Huawei ရဲ႕ပထမဆံုး popup သံုးဖုန္းျဖစ္လာမယ့္ P Smart Z

0
7

Zawgyi Version

Huawei ဟာ စမတ္ဖုန္းကင္မရာေတြမွာ ဦးေဆာင္ထားႏုိင္ေနတဲ့အခ်ိန္မွာ လက္ရွိေခတ္စားေနတဲ့ေရစီးေၾကာင္းထဲကို ျဖည္းညွင္းစြာ ၀င္ေရာက္လာပါတယ္။ Honor မွာလည္း slider ေတြ၊ punch-hole ေတြ ျမင္ရမွာပါ။ ဒီလိုေျပာင္းလဲမႈေလးေတြကို အစျပဳတဲ့အေနနဲ႕ Huawei P Smart Z ကို မိတ္ဆက္လိုက္ပါတယ္။ popup camera design နဲ႕ ထြက္ရွိလာမယ့္ ပထမဆံုးေသာ Huawei-branded ဖုန္းတစ္လံုးျဖစ္လာပါတယ္။ Huawei ဟာ ေနာက္က်ေနျပီလို႕ ဆိုေကာင္းဆုုိႏုိင္ပါတယ္။ ထုတ္လုပ္သူအမ်ားစုက   slider နဲ႕ popup ေတြ လုပ္ေဆာင္ေနၾကပါတယ္။ ပထမဆံုး စလုပ္ခဲ့သူထဲမွာ OPPO လည္း ပါ၀င္ပါတယ္။ အခုဆိုရင္ OPPO Reno ဟာ ပီေကဘူးေဖာက္သလိုပံုစံေလးနဲ႕ စမ္းထားတာကို ေတြ႕ျမင္ေနရပါတယ္။ P Smart Z ကေတာ့ Huawei အတြက္ ပထမဆံုးျဖစ္ပါတယ္။

LetsGoDigital တင္ျပေပးထားတဲ့ပံုအရဆိုရင္ေတာ့ ၾကည့္ရတာ အဆင္ေျပပါတယ္။ မ်က္ႏွာျပင္ကေတာ့ ၆.၅၉လက္မ 2340×1080 screen ျဖစ္ျပီးေတာ့ ေဘးေဘာင္ေတြဟာ မရွိသေလာက္ပါပဲ။ ျမင့္တက္လာမယ့္ကင္မရာေလးကေတာ့ 16 megapixel camera ၊ f/2.0 lens ပါ၀င္မွာပါ။

Huawei P Smart Z ကေတာ့ mid-range ဖုန္းဆိုတာထက္ ပိုပါတယ္။ Android 9 Pie ၊ Kirin 710 ၊ 4 GB RAM ၊ 64 GB မမ္မိုရီတို႕ကို ထည့္သြင္းေပးထားပါတယ္။ 4,000 mAh ဘတ္ထရီလည္းပါ၀င္လို႕ တစ္ေန႕တာအသံုးျပဳကို စိတ္ခ်ရေစမွာပါ။ အေနာက္ဘက္မွာ ကင္မရာႏွစ္လံုးတပ္ဆင္ထားျပီး 16 megapixel f/1.8 main sensor ၊ 2 megapixel camera တို႕ကို ထည့္သြင္းေပးထားပါတယ္။

Huawei P Smart Z ေလးကို ဘယ္အခ်ိန္မွာ ျမင္ရႏုိင္လဲဆိုတာမသိရေသးပါဘူး။ ေစ်းႏႈန္းကေတာ့ ေဒၚလာ၂၃၄ေလာက္ မွန္းထားပါတယ္။ ယူအက္စ္ကိုေတာ့ ၀င္ဖို႕နည္းပါတယ္။

Unicode Version

Huawei ဟာ စမတ်ဖုန်းကင်မရာတွေမှာ ဦးဆောင်ထားနိုင်နေတဲ့အချိန်မှာ လက်ရှိခေတ်စားနေတဲ့ရေစီးကြောင်းထဲကို ဖြည်းညှင်းစွာ ဝင်ရောက်လာပါတယ်။ Honor မှာလည်း slider တွေ၊ punch-hole တွေ မြင်ရမှာပါ။ ဒီလိုပြောင်းလဲမှုလေးတွေကို အစပြုတဲ့အနေနဲ့ Huawei P Smart Z ကို မိတ်ဆက်လိုက်ပါတယ်။ popup camera design နဲ့ ထွက်ရှိလာမယ့် ပထမဆုံးသော Huawei-branded ဖုန်းတစ်လုံးဖြစ်လာပါတယ်။ Huawei ဟာ နောက်ကျနေပြီလို့ ဆိုကောင်းဆိုနိုင်ပါတယ်။ ထုတ်လုပ်သူအများစုက   slider နဲ့ popup တွေ လုပ်ဆောင်နေကြပါတယ်။ ပထမဆုံး စလုပ်ခဲ့သူထဲမှာ OPPO လည်း ပါဝင်ပါတယ်။ အခုဆိုရင် OPPO Reno ဟာ ပီကေဘူးဖောက်သလိုပုံစံလေးနဲ့ စမ်းထားတာကို တွေ့မြင်နေရပါတယ်။ P Smart Z ကတော့ Huawei အတွက် ပထမဆုံးဖြစ်ပါတယ်။

LetsGoDigital တင်ပြပေးထားတဲ့ပုံအရဆိုရင်တော့ ကြည့်ရတာ အဆင်ပြေပါတယ်။ မျက်နှာပြင်ကတော့ ၆.၅၉လက်မ 2340×1080 screen ဖြစ်ပြီးတော့ ဘေးဘောင်တွေဟာ မရှိသလောက်ပါပဲ။ မြင့်တက်လာမယ့်ကင်မရာလေးကတော့ 16 megapixel camera ၊ f/2.0 lens ပါဝင်မှာပါ။

Huawei P Smart Z ကတော့ mid-range ဖုန်းဆိုတာထက် ပိုပါတယ်။ Android 9 Pie ၊ Kirin 710 ၊ 4 GB RAM ၊ 64 GB မမ်မိုရီတို့ကို ထည့်သွင်းပေးထားပါတယ်။ 4,000 mAh ဘတ်ထရီလည်းပါဝင်လို့ တစ်နေ့တာအသုံးပြုကို စိတ်ချရစေမှာပါ။ အနောက်ဘက်မှာ ကင်မရာနှစ်လုံးတပ်ဆင်ထားပြီး 16 megapixel f/1.8 main sensor ၊ 2 megapixel camera တို့ကို ထည့်သွင်းပေးထားပါတယ်။

Huawei P Smart Z လေးကို ဘယ်အချိန်မှာ မြင်ရနိုင်လဲဆိုတာမသိရသေးပါဘူး။ ဈေးနှုန်းကတော့ ဒေါ်လာ၂၃၄လောက် မှန်းထားပါတယ်။ ယူအက်စ်ကိုတော့ ဝင်ဖို့နည်းပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.