Apple AirPods 3 ကို ဒီနှစ်မကုန်ခင် တွေ့မြင်ရနိုင်

0
7

Zawgyi Version





Unicode Version

AirPods 2 အသစ်လေးကို ပြီးခဲ့တဲ့လက launch လုပ်ခဲ့တာပါ။ အခုလည်း Apple AirPods 3 ကို ၂၀၁၉အကုန်လောက်မှာ မြင်ရနိုင်တယ်လို့ သတင်းတွေထွက်နေပြန်ပါပြီ။

Ming Chi Kuo ရဲ့ တင်ပြချက်အရ Apple ဟာ AirPods ဗားရှင်းနှစ်မျိုးထုတ်နေပြီး တစ်မျိုးကို ၂၀၁၉ အကုန်နဲ့ နောက်တစ်မျိုးကို ၂၀၂၀ အစောပိုင်းမှာ တွေ့မြင်ရနိုင်တယ်လို့ ပြောထားပါတယ်။

ကျွန်တော်တို့ကတော့ ၂၀၁၉အကုန်ပိုင်းလောက်မှာ နှစ်မျိုးလုံးကို တွေ့မြင်ရနိုင်တယ်လို့ မှန်းပါတယ်။ တစ်မျိုးကတော့ all-new form factor design ကို တန်ဖိုးခပ်မြင့်မြင့်နဲ့ပါ။ နောက်တစ်ခုကတော့ သွင်ပြင်နဲ့ ဈေးနှုန်းက လက်ရှိမော်ဒယ်လ်လောက်ပါပဲ။ AirPods အသစ်တွေရဲ့ အတွင်းပိုင်းဒီဇိုင်းက လက်ရှိ “SMT+RFPCB” design ကို မှေးမှိန်သွားစေမှာဖြစ်ပြီး SiP design ကို သင့်တင့်အောင် ပြောင်းလဲပေးနိုင်မှာပါ။ ဒါကြောင့် အတွင်းပိုင်းနေရာတွေကို လျှော့ချနိုင်ပြီး ဈေးလည်းသက်သာစေမှာပါ။

AirPods အသစ်တစ်လုံးဟာ ဒီဇိုင်းအသစ်နဲ့ ထွက်ပေါ်လာမှာဖြစ်လို့ ၂၀၂၀ မှာ မြင်ရနိုင်ပါတယ်။ ဘယ်လိုမျိုးတွေ feature တွေ ပါဝင်မလဲဆိုတာကတော့ မသိရသေးပါဘူး။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.