Enterprise Social Trending

ကိုရီးယားမွာ LG ရဲ႕ မိုဘိုင္းထုတ္လုပ္မႈကို ရပ္ဆုိင္း

Zawgyi Version

ဒီေန႕ေခတ္ရဲ႕ Android စမတ္ဖုန္းသတင္းေတြကေတာ့ Galaxy Fold ကြဲအက္သြားျခင္း၊ P30 Pro ရဲ႕ ကင္မရာေကာင္းေၾကာင္းေတြနဲ႕ ျပည့္ႏွက္ေနပါတယ္။ Sony ၊ HTC တို႕ကေတာ့ အာရံုစိုက္ခံရဖို႕ေတာင္ မနည္းၾကိဳးစားေနရပါတယ္။ LG ကေတာ့ ေတာင္ကိုရီးယားမွာရွိတဲ့စက္ရံုကေန မိုဘိုင္းလ္ဖုန္းေတြထုတ္လုပ္မႈကို ရပ္ဆိုင္းထားတယ္လို႕ သိရပါတယ္။ အျခားေနရာေတြမွာ ဆက္လက္ထုတ္လုပ္ေနေပမယ့္လည္း ဒီလိုရပ္ဆုိင္းလိုက္ျခင္းက သူ႕ရဲ႕လုပ္ငန္းအေျခအေနကို ေမးခြန္းထုတ္စရာျဖစ္လာပါတယ္။

ဒါဟာ သတင္းတစ္ခုေတာ့မဟုတ္ေပမယ့္လည္း LG ဟာ ႏွစ္ႏွစ္ေလာက္ စမတ္ဖုန္းလုပ္ငန္းကေန အျမတ္ရေအာင္ မလုပ္ထားႏုိင္ခဲ့ပါဘူး။ Sony နဲ႕မတူကေတာ့ Sony ဟာ စမတ္ဖုန္းေတြကို အားမစိုက္လည္းရေနတဲ့အေျခအေနပါ။ HTC ဆိုရင္လည္း စမတ္ဖုန္းထက္ VR ပိုင္းကို သြားေနပါတယ္။ LG ကေတာ့ ပိုေကာင္းေအာင္ၾကိဳးစားေနရင္း အျမတ္ေငြေတြကို ဆံုးရွံဳးေနရတာပါ။ ဒါဟာ အလုပ္မျဖစ္ေတာ့ဘူးနဲ႕တူပါတယ္။

LG ဖုန္းေတြရဲ႕ စိတ္ေက်နပ္စရာမေကာင္းတဲ့ေရာင္းအားကလည္း လွ်ိဳ႕၀ွက္မႈေတြနဲ႕ ျပည့္ေနပါတယ္။ ဖုန္းေကာင္းေတြထုတ္လုပ္ေနျပီးေတာ့ သံုးသပ္သူေတြၾကားမွာ နာမည္ေကာင္းရခဲ့ပါတယ္။ ဒါေပမယ့္လည္း bootloop အခက္မခဲေတြၾကံဳေတြေနရပါတယ္။ ဒါေပမယ့္ ျခံဳလိုက္ရင္ ျပိဳင္ဘက္ေတြနဲ႕ ယွဥ္လို႕ေတာ့ ရေနပါေသးတယ္။ စိတ္မေကာင္းစရာတစ္ခုကေတာ့ feature နဲ႕ မားကတ္တင္းပိုင္းမွာ ျပတ္က်န္ေနခဲ့တာပါ။

ကိုရီးယားမီဒီယာရဲ႕ သတင္းေဖာ္ျပခ်က္အရ ကိုရီးယားမွာ ထုတ္လုပ္မႈေတြကို ရပ္ဆုိင္းထားပါတယ္။ ဒီလုိလုပ္လိုက္ျခင္းအားျဖင့္ ထုတ္လုပ္မႈစရိတ္ေတြ အေတာ္ေလးေလွ်ာ့ခ်ႏုိင္သြားပါတယ္။ LG က အတည္ျပဳမထားေသးေပမယ့္လည္း သတင္းရထားတဲ့ေနရာကေတာ့ အဲဒီစက္ရံုကို ဗီယက္နမ္ေျပာင္းမယ္လို႕လည္း ၾကားထားတယ္လို႕ဆိုေနပါတယ္။ ေတာင္ကိုရီးယားစက္ရံုကို ရပ္ဆုိင္းထားျခင္းက အေျဖရွိပါတယ္။ LG ဟာ ဗီယက္နမ္မွာ စက္ရံုေတြရွိျပီးေတာ့ တရုတ္၊ ဘရာဇီး၊ အိႏၵိယမွာလည္း ရွိေနပါတယ္။ ကိုရီးယားကဟာ G နဲ႕ V စီးရီးေတြလို အျမင့္ဖုန္းေတြထုတ္လုပ္တဲ့ေနရာပါ။ ဗီယက္နမ္ကသာ လိုအပ္တဲ့ကုန္က်စရိတ္ကို ျဖည့္တင္းႏုိင္ျခင္းမရွိရင္ အျမင့္စားစမတ္ဖုန္းေတြကို ေလွ်ာ့ထုတ္ရေတာ့မွာေပ့ါ။

Unicode Version

ဒီနေ့ခေတ်ရဲ့ Android စမတ်ဖုန်းသတင်းတွေကတော့ Galaxy Fold ကွဲအက်သွားခြင်း၊ P30 Pro ရဲ့ ကင်မရာကောင်းကြောင်းတွေနဲ့ ပြည့်နှက်နေပါတယ်။ Sony ၊ HTC တို့ကတော့ အာရုံစိုက်ခံရဖို့တောင် မနည်းကြိုးစားနေရပါတယ်။ LG ကတော့ တောင်ကိုရီးယားမှာရှိတဲ့စက်ရုံကနေ မိုဘိုင်းလ်ဖုန်းတွေထုတ်လုပ်မှုကို ရပ်ဆိုင်းထားတယ်လို့ သိရပါတယ်။ အခြားနေရာတွေမှာ ဆက်လက်ထုတ်လုပ်နေပေမယ့်လည်း ဒီလိုရပ်ဆိုင်းလိုက်ခြင်းက သူ့ရဲ့လုပ်ငန်းအခြေအနေကို မေးခွန်းထုတ်စရာဖြစ်လာပါတယ်။

ဒါဟာ သတင်းတစ်ခုတော့မဟုတ်ပေမယ့်လည်း LG ဟာ နှစ်နှစ်လောက် စမတ်ဖုန်းလုပ်ငန်းကနေ အမြတ်ရအောင် မလုပ်ထားနိုင်ခဲ့ပါဘူး။ Sony နဲ့မတူကတော့ Sony ဟာ စမတ်ဖုန်းတွေကို အားမစိုက်လည်းရနေတဲ့အခြေအနေပါ။ HTC ဆိုရင်လည်း စမတ်ဖုန်းထက် VR ပိုင်းကို သွားနေပါတယ်။ LG ကတော့ ပိုကောင်းအောင်ကြိုးစားနေရင်း အမြတ်ငွေတွေကို ဆုံးရှုံးနေရတာပါ။ ဒါဟာ အလုပ်မဖြစ်တော့ဘူးနဲ့တူပါတယ်။

LG ဖုန်းတွေရဲ့ စိတ်ကျေနပ်စရာမကောင်းတဲ့ရောင်းအားကလည်း လျှို့ဝှက်မှုတွေနဲ့ ပြည့်နေပါတယ်။ ဖုန်းကောင်းတွေထုတ်လုပ်နေပြီးတော့ သုံးသပ်သူတွေကြားမှာ နာမည်ကောင်းရခဲ့ပါတယ်။ ဒါပေမယ့်လည်း bootloop အခက်မခဲတွေကြုံတွေနေရပါတယ်။ ဒါပေမယ့် ခြုံလိုက်ရင် ပြိုင်ဘက်တွေနဲ့ ယှဉ်လို့တော့ ရနေပါသေးတယ်။ စိတ်မကောင်းစရာတစ်ခုကတော့ feature နဲ့ မားကတ်တင်းပိုင်းမှာ ပြတ်ကျန်နေခဲ့တာပါ။

ကိုရီးယားမီဒီယာရဲ့ သတင်းဖော်ပြချက်အရ ကိုရီးယားမှာ ထုတ်လုပ်မှုတွေကို ရပ်ဆိုင်းထားပါတယ်။ ဒီလိုလုပ်လိုက်ခြင်းအားဖြင့် ထုတ်လုပ်မှုစရိတ်တွေ အတော်လေးလျှော့ချနိုင်သွားပါတယ်။ LG က အတည်ပြုမထားသေးပေမယ့်လည်း သတင်းရထားတဲ့နေရာကတော့ အဲဒီစက်ရုံကို ဗီယက်နမ်ပြောင်းမယ်လို့လည်း ကြားထားတယ်လို့ဆိုနေပါတယ်။ တောင်ကိုရီးယားစက်ရုံကို ရပ်ဆိုင်းထားခြင်းက အဖြေရှိပါတယ်။ LG ဟာ ဗီယက်နမ်မှာ စက်ရုံတွေရှိပြီးတော့ တရုတ်၊ ဘရာဇီး၊ အိန္ဒိယမှာလည်း ရှိနေပါတယ်။ ကိုရီးယားကဟာ G နဲ့ V စီးရီးတွေလို အမြင့်ဖုန်းတွေထုတ်လုပ်တဲ့နေရာပါ။ ဗီယက်နမ်ကသာ လိုအပ်တဲ့ကုန်ကျစရိတ်ကို ဖြည့်တင်းနိုင်ခြင်းမရှိရင် အမြင့်စားစမတ်ဖုန်းတွေကို လျှော့ထုတ်ရတော့မှာပေ့ါ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.