၁၇ လက္မ Galaxy View 2 ကို Samsung ေၾကညာ

0
8

Samsung က TV လိုပါ သံုးႏုိင္မယ့္ အရြယ္ႀကီး တက္ဘလက္ကို ေၾကညာလိုက္ပါတယ္။ သူ႔ရဲ႕ အမည္က Galaxy View 2 ျဖစ္ပါတယ္။ သူ႔မွာ ၁၇ လက္မ Full HD Display တပ္ဆင္ထားပါတယ္။ သူဟာ Portable TV လို႔ ေျပာႏုိင္သလို အရြယ္ႀကီး တက္ဘလက္လည္း ျဖစ္ပါတယ္။ လ ၂၀ အရစ္က်သြင္းရင္ တစ္လ ၃၇ ေဒၚလာ က်သင့္မွာပါ။ အဲဒီအတြက္ ၇၄၀ ေဒၚလာ တန္ေၾကးရွိပါတယ္။ ဒီလ ၂၆ ရက္မွာ AT&T ကေန စတင္ ေရာင္းခ်ေပးလိုက္ပါၿပီ။

သူ႔မွာ Octa-core 1.6GHz Exynos 7884 Chipset , 3GB RAM , 64GB Storage မ်ား ပါပါတယ္။ ဘက္ထရီက အလန္းစား 12000mAh ျဖစ္ပါတယ္။ အေရွ႕ဘက္မွာ 5MP Camera ထည့္ထားေပးထားပါတယ္။   ၁၇ လက္မ တက္ဘလက္နဲ႔ ဓါတ္ပံု ရိုက္ဖို႔က အဆင္မေျပတဲ့ အတြက္ အေနာက္ ကင္မရာ မထည့္ေပးထားပါဘူး။

WiFi ဆက္သြယ္မႈ မပါဘဲ LTE ဆက္သြယ္မႈသာ ထည့္ထားေပးပါတယ္။ Dolby Atmos ပါတဲ့ စပီကာ ေလးလံုး ထည့္သြင္းထားပါတယ္။ ရုပ္ရွင္၊ ဗီဒီယိုမ်ား ၾကည့္ဖို႔ အေကာင္းဆံုး တက္ဘလက္ တစ္လံုး ျဖစ္ပါတယ္။ ၂၀၁၅ ခုႏွစ္ထုတ္ Galaxy View ကို ၅၉၉ ေဒၚလာနဲ႔ ေရာင္းခ်ခဲ့တဲ့ အတြက္ ဒုတိယမ်ိဳးဆက္က ပိုေစ်းႀကီးလာပါတယ္။

Specs မ်ားအရ သူဟာ စြမ္းေဆာင္ရည္သင့္ တက္ဘလက္ ျဖစ္ပါတယ္။ အေမရိကန္မွ AT&T ကို သံုးသူမ်ားအတြက္ Galaxy View 2 မွာ NumberSync ကို သံုးႏုိင္ပါတယ္။ သင့္ ဖုန္း နံပါတ္ကို အသံုးျပဳၿပီး တက္ဘလက္ကေန ဖုန္း ေခၚျခင္း၊ ဖုန္း လက္ခံျခင္းမ်ားကို ျပဳလုပ္ႏုိင္ပါတယ္။

unicode

၁၇ လက်မ Galaxy View 2 ကို Samsung ကြေညာ

Samsung က TV လိုပါ သုံးနိုင်မယ့် အရွယ်ကြီး တက်ဘလက်ကို ကြေညာလိုက်ပါတယ်။ သူ့ရဲ့ အမည်က Galaxy View 2 ဖြစ်ပါတယ်။ သူ့မှာ ၁၇ လက်မ Full HD Display တပ်ဆင်ထားပါတယ်။ သူဟာ Portable TV လို့ ပြောနိုင်သလို အရွယ်ကြီး တက်ဘလက်လည်း ဖြစ်ပါတယ်။ လ ၂၀ အရစ်ကျသွင်းရင် တစ်လ ၃၇ ဒေါ်လာ ကျသင့်မှာပါ။ အဲဒီအတွက် ၇၄၀ ဒေါ်လာ တန်ကြေးရှိပါတယ်။ ဒီလ ၂၆ ရက်မှာ AT&T ကနေ စတင် ရောင်းချပေးလိုက်ပါပြီ။

သူ့မှာ Octa-core 1.6GHz Exynos 7884 Chipset , 3GB RAM , 64GB Storage များ ပါပါတယ်။ ဘက်ထရီက အလန်းစား 12000mAh ဖြစ်ပါတယ်။ အရှေ့ဘက်မှာ 5MP Camera ထည့်ထားပေးထားပါတယ်။ ၁၇ လက်မ တက်ဘလက်နဲ့ ဓါတ်ပုံ ရိုက်ဖို့က အဆင်မပြေတဲ့ အတွက် အနောက် ကင်မရာ မထည့်ပေးထားပါဘူး။

WiFi ဆက်သွယ်မှု မပါဘဲ LTE ဆက်သွယ်မှုသာ ထည့်ထားပေးပါတယ်။ Dolby Atmos ပါတဲ့ စပီကာ လေးလုံး ထည့်သွင်းထားပါတယ်။ ရုပ်ရှင်၊ ဗီဒီယိုများ ကြည့်ဖို့ အကောင်းဆုံး တက်ဘလက် တစ်လုံး ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်ထုတ် Galaxy View ကို ၅၉၉ ဒေါ်လာနဲ့ ရောင်းချခဲ့တဲ့ အတွက် ဒုတိယမျိုးဆက်က ပိုဈေးကြီးလာပါတယ်။

Specs များအရ သူဟာ စွမ်းဆောင်ရည်သင့် တက်ဘလက် ဖြစ်ပါတယ်။ အမေရိကန်မှ AT&T ကို သုံးသူများအတွက် Galaxy View 2 မှာ NumberSync ကို သုံးနိုင်ပါတယ်။ သင့် ဖုန်း နံပါတ်ကို အသုံးပြုပြီး တက်ဘလက်ကနေ ဖုန်း ခေါ်ခြင်း၊ ဖုန်း လက်ခံခြင်းများကို ပြုလုပ်နိုင်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.