ကမာၻ႕က်န္းမာေရးအဖြဲ႕အစည္းက ကေလးေတြကို တီဗြီမျပဖို႕ေျပာၾကား

0
13

Zawgyi Version

Netflix ၾကည့္တာက ခင္ဗ်ားတို႕ ကၽြန္ေတာ္တို႕အတြက္ ဘာမွမျဖစ္ေပမယ့္လည္း ကမာၻ႕က်န္းမာေရးအဖြဲ႕အစည္းကေတာ့ ကၽြန္ေတာ္တို႕ရဲ႕စံႏႈန္းေတြနဲ႕ ကေလးေတြကို မတုိင္းတာသင့္ေၾကာင္း ေျပာထားပါတယ္။ အစီရင္ခံစာအသစ္ထဲမွာ WHO ဟာ ငါးႏွစ္အထိ ကေလးငယ္ေတြဟာ အ၀လြန္ဖုိ႕ ျဖစ္ႏုိင္ေခ်အရမ္းမ်ားျပီး အဲဒီေရာဂါနဲ႕ပတ္သတ္တဲ့ က်န္းမာေရးဆံုးရွံဳးမႈေတြကို ခံစားရႏုိင္ေခ်ရွိေနပါတယ္။

အရင္တုန္းက WHO ရဲ႕ ကေလးငယ္ေတြအေပၚ လမ္းညြန္ခ်က္ကေတာ့ တီဗြီၾကည့္မယ္ဆိုရင္ အခ်ိန္အကန္႕အသတ္နဲ႕ ျပေပးသင့္ပါတယ္။ ဖုန္းေတြနဲ႕ ကစားမယ္ဆိုရင္လည္း အခ်ိန္သတ္မွတ္ေပးဖို႕ ေျပာထားတာပါ။ စြမ္းအင္အသံုးခ်မႈနည္းပါးတဲ့လုပ္ရပ္ေတြေၾကာင့္ က်န္းမာေရးခ်ဴခ်ာေစတာကို ထပ္မံေတြ႕ရွိခဲ့ရတာမို႕ အခုပိုျပီးေတာ့ တင္းက်ပ္တဲ့စည္းမ်ဥ္းေတြ သတ္မွတ္လာရပါတယ္။

“လူသားတစ္ေယာက္ရဲ႕ ကနဦးဘ၀အစကေနျပီးေတာ့ က်န္းမာေအာင္ေနထိုင္ျခင္းဟာ က်န္းမာျခင္းကို အေကာင္းဆံုးထိန္းသိမ္းႏုိင္တဲ့နည္းလမး္ပါပဲ” လို႕ WHO Director-General Dr. Tedros Adhanom Ghebreyesus ကေျပာၾကားထားပါတယ္။ “ကေလးဘ၀ရဲ႕ကနဦးဟာ လ်င္ျမန္တဲ့ဖြံ႕ျဖိဳးမႈရွိျပီးေတာ့ အခ်ိန္ေတြဟာလည္း တိုေတာင္းတာမို႕ မိသားစုေတြအေနနဲ႕ က်န္းမာေအာင္ စနစ္တက် ထိန္းသင့္ပါတယ္။ ”

ကေလးအရြယ္မွာတည္းက အ၀လြန္ေနျခင္းေတြရဲ႕ ကိန္းဂဏန္းေတြကို ခ်ျပခဲ့သလို အရြယ္ေရာက္ျပီးသူေတြမွာလည္း အထိုင္မ်ားျခင္းေၾကာင့္ ျဖစ္ေနတဲ့ေရာဂါေတြကို မီးေမာင္းထိုးျပခဲ့ပါတယ္။ WHO ကေတာ့ အရြယ္ေရာက္ျပီးသူရဲ႕ ေလးပံုတစ္ပံုနဲ႕ ျမီးေကာင္ေပါက္ေတြရဲ႕ ၈၀ရာခုိင္ႏႈန္းဟာ ကိုယ္လက္လႈပ္ရွားမႈ အေတာ္ေလးနည္းေနပါတယ္။ ဒါေၾကာင့္ ဒီိလိုလႈပ္ရွားမႈေလးေတြကို ကေလးငယ္ဘ၀တည္းက ေလ့က်င့္ပ်ိဳးေထာင္ေပးးထားမယ္ဆိုရင္ တစ္ဦးခ်င္းစီဟာ အရြယ္ေရာက္ခ်ိန္မွာ က်န္းမာတဲ့ဘ၀ကို ပိုင္ဆုိင္ႏုိင္မွာပါ။

digital screen ၾကီးကို ကေလးေတြ မျပဖို႕အတြက္ ဘယ္လိုလုပ္ေဆာင္သင့္လဲ။ WHO ဆီက အၾကံကို နားေထာင္ၾကည့္ရေအာင္။

၂၄နာရီလႈပ္ရွားမႈစနစ္က အေရးၾကီးတဲ့ေသာ့ခ်က္ပါ။ အခ်ိန္ၾကာၾကာထိုင္ေနတာမ်ိဳးထက္ တက္တက္ၾကြၾကြ ကစားရတဲ့ဟာမ်ိဳးကို အစားထိုးေပးပါ။ အိပ္စက္မႈေကာင္းေကာင္းရရဲ႕လားလည္း သံုးသပ္ပါ။ ထိုင္တဲ့အခ်ိန္ေတြမွာလည္း screen နဲ႕ပတ္သတ္တာမ်ိိဳးမဟုတ္ဘဲ စာဖတ္ျပတာမ်ိဳး၊ ပံုျပင္ေျပာျပတာမ်ိဳး၊ သီခ်င္းဆိုတာ၊ ပေဟဠိဖြက္တာမ်ိဳးေတြကလည္း ကေလးငယ္ေတြရဲ႕ ဖြံ႕ျဖိဳးမႈအတြက္ အေရးပါတဲ့အခ်က္ေတြပါ။

Unicode Version

Netflix ကြည့်တာက ခင်ဗျားတို့ ကျွန်တော်တို့အတွက် ဘာမှမဖြစ်ပေမယ့်လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းကတော့ ကျွန်တော်တို့ရဲ့စံနှုန်းတွေနဲ့ ကလေးတွေကို မတိုင်းတာသင့်ကြောင်း ပြောထားပါတယ်။ အစီရင်ခံစာအသစ်ထဲမှာ WHO ဟာ ငါးနှစ်အထိ ကလေးငယ်တွေဟာ အဝလွန်ဖို့ ဖြစ်နိုင်ချေအရမ်းများပြီး အဲဒီရောဂါနဲ့ပတ်သတ်တဲ့ ကျန်းမာရေးဆုံးရှုံးမှုတွေကို ခံစားရနိုင်ချေရှိနေပါတယ်။

အရင်တုန်းက WHO ရဲ့ ကလေးငယ်တွေအပေါ် လမ်းညွန်ချက်ကတော့ တီဗွီကြည့်မယ်ဆိုရင် အချိန်အကန့်အသတ်နဲ့ ပြပေးသင့်ပါတယ်။ ဖုန်းတွေနဲ့ ကစားမယ်ဆိုရင်လည်း အချိန်သတ်မှတ်ပေးဖို့ ပြောထားတာပါ။ စွမ်းအင်အသုံးချမှုနည်းပါးတဲ့လုပ်ရပ်တွေကြောင့် ကျန်းမာရေးချူချာစေတာကို ထပ်မံတွေ့ရှိခဲ့ရတာမို့ အခုပိုပြီးတော့ တင်းကျပ်တဲ့စည်းမျဉ်းတွေ သတ်မှတ်လာရပါတယ်။

“လူသားတစ်ယောက်ရဲ့ ကနဦးဘဝအစကနေပြီးတော့ ကျန်းမာအောင်နေထိုင်ခြင်းဟာ ကျန်းမာခြင်းကို အကောင်းဆုံးထိန်းသိမ်းနိုင်တဲ့နည်းလမ်းပါပဲ” လို့ WHO Director-General Dr. Tedros Adhanom Ghebreyesus ကပြောကြားထားပါတယ်။ “ကလေးဘဝရဲ့ကနဦးဟာ လျင်မြန်တဲ့ဖွံ့ဖြိုးမှုရှိပြီးတော့ အချိန်တွေဟာလည်း တိုတောင်းတာမို့ မိသားစုတွေအနေနဲ့ ကျန်းမာအောင် စနစ်တကျ ထိန်းသင့်ပါတယ်။ ”

ကလေးအရွယ်မှာတည်းက အဝလွန်နေခြင်းတွေရဲ့ ကိန်းဂဏန်းတွေကို ချပြခဲ့သလို အရွယ်ရောက်ပြီးသူတွေမှာလည်း အထိုင်များခြင်းကြောင့် ဖြစ်နေတဲ့ရောဂါတွေကို မီးမောင်းထိုးပြခဲ့ပါတယ်။ WHO ကတော့ အရွယ်ရောက်ပြီးသူရဲ့ လေးပုံတစ်ပုံနဲ့ မြီးကောင်ပေါက်တွေရဲ့ ၈၀ရာခိုင်နှုန်းဟာ ကိုယ်လက်လှုပ်ရှားမှု အတော်လေးနည်းနေပါတယ်။ ဒါကြောင့် ဒီလိုလှုပ်ရှားမှုလေးတွေကို ကလေးငယ်ဘဝတည်းက လေ့ကျင့်ပျိုးထောင်ပေးးထားမယ်ဆိုရင် တစ်ဦးချင်းစီဟာ အရွယ်ရောက်ချိန်မှာ ကျန်းမာတဲ့ဘဝကို ပိုင်ဆိုင်နိုင်မှာပါ။

digital screen ကြီးကို ကလေးတွေ မပြဖို့အတွက် ဘယ်လိုလုပ်ဆောင်သင့်လဲ။ WHO ဆီက အကြံကို နားထောင်ကြည့်ရအောင်။

၂၄နာရီလှုပ်ရှားမှုစနစ်က အရေးကြီးတဲ့သော့ချက်ပါ။ အချိန်ကြာကြာထိုင်နေတာမျိုးထက် တက်တက်ကြွကြွ ကစားရတဲ့ဟာမျိုးကို အစားထိုးပေးပါ။ အိပ်စက်မှုကောင်းကောင်းရရဲ့လားလည်း သုံးသပ်ပါ။ ထိုင်တဲ့အချိန်တွေမှာလည်း screen နဲ့ပတ်သတ်တာမျိုးမဟုတ်ဘဲ စာဖတ်ပြတာမျိုး၊ ပုံပြင်ပြောပြတာမျိုး၊ သီချင်းဆိုတာ၊ ပဟေဠိဖွက်တာမျိုးတွေကလည်း ကလေးငယ်တွေရဲ့ ဖွံ့ဖြိုးမှုအတွက် အရေးပါတဲ့အချက်တွေပါ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.