Quad-Camera ပါတဲ့ Lenovo Z6 Pro ကို ေၾကညာၿပီ

0
140

အေနာက္ကင္မရာ ၄ လံုးပါမယ္လို႔ သတင္းေတြထြက္ေနတဲ့ Lenovo Z6 Pro ကို တရား၀င္ ေၾကညာလိုက္ပါၿပီ။ သူဟာ ယခင္ႏွစ္ ႏို၀င္ဘာလထုတ္ Lenovo Z5 Pro ရဲ႕ မ်ိဳးဆက္ ျဖစ္ပါတယ္။ ဒါေပမယ့္ Slider Design အစား အရြယ္ေသး Notch ကို အသံုးျပဳထားပါတယ္။ တရုတ္မွာ ေၾကညာလိုက္တာ ျဖစ္ၿပီး သူဟာ စြမ္းေဆာင္ရည္ျမင့္ စမတ္ဖုန္း ျဖစ္ပါတယ္။

အေနာက္နဲ႔ အေရွ႕ဘက္ကို Gorilla Glass နဲ႔ ကာကြယ္ထားပါတယ္။ အေနာက္ကင္မရာ ၄ လံုးကို AI က ေထာက္ပံ့ထားပါတယ္။ ေနာက္မ်ိဳးဆက္ မ်က္ႏွာျပင္ေအာက္  လက္ေဗြရာ ကိရိယာ ျမွပ္ႏွံထားပါတယ္။ ဖုန္းကို အပူမလြန္ကဲေစတဲ့ Liquid-cooling System ထည့္သြင္းထားပါတယ္။ Qualcomm ရဲ႕ ေနာက္ဆံုးထုတ္ Snapdragon 855 SoC ေမာင္းႏွင္ထားပါတယ္။

16MP Wide-angle , 48MP , 8MP Telephoto , 2MP မ်ားကို အထက္ကေန ေအာက္သို႔ အစဥ္လိုက္ တပ္ထားပါတယ္။ အေရွ႕ဘက္မွာ 32MP Selfie Camera ထည့္ထားပါတယ္။ AI Photos, Hyper Video , Super Night Scene, Super Macro , Super Wide Angle စတဲ့ လုပ္ေဆာင္ခ်က္မ်ားစြာ ပါပါတယ္။ အနီနဲ႔ အစိမ္းေရာင္မ်ား ေရြးခ်ယ္ႏုိင္ပါတယ္။

ZUI 11 ထည့္ေပးထားပါတယ္။ ဒီလ ၂၉ ရက္ေန႔မွာ တရုတ္တြင္ JD.com , TMall နဲ႔ လီႏိုဗိုရဲ႕ စတိုးကေန ၀ယ္ယူႏုိင္ပါတယ္။  6/128GB ကို ၄၃၀ ေဒၚလာ၊ 8/128GB ကို ၄၅၀ ေဒၚလာနဲ႔ 12/512GB ကို ၇၁၅ ေဒၚလာ သတ္မွတ္ထားပါတယ္။

unicode

Quad-Camera ပါတဲ့ Lenovo Z6 Pro ကို ကြေညာပြီ

အနောက်ကင်မရာ ၄ လုံးပါမယ်လို့ သတင်းတွေထွက်နေတဲ့ Lenovo Z6 Pro ကို တရားဝင် ကြေညာလိုက်ပါပြီ။ သူဟာ ယခင်နှစ် နိုဝင်ဘာလထုတ် Lenovo Z5 Pro ရဲ့ မျိုးဆက် ဖြစ်ပါတယ်။ ဒါပေမယ့် Slider Design အစား အရွယ်သေး Notch ကို အသုံးပြုထားပါတယ်။ တရုတ်မှာ ကြေညာလိုက်တာ ဖြစ်ပြီး သူဟာ စွမ်းဆောင်ရည်မြင့် စမတ်ဖုန်း ဖြစ်ပါတယ်။

အနောက်နဲ့ အရှေ့ဘက်ကို Gorilla Glass နဲ့ ကာကွယ်ထားပါတယ်။ အနောက်ကင်မရာ ၄ လုံးကို AI က ထောက်ပံ့ထားပါတယ်။ နောက်မျိုးဆက် မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ မြှပ်နှံထားပါတယ်။ ဖုန်းကို အပူမလွန်ကဲစေတဲ့ Liquid-cooling System ထည့်သွင်းထားပါတယ်။ Qualcomm ရဲ့ နောက်ဆုံးထုတ် Snapdragon 855 SoC မောင်းနှင်ထားပါတယ်။

16MP Wide-angle , 48MP , 8MP Telephoto , 2MP များကို အထက်ကနေ အောက်သို့ အစဉ်လိုက် တပ်ထားပါတယ်။ အရှေ့ဘက်မှာ 32MP Selfie Camera ထည့်ထားပါတယ်။ AI Photos, Hyper Video , Super Night Scene, Super Macro , Super Wide Angle စတဲ့ လုပ်ဆောင်ချက်များစွာ ပါပါတယ်။ အနီနဲ့ အစိမ်းရောင်များ ရွေးချယ်နိုင်ပါတယ်။

ZUI 11 ထည့်ပေးထားပါတယ်။ ဒီလ ၂၉ ရက်နေ့မှာ တရုတ်တွင် JD.com , TMall နဲ့ လီနိုဗိုရဲ့ စတိုးကနေ ဝယ်ယူနိုင်ပါတယ်။ 6/128GB ကို ၄၃၀ ဒေါ်လာ၊ 8/128GB ကို ၄၅၀ ဒေါ်လာနဲ့ 12/512GB ကို ၇၁၅ ဒေါ်လာ သတ်မှတ်ထားပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.