Zawgyi Version
OPPO Myanmar သည္ ျပည္တြင္းရွိ စမတ္ဖုန္းအသံုးျပဳသူမ်ားအတြက္ ဖက္ရွင္ဒီဇိုင္းဆန္းႏွင့္ နည္းပညာအဆင့္ျမင့္စမတ္ဖုန္းမ်ားကို အစဥ္မိတ္ဆက္ေပးလ်က္ရွိရာ OPPO F11 Pro ၏ အဓိကဖုန္းအစိတ္အပိုင္းအားလံုး အျပည့္အစံုပါရွိေသာ F11 Pro Avengers Limited Edition စမတ္ဖုန္းႏွင့္ OPPO F Series ၏ မ်ိဳးဆက္သစ္ျဖစ္ေသာ F11 စမတ္ဖုန္းကို ဧျပီလ (၂၆) ရက္ေန႔တြင္ ရန္ကုန္ၿမိဳ႕ စံရိပ္ၿငိမ္ဂမုန္းပြင့္ရွိ မဂၤလာရုပ္ရွင္ရံု၌ မိတ္ဆက္ခဲ့သည္။

အလင္းမွိန္မွိန္ ပံုရိပ္ထင္ထင္ႏွင့္ တီထြင္ဆန္းသစ္ေသာ နည္းပညာမ်ားျဖင့္ ဖန္တီးထားသည့္ OPPO F11 စမတ္ဖုန္းသည္ ေရစက္ပံုစံမ်က္ႏွာျပင္၊ ၆.၅ လက္မရွိေသာ မ်က္ႏွာျပင္အရြယ္အစား၊ ၉၀.၇၀% ရွိေသာ မ်က္ႏွာျပင္အခ်ိဳး၊ ညအခ်ိန္တြင္ပင္ ပိုမိုၾကည္လင္ျပတ္သားေသာ ဓာတ္ပံုရုပ္ထြက္မ်ားရရွိေစမည့္ 48MP+5MP ေက်ာဘက္ကင္မရာႏွစ္လံုး၊ ပိုမိုလွပေသာ Selfie ပံုမ်ားကို ရရွိေစမည့္ 16MP AI Beauty ေရွ႕ဘက္ကင္မရာ၊ ပံုမွန္အားသြင္းစနစ္မ်ားထက္ တစ္နာရီပိုျမန္ေသာ VOOC 3.0 အျမန္္အားသြင္းစနစ္၊ တစ္ေနကုန္အသံုးျပဳႏိုင္ေသာ တာရွည္ခံသည့္ 4,020mAh ဘက္ထရီပမာဏ၊ ဖုန္းစြမ္းေဆာင္ရည္ကို ပိိုမိုျမန္ဆန္ေစၿပီး တုံ႔ျပန္အား ပိုေကာင္းေစေသာ Hyper Boost စနစ္၊ 4GB RAM+ 128GB ROM သိုေလွာင္မႈပမာဏႏွင့္ Android 9.0 ကို အေျခခံထားေသာ ColorOS 6 ျဖင့္ ထြက္ရွိမည္ျဖစ္သည္။ F11 စမတ္ဖုန္းကို ဆန္းသစ္လွပေသာ Fluorite Purple အေရာင္ႏွင့္ Marble Green အေရာင္ဟူသည့္ အေရာင္ေျပးကာလာႏွစ္မ်ိဳးျဖင့္ ရရွိမည္ျဖစ္သည္။

ေရစက္ပံုစံမ်က္ႏွာျပင္ႏွင့္ အခ်ိဳးက်လွပေသာ အေရာင္ေျပးကာလာ ဒီဇိုင္းတို႔ျဖင့္ ဖန္တီးထားေသာ OPPO F11 စမတ္ဖုန္းကို ျမန္မာက်ပ္ေငြ (၃၇၉,၉၀၀) က်ပ္ျဖင့္ ဧျပီလ (၂၇) ရက္ေန႔မွ ဧၿပီလ (၃၀) ရက္ေန႔အထိ ႀကိဳတင္မွာယူႏိုင္ၿပီး ေမလ (၁) ရက္ေန႔တြင္ ျမန္မာတစ္ႏိုင္ငံလံုး၌ စတင္ေရာင္းခ်မည္ျဖစ္သည္။ OPPO F11 စမတ္ဖုန္းသစ္ မိတ္ဆက္ပြဲသို႔ OPPO Myanmar မွ တာဝန္ရွိလူႀကီးမင္းမ်ား၊ ဖိတ္ၾကားထားေသာ ဧည့္သည္ေတာ္မ်ား၊ စီးပြားေရး မိတ္ဖက္ကုမၸဏီမ်ား၊ သတင္းမီဒီယာမ်ား၊ OPPO စမတ္ဖုန္းသံုးစြဲသူ Ofan မ်ားႏွင့္ OPPO Brand Ambassador မ်ားျဖစ္ေသာ ဝတ္မႈန္ေရႊရည္၊ ပိုင္ၿဖိဳးသုႏွင့္ ပိုင္တံခြန္တို႔ တက္ေရာက္ခဲ့သည္။

OPPO F11 စမတ္ဖုန္းကို ဧျပီလ (၂၇) ရက္ေန႔မွ ဧၿပီလ (၃၀) ရက္ေန႔အထိ ျမန္မာက်ပ္ေငြ (၃၀,၀၀၀) က်ပ္ ေပးသြင္း၍ ႀကိဳတင္မွာယူႏိုင္ၿပီး ခရီးေဆာင္အသီးေဖ်ာ္စက္မ်ားကို လက္ေဆာင္အျဖစ္ ရယူႏိုင္ပါသည္။ ထို႔အျပင္ OPPO Myanmar သည္ F11 စမတ္ဖုန္းမ်ား၀ယ္ယူသူမ်ားကို ေက်းဇူးတံု႔ျပန္သည့္အေနျဖင့္ သံုးလအခမဲ့ ခံစားခြင့္ရွိေသာ Telenor Star အစီအစဥ္ကို လက္ေဆာင္ထည့္သြင္းေပးထားသည္။ OPPO Myanmar ႏွင့္ Telenor Myanmar ၏ ပူးေပါင္းမႈအရ F11 စမတ္ဖုန္းဝယ္ယူသူမ်ားအေနျဖင့္ ေမလ (၁) ရက္ေန႔မွ ဇူလိုင္လ (၃၁) ရက္ေန႔အထိ Outlet ၃၀၀ တြင္ Discount မ်ားရရွိေစမည့္ Telenor Star အစီအစဥ္ကို အလိုအေလ်ာက္ ခံစားခြင့္ရမည္ျဖစ္သည္။ ယင္းသံုးလျပီးေနာက္တြင္လည္း Slot 1 ရွိ Telenor Sim Card ကို လစဥ္ (၁၀,၀၀၀) က်ပ္ ပံုမွန္ဖုန္းေဘလ္ျဖည့္သြင္းလွ်င္ Telenor Star ခံစားခြင့္ကို ဆက္လက္ရရွိေနမည္ျဖစ္သည္။
Unicode Version
OPPO Myanmar သည် ပြည်တွင်းရှိ စမတ်ဖုန်းအသုံးပြုသူများအတွက် ဖက်ရှင်ဒီဇိုင်းဆန်းနှင့် နည်းပညာအဆင့်မြင့်စမတ်ဖုန်းများကို အစဉ်မိတ်ဆက်ပေးလျက်ရှိရာ OPPO F11 Pro ၏ အဓိကဖုန်းအစိတ်အပိုင်းအားလုံး အပြည့်အစုံပါရှိသော F11 Pro Avengers Limited Edition စမတ်ဖုန်းနှင့် OPPO F Series ၏ မျိုးဆက်သစ်ဖြစ်သော F11 စမတ်ဖုန်းကို ဧပြီလ (၂၆) ရက်နေ့တွင် ရန်ကုန်မြို့ စံရိပ်ငြိမ်ဂမုန်းပွင့်ရှိ မင်္ဂလာရုပ်ရှင်ရုံ၌ မိတ်ဆက်ခဲ့သည်။

အလင်းမှိန်မှိန် ပုံရိပ်ထင်ထင်နှင့် တီထွင်ဆန်းသစ်သော နည်းပညာများဖြင့် ဖန်တီးထားသည့် OPPO F11 စမတ်ဖုန်းသည် ရေစက်ပုံစံမျက်နှာပြင်၊ ၆.၅ လက်မရှိသော မျက်နှာပြင်အရွယ်အစား၊ ၉၀.၇၀% ရှိသော မျက်နှာပြင်အချိုး၊ ညအချိန်တွင်ပင် ပိုမိုကြည်လင်ပြတ်သားသော ဓာတ်ပုံရုပ်ထွက်များရရှိစေမည့် 48MP+5MP ကျောဘက်ကင်မရာနှစ်လုံး၊ ပိုမိုလှပသော Selfie ပုံများကို ရရှိစေမည့် 16MP AI Beauty ရှေ့ဘက်ကင်မရာ၊ ပုံမှန်အားသွင်းစနစ်များထက် တစ်နာရီပိုမြန်သော VOOC 3.0 အမြန်အားသွင်းစနစ်၊ တစ်နေကုန်အသုံးပြုနိုင်သော တာရှည်ခံသည့် 4,020mAh ဘက်ထရီပမာဏ၊ ဖုန်းစွမ်းဆောင်ရည်ကို ပိုမိုမြန်ဆန်စေပြီး တုံ့ပြန်အား ပိုကောင်းစေသော Hyper Boost စနစ်၊ 4GB RAM+ 128GB ROM သိုလှောင်မှုပမာဏနှင့် Android 9.0 ကို အခြေခံထားသော ColorOS 6 ဖြင့် ထွက်ရှိမည်ဖြစ်သည်။ F11 စမတ်ဖုန်းကို ဆန်းသစ်လှပသော Fluorite Purple အရောင်နှင့် Marble Green အရောင်ဟူသည့် အရောင်ပြေးကာလာနှစ်မျိုးဖြင့် ရရှိမည်ဖြစ်သည်။

ရေစက်ပုံစံမျက်နှာပြင်နှင့် အချိုးကျလှပသော အရောင်ပြေးကာလာ ဒီဇိုင်းတို့ဖြင့် ဖန်တီးထားသော OPPO F11 စမတ်ဖုန်းကို မြန်မာကျပ်ငွေ (၃၇၉,၉၀၀) ကျပ်ဖြင့် ဧပြီလ (၂၇) ရက်နေ့မှ ဧပြီလ (၃၀) ရက်နေ့အထိ ကြိုတင်မှာယူနိုင်ပြီး မေလ (၁) ရက်နေ့တွင် မြန်မာတစ်နိုင်ငံလုံး၌ စတင်ရောင်းချမည်ဖြစ်သည်။ OPPO F11 စမတ်ဖုန်းသစ် မိတ်ဆက်ပွဲသို့ OPPO Myanmar မှ တာဝန်ရှိလူကြီးမင်းများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ စီးပွားရေး မိတ်ဖက်ကုမ္ပဏီများ၊ သတင်းမီဒီယာများ၊ OPPO စမတ်ဖုန်းသုံးစွဲသူ Ofan များနှင့် OPPO Brand Ambassador များဖြစ်သော ဝတ်မှုန်ရွှေရည်၊ ပိုင်ဖြိုးသုနှင့် ပိုင်တံခွန်တို့ တက်ရောက်ခဲ့သည်။

OPPO F11 စမတ်ဖုန်းကို ဧပြီလ (၂၇) ရက်နေ့မှ ဧပြီလ (၃၀) ရက်နေ့အထိ မြန်မာကျပ်ငွေ (၃၀,၀၀၀) ကျပ် ပေးသွင်း၍ ကြိုတင်မှာယူနိုင်ပြီး ခရီးဆောင်အသီးဖျော်စက်များကို လက်ဆောင်အဖြစ် ရယူနိုင်ပါသည်။ ထို့အပြင် OPPO Myanmar သည် F11 စမတ်ဖုန်းများဝယ်ယူသူများကို ကျေးဇူးတုံ့ပြန်သည့်အနေဖြင့် သုံးလအခမဲ့ ခံစားခွင့်ရှိသော Telenor Star အစီအစဉ်ကို လက်ဆောင်ထည့်သွင်းပေးထားသည်။ OPPO Myanmar နှင့် Telenor Myanmar ၏ ပူးပေါင်းမှုအရ F11 စမတ်ဖုန်းဝယ်ယူသူများအနေဖြင့် မေလ (၁) ရက်နေ့မှ ဇူလိုင်လ (၃၁) ရက်နေ့အထိ Outlet ၃၀၀ တွင် Discount များရရှိစေမည့် Telenor Star အစီအစဉ်ကို အလိုအလျောက် ခံစားခွင့်ရမည်ဖြစ်သည်။ ယင်းသုံးလပြီးနောက်တွင်လည်း Slot 1 ရှိ Telenor Sim Card ကို လစဉ် (၁၀,၀၀၀) ကျပ် ပုံမှန်ဖုန်းဘေလ်ဖြည့်သွင်းလျှင် Telenor Star ခံစားခွင့်ကို ဆက်လက်ရရှိနေမည်ဖြစ်သည်။