏုိင္ပါတယ္။ သူ႔ကို အေျခခံ Alexa Command မ်ားျဖင့္ ထိန္းခ်ဳပ္ႏုိင္ပါတယ္။

Aire ကို ၂၀၁၉ ခုႏွစ္ ဒီဇင္ဘာလမွာ ေရာင္းခ်ဖို႔ စီစဥ္ထားပါတယ္။ စက္တင္ဘာလမွာ Beta Model ကို မိတ္ဆက္မွာ ျဖစ္ပါတယ္။ ေရာင္းခ်ခ်ိန္မွာ ေစ်းႏႈန္းဟာ ေဒၚလာ ၁၄၉၉ ျဖစ္မွာပါ။ လက္ရွိမွာ Kickstarter ၀က္ဆိုက္မွာ ရန္ပံုေငြ ၇၄၉ ထည့္၀င္ၿပီး ေလွ်ာ့ေစ်းျဖင့္ ၀ယ္ယူထားႏုိင္ပါတယ္။

ref : theverge

unicode

ပါးစပ်ကနေ ပြောလိုက်တာနဲ့ ဓါတ်ပုံ ရိုက်ပေးမယ့် ဒရုန်း

Aire အမည်ရ ဒရုန်းဟာ နေအိမ်မှာ အသုံးပြုဖို့ ဒီဇိုင်းထုတ်ထားပြီး သူ့ကို အသံအမိန့်များဖြင့် ခိုင်းစေနိုင်ပါတယ်။ Amazon Alexa ဒစ်ဂျစ်တယ်ကိုယ်ရေးလက်ထောက်ရဲ့ အကူအညီဖြင့် သူ့ကို အသံအမိန့်များဖြင့် ခိုင်းစေနိုင်ခြင်း ဖြစ်ပြီး ပါးစပ်ကနေ ပြောလိုက်တာနဲ့ သူက ဓါတ်ပုံရိုက်ကူးပေးမှာ ဖြစ်ပါတယ်။

သူ့ကို ထုတ်လုပ်ရောင်းချဖို့ Kickstarter ဝက်ဆိုက်မှာ ရန်ပုံငွေ ကောက်ခံနေပြီး သူ့ကို နေအိမ်သုံး အလိုအလျှောက် ပျံသန်းနိုင်တဲ့ စက်ရုပ် လက်ထောက်အဖြစ် ကြော်ညာထားပါတယ်။ သူက နေအိမ်ထဲမှ အရာဝတ္ထုများကိုလည်း ရှောင်ကွင်း ပျံသန်းနိုင်ပါတယ်။ သူ့ကို စမတ်ဖုန်းကနေ ထိန်းချုပ်နိုင်ပါတယ်။ သူ့မှာ ကင်မရာ ၊ မိုက်ကရိုဖုန်း၊ စပီကာများ တပ်ဆင်ထားတဲ့အတွက် နေအိမ် ပြင်ပရောက်နေချိန်မှာ အိမ်ရဲ့ လုံခြုံရေး အခြေအနေကို စစ်ဆေးခြင်း၊ နေအိမ်မှ အိမ်သားများနဲ့ Video Chat ခြင်းများ ပြုလုပ်နိုင်ပါတယ်။

သူဟာ ဒရုန်းပုံသဏ္ဍာန်နဲ့ မတူဘဲ Hair Dryer သို့မဟုတ် ဖုန်စုပ်စက်နဲ့ ပိုတူပါတယ်။ သူဟာ ပျံသန်းရာမှာ အလွန် တည်ငြိမ်ပါတယ်။ သူ့မှာ အမြင်အာရုံအတွက် ကင်မရာများ၊ အတားအဆီးများကို ရှောင်လွှဲနိုင်ဖို့အတွက် 3D Depth Camera နဲ့ တည်နေရာ အာရုံခံဖို့အတွက် အောက်ဘက်ကို မျက်နှာမူထားတဲ့ ကင်မရာနဲ့ အရာဝတ္ထုများကို ရှောင်ကွင်းဖို့ Sonar Sensors များ တပ်ဆင်ထားပါတယ်။ သူဟာ မြေပြင်သို့ အလိုအလျှောက် ဆင်းသက်နိုင်ပါတယ်။ သူ့ကို အခြေခံ Alexa Command များဖြင့် ထိန်းချုပ်နိုင်ပါတယ်။

Aire ကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှာ ရောင်းချဖို့ စီစဉ်ထားပါတယ်။ စက်တင်ဘာလမှာ Beta Model ကို မိတ်ဆက်မှာ ဖြစ်ပါတယ်။ ရောင်းချချိန်မှာ ဈေးနှုန်းဟာ ဒေါ်လာ ၁၄၉၉ ဖြစ်မှာပါ။ လက်ရှိမှာ Kickstarter ဝက်ဆိုက်မှာ ရန်ပုံငွေ ၇၄၉ ထည့်ဝင်ပြီး လျှော့ဈေးဖြင့် ဝယ်ယူထားနိုင်ပါတယ်။

ref : theverge

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.