Intel ရဲ႕ 5G Modem လုပ္ငန္းကို ၀ယ္ဖို႕ကမ္းလွမ္းေနတဲ့ Apple

0
8

Zawgyi Version

Apple ကေတာ့ Intel ရဲ႕ 5G modem လုပ္ငန္းကို ၀ယ္ယူဖို႕အတြက္ ေျပာဆိုေနျပီလို႕ The Wall Street Journal ကတင္ျပထားပါတယ္။ Intel ကေတာ့ Apple နဲ႕ Qualcomm တို႕ရဲ႕ညွိႏွိဳင္းမႈကို ၾကားျပီးကတည္းက မလုပ္ေတာ့ဘူးလို႕ သတင္းေတြထြက္ေနခဲ့တာပါ။

သတင္းေတြအရ Apple နဲ႕ Intel ဟာ 5G modem လုပ္ငန္းကို ၀ယ္ယူဖို႕အတြက္ ျပီးခဲ့တဲ့ေႏြကတည္းက ေျပာဆိုေနခဲ့တာပါ။ Qualcomm နဲ႕ ျပဳလုပ္လိုက္တဲ့ညွိႏိႈင္းမႈအျပီးမွာေတာ့ ဒီေျပာဆိုမႈကလည္း အဆံုးသတ္ရေတာ့မွာပါ။

Intel ကေတာ့ အျခားသူတစ္ေယာက္ကို ေရာင္းခ်ႏုိင္ဖို႕အတြက္ မွန္းထားပါတယ္။ တကယ္လို႕မ်ား Intel ကသာ ၀ယ္သူကိုရွာႏုိင္ခဲ့မယ္ဆိုရင္ေတာ့ ေဒၚလာေပါင္းမ်ားစြာကို ရွာေပးႏုိင္မယ့္လုပ္ငန္းလည္း ျဖစ္ပါတယ္။

Intel ဟာ ေရာင္းခ်ဖို႕အတြက္ Goldman Sachs ကို တာ၀န္ေပးထားတယ္လို႕လည္း သတင္းေတြအရ သိထားပါတယ္။

Intel ဟာ သူရဲ႕ modem chip လုပ္ငန္းအတြက္ နည္းဗ်ဴဟာအသစ္ကို ရွာေဖြေနပါတယ္။ Apple ဒါမွမဟုတ္ အျခားသူတစ္ေယာက္ကိုေရာင္းဖို႕အတြက္ပါ။ အေတာ္မ်ားမ်ားရဲ႕ စိတ္၀င္စားမႈကိုလည္း ခံေနရျပီး Goldman Sachs Group Inc. ကို ငွားျပီးေတာ့ ဒီလုပ္ရပ္အတြက္ တာ၀န္ေပးထားခဲ့ပါတယ္။ Intel အတြက္ေပးလိုက္ရတဲ့ေငြထက္ေတာင္ အျမတ္မ်ားမ်ားရႏုိင္တဲ့လုပ္ငန္းမိို႕ အားလံုုးက စိတ္၀င္စားေနပါတယ္။

5G modem ေစ်းကြက္ကေန ထြက္လိုက္ေပမယ့္လည္း Intel ဟာ 4G chip ေတြကို ေရာင္းခ်ေပးေနဦးမွာပါ။ ဒီေတာ့ Apple ကလည္း Intel ကို 2019 iPhone lineup အတြက္ သံုးဦးမွာပါ။

Apple ဟာ Intel ဆီက 5G business ၀ယ္ႏုိင္ေခ်လည္း မ်ားေနပါတယ္။ ဒါဆိုရင္ သူကိုယ္တုိင္ထုတ္လုပ္လို႕ ရႏုိင္ေတာ့မွာပါ။ သူတို႕အျမဲတမ္းလုပ္ခ်င္ေနခဲ့တဲ့အရာပဲ မဟုတ္ပါလား။

Unicode Version

Apple ကတော့ Intel ရဲ့ 5G modem လုပ်ငန်းကို ဝယ်ယူဖို့အတွက် ပြောဆိုနေပြီလို့ The Wall Street Journal ကတင်ပြထားပါတယ်။ Intel ကတော့ Apple နဲ့ Qualcomm တို့ရဲ့ညှိနှိုင်းမှုကို ကြားပြီးကတည်းက မလုပ်တော့ဘူးလို့ သတင်းတွေထွက်နေခဲ့တာပါ။

သတင်းတွေအရ Apple နဲ့ Intel ဟာ 5G modem လုပ်ငန်းကို ဝယ်ယူဖို့အတွက် ပြီးခဲ့တဲ့နွေကတည်းက ပြောဆိုနေခဲ့တာပါ။ Qualcomm နဲ့ ပြုလုပ်လိုက်တဲ့ညှိနှိုင်းမှုအပြီးမှာတော့ ဒီပြောဆိုမှုကလည်း အဆုံးသတ်ရတော့မှာပါ။

Intel ကတော့ အခြားသူတစ်ယောက်ကို ရောင်းချနိုင်ဖို့အတွက် မှန်းထားပါတယ်။ တကယ်လို့များ Intel ကသာ ဝယ်သူကိုရှာနိုင်ခဲ့မယ်ဆိုရင်တော့ ဒေါ်လာပေါင်းများစွာကို ရှာပေးနိုင်မယ့်လုပ်ငန်းလည်း ဖြစ်ပါတယ်။

Intel ဟာ ရောင်းချဖို့အတွက် Goldman Sachs ကို တာဝန်ပေးထားတယ်လို့လည်း သတင်းတွေအရ သိထားပါတယ်။

Intel ဟာ သူရဲ့ modem chip လုပ်ငန်းအတွက် နည်းဗျူဟာအသစ်ကို ရှာဖွေနေပါတယ်။ Apple ဒါမှမဟုတ် အခြားသူတစ်ယောက်ကိုရောင်းဖို့အတွက်ပါ။ အတော်များများရဲ့ စိတ်ဝင်စားမှုကိုလည်း ခံနေရပြီး Goldman Sachs Group Inc. ကို ငှားပြီးတော့ ဒီလုပ်ရပ်အတွက် တာဝန်ပေးထားခဲ့ပါတယ်။ Intel အတွက်ပေးလိုက်ရတဲ့ငွေထက်တောင် အမြတ်များများရနိုင်တဲ့လုပ်ငန်းမို့ အားလုံးက စိတ်ဝင်စားနေပါတယ်။

5G modem ဈေးကွက်ကနေ ထွက်လိုက်ပေမယ့်လည်း Intel ဟာ 4G chip တွေကို ရောင်းချပေးနေဦးမှာပါ။ ဒီတော့ Apple ကလည်း Intel ကို 2019 iPhone lineup အတွက် သုံးဦးမှာပါ။

Apple ဟာ Intel ဆီက 5G business ဝယ်နိုင်ချေလည်း များနေပါတယ်။ ဒါဆိုရင် သူကိုယ်တိုင်ထုတ်လုပ်လို့ ရနိုင်တော့မှာပါ။ သူတို့အမြဲတမ်းလုပ်ချင်နေခဲ့တဲ့အရာပဲ မဟုတ်ပါလား။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.