ဗိုက္က အဆီေတြကို Six Pack ျဖစ္ေအာင္ ခြဲစိတ္ႏုိင္ၿပီ

0
756

Six Pack လိုခ်င္တဲ့ အမ်ိဳးသားေတြ၊ ဗိုက္ခ်ပ္ခ်င္တဲ့ အမ်ိဳးသမီးေတြ အတြက္ သတင္းေကာင္းပါ။ ဗိုက္က အဆီေတြကို Six Pack အျဖစ္ ျပဳလုပ္ေပးႏိုင္တဲ့ ခြဲစိတ္နည္းတစ္ခုကို ေအာင္ျမင္စြာ တီထြင္လိုက္ႏုိင္ပါၿပီ။ ဒီနည္းလမ္းမွာ ခြဲစိတ္ဆရာ၀န္မ်ားက ဗိုက္က အဆီ အလႊာမ်ားကို ၾကြက္သား လိုင္းမ်ား ပံုသ႑ာန္ ျဖစ္ေအာင္ ျပဳလုပ္ေပးတာ ျဖစ္ပါတယ္။ အမ်ိဳးသားမ်ားအတြက္ အလ်ားလိုက္ လိုင္း ၆ ခုနဲ႔ အမ်ိဳးသမီးမ်ားအတြက္ ေဒါင္လိုက္ လိုင္း ၃ ခု ျပဳလုပ္ေပးပါတယ္။ လိုင္းေၾကာင္းမ်ားရဲ႕ အတိမ္၊ အနက္ ၊  ၾကြက္သားမ်ားရဲ႕ ပံုသ႑ာန္နဲ႔ အေပ်ာ့၊ အမာမ်ားကိုလည္း ႏွစ္သက္သလိုျပဳလုပ္ႏုိင္ပါတယ္။

ပ်မ္းမွ် အသက္ ၂၆ ႏွစ္အရြယ္ အမ်ိဳးသား ၂၆ ေယာက္နဲ႔ အမ်ိဳးသမီး ၂၄ ေယာက္တို႔အား ဒီနည္းလမ္းနဲ႔ ေအာင္ျမင္စြာ ခြဲစိတ္စမ္းသပ္ၿပီးျဖစ္တယ္လို႔ သိရပါတယ္။ ဒီနည္းလမ္းကို တီထြင္တာက    မိုင္ယာမီ တကၠသိုလ္ရဲ႕ Leonard M. Miller School of Medicine မွ သုေတသနပညာရွင္မ်ား ျဖစ္ပါတယ္။ ဒီနည္းပညာကို Abdominal Etching လို႔ အမည္ေပးထားပါတယ္။

အဆီေတြကို စုပ္ထုတ္တဲ့ Liposuction နည္းလမ္းထက္ ဒီနည္းလမ္းက ပိုထိေရာက္ပါတယ္။ Gym ကစားျခင္း၊ ေလ့က်င့္ခန္း ျပဳလုပ္ျခင္းျဖင့္လည္း ဗိုက္ကအဆီမ်ားကို ဖယ္ရွားႏုိင္ပါတယ္။ ဒါေပမယ့္ ေလ့က်င့္ခန္း လုပ္ဖို႔ အခ်ိန္မရသူမ်ားအတြက္ေတာ့ ဒီနည္းလမ္းကို ေရြးခ်ယ္ႏုိင္ပါတယ္။ Six Pack ေတာင္ ရသြားတာကလည္း အက်ိဳးေက်းဇူး တစ္ခု ျဖစ္ပါတယ္။ အမ်ိဳးသမီးမ်ားအတြက္လည္း ၀မ္းဗိုက္ဟာ ခ်ပ္ရပ္လွပလာမွာ ျဖစ္ပါတယ္။

အဲဒီ ခြဲစိတ္မႈ ခံယူၿပီးရင္ေတာ့ Six Pack အလွ မပ်က္ေအာင္ အဆီမ်ားတဲ့ အစားအစာမ်ားကို ေရွာင္ၾကဥ္သင့္ပါတယ္။ ဒါ့အျပင္ ေလ့က်င့္ခန္းလုပ္ႏိုင္ရင္လည္း ပိုေကာင္းပါတယ္။ အစားမေရွာင္၊ ေလ့က်င့္ခန္း မလုပ္ရင္ Six Pack က ၾကာလာရင္ ပံုပ်က္သြားႏုိင္ပါတယ္။

unicode

ဗိုက်က အဆီတွေကို Six Pack ဖြစ်အောင် ခွဲစိတ်နိုင်ပြီ

Six Pack လိုချင်တဲ့ အမျိုးသားတွေ၊ ဗိုက်ချပ်ချင်တဲ့ အမျိုးသမီးတွေ အတွက် သတင်းကောင်းပါ။ ဗိုက်က အဆီတွေကို Six Pack အဖြစ် ပြုလုပ်ပေးနိုင်တဲ့ ခွဲစိတ်နည်းတစ်ခုကို အောင်မြင်စွာ တီထွင်လိုက်နိုင်ပါပြီ။ ဒီနည်းလမ်းမှာ ခွဲစိတ်ဆရာဝန်များက ဗိုက်က အဆီ အလွှာများကို ကြွက်သား လိုင်းများ ပုံသဏ္ဍာန် ဖြစ်အောင် ပြုလုပ်ပေးတာ ဖြစ်ပါတယ်။ အမျိုးသားများအတွက် အလျားလိုက် လိုင်း ၆ ခုနဲ့ အမျိုးသမီးများအတွက် ဒေါင်လိုက် လိုင်း ၃ ခု ပြုလုပ်ပေးပါတယ်။ လိုင်းကြောင်းများရဲ့ အတိမ်၊ အနက် ၊ ကြွက်သားများရဲ့ ပုံသဏ္ဍာန်နဲ့ အပျော့၊ အမာများကိုလည်း နှစ်သက်သလိုပြုလုပ်နိုင်ပါတယ်။

ပျမ်းမျှ အသက် ၂၆ နှစ်အရွယ် အမျိုးသား ၂၆ ယောက်နဲ့ အမျိုးသမီး ၂၄ ယောက်တို့အား ဒီနည်းလမ်းနဲ့ အောင်မြင်စွာ ခွဲစိတ်စမ်းသပ်ပြီးဖြစ်တယ်လို့ သိရပါတယ်။ ဒီနည်းလမ်းကို တီထွင်တာက မိုင်ယာမီ တက္ကသိုလ်ရဲ့ Leonard M. Miller School of Medicine မှ သုတေသနပညာရှင်များ ဖြစ်ပါတယ်။ ဒီနည်းပညာကို Abdominal Etching လို့ အမည်ပေးထားပါတယ်။

အဆီတွေကို စုပ်ထုတ်တဲ့ Liposuction နည်းလမ်းထက် ဒီနည်းလမ်းက ပိုထိရောက်ပါတယ်။ Gym ကစားခြင်း၊ လေ့ကျင့်ခန်း ပြုလုပ်ခြင်းဖြင့်လည်း ဗိုက်ကအဆီများကို ဖယ်ရှားနိုင်ပါတယ်။ ဒါပေမယ့် လေ့ကျင့်ခန်း လုပ်ဖို့ အချိန်မရသူများအတွက်တော့ ဒီနည်းလမ်းကို ရွေးချယ်နိုင်ပါတယ်။ Six Pack တောင် ရသွားတာကလည်း အကျိုးကျေးဇူး တစ်ခု ဖြစ်ပါတယ်။ အမျိုးသမီးများအတွက်လည်း ဝမ်းဗိုက်ဟာ ချပ်ရပ်လှပလာမှာ ဖြစ်ပါတယ်။

အဲဒီ ခွဲစိတ်မှု ခံယူပြီးရင်တော့ Six Pack အလှ မပျက်အောင် အဆီများတဲ့ အစားအစာများကို ရှောင်ကြဉ်သင့်ပါတယ်။ ဒါ့အပြင် လေ့ကျင့်ခန်းလုပ်နိုင်ရင်လည်း ပိုကောင်းပါတယ်။ အစားမရှောင်၊ လေ့ကျင့်ခန်း မလုပ်ရင် Six Pack က ကြာလာရင် ပုံပျက်သွားနိုင်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.