၆.၅၃ လက္မ FHD+ Display ပါလာတဲ့ OPPO A9

0
132




Ref : gsmarena

unicode

၆.၅၃ လကျမ FHD+ Display ပါလာတဲ့ OPPO A9

တရုတ်မှာ OPPO A9 ကို ကြေညာလိုက်ပါတယ်။ သူ့မှာ ၆.၅၃ လက်မ Full HD+ Notched Display ထည့်သွင်းထားပါတယ်။ Screen-to-body Ratio မှာ ၉၀.၇ ရာခိုင်းနှုန်းပါ။ Helio P70 SoC ကို 6GB RAM နဲ့ တွဲဖက်ထားပါတယ်။

သူ့ရဲ့ အနောက်ဘက်မှာ 16MP+2MP Dual Camera ထည့်သွင်းပေးထားပါတယ်။ ကင်မရာမှာ AI Scene Recognition ထောက်ပံ့ထားပါတယ်။ အရှေ့ဘက်မှာ 16MP Camera ပါပါတယ်။ Android Pie အခြေပြု ColorOS 6.0 မောင်းနှင်ထားပါတယ်။

3D Gradient Design ကို အသုံးပြုထားပြီး အရောင် ၃ မျိုးထုတ်လုပ်ပေးထားပါတယ်။ Mica Green , Ice Jade White နဲ့ Fluorite Purple များ ဖြစ်ပါတယ်။ GameBoost 2.0 ပါတဲ့ အတွက် ဂိမ်းများကစားရင် ချောမွတ်ပါတယ်။ အနောက်ဘက်မှာ လက်ဗွေရာ အာရုံခံ ကိရိယာ ထည့်ထားပါတယ်။ ဘက်ထရီက 4020mAh ဖြစ်ပါတယ်။ တရုတ်မှာ ဒီလ ၃၀ ရက်မှာ ရောင်းမှာပါ။ ယွမ် ၁၇၉၉ သတ်မှတ်ထားပြီး ၂၆၆ ဒေါ်လာ ကျသင့်ပါတယ်။

Ref : gsmarena

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.