unicode
အနောက်ကင်မရာ ၃ လုံးပါတဲ့ Y17 ကို Vivo မိတ်ဆက်
အနောက်ဘက်မှာ AI Triple Camera ၃ လုံး တပ်ဆင်ထားတဲ့ Vivo Y17 ကို အိန္ဒိယမှာ ကြေညာလိုက်ပါတယ်။ 13MP rear camera , 2MP secondary camera, 8MP ultra-wide angle lens များကို အနောက်ဘက်မှာ တပ်ဆင်ထားပါတယ်။ 16MP front-facing camera ပါပါတယ်။
သူ့မှာ 6.35-inch (1544×720 pixels) HD+ FullView Display ထည့်သွင်းထားပြီး မျက်နှာပြင် အချိုးမှာ 19.3:9 ဖြစ်ပါတယ်။ မျက်နှာပြင် အမျိုးအစားက IPS ဖြစ်ပါတယ်။ 2.3GHz Octa-Core MediaTek Helio P35 မောင်းနှင်ထားပါတယ်။ 4GB RAM, 128GB internal memory ပါပါတယ်။ 256GB အထိ ဝင်ဆန့်တဲ့ microSD Card စိုက်နိုင်ပါတယ်။ အနောက်ကိုယ်ထည်က တောက်ပြောင်ပါတယ်။ 18W Dual-Engine Fast Charging ပါတဲ့ 5000mAh Battery ပါပါတယ်။ Dual SIM Phone ဖြစ်ပါတယ်။
အနောက်ဘက်မှာ လက်ဗွေရာ အာရုံခံ ကိရိယာ ထည့်သွင်းထားပါတယ်။ Android Pie အခြေပြု Funtouch OS ပါပါတယ်။ သူဟာ စွမ်းဆောင်ရည်သင့် စမတ်ဖုန်း ဖြစ်ပါတယ်။ အပြာနဲ့ ခရမ်းရောင်များ ထုတ်လုပ်ထားပြီး ရူပီး ၁၇ ၉၉၀ သတ်မှတ်ထားပါတယ်။ လက်ရှိငွေလဲလှယ်နှုန်းအရ မြန်မာငွေ ၄ သိန်းလောက် ကျသင့်နိုင်ပါတယ်။