Huawei Mate X 5G ထွက်ရှိမယ့်အချိန် ကြေညာပြီ

0
232

Zawgyi Version








Unicode Versioin

Huawei က သူ့ရဲ့ပထမဆုံးခေါက်ချိုး Android စမတ်ဖုန်းလေးကို ထွက်ရှိမယ့်ရက် ကြေညာလိုက်ပါပြီ။ Huawei Mate X ဟာ Samsung Galaxy Fold နဲ့ အနီးစပ်ဆုံးပြိုင်ဘက်ဖြစ်ပါတယ်။ Samsung Galaxy Fold ဟာ လက်ရှိမှာ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတာ အားလုံးအသိပါပဲ။ ဈေးကွက်ကိုမကြေညာခင်မှာ display ပျက်စီးသွားတယ်လို့ သတင်းတွေထွက်လာခဲ့ပါတယ်။ Huawei Mate X 5G ကိုတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

နောက်ပြီး Huawei ဟာ 5G လမ်းကြောင်းကိုလည်း ကြေညာထားပါသေးတယ်။ ဖုန်းလေးကတော့ ဂျူလိုင်လထဲမှာ ထွက်ရှိမှာပါ။ သတင်းကောင်းပြောချင်တာကတော့ နောက်ထပ် 5G ဖုန်းလေးကိုလည်း အောက်တိုဘာမှာ မြင်ရဦးမှာဖြစ်ပါတယ်။

Huawei က မိုဘိုင်းလ်လုပ်ငန်းအကြောင်းကို တိတိကျကျသိပါတယ်။ လက်ရှိမှာ ကမ္ဘာ့နံပါတ် ၂ နေရာကို ရောက်ရှိနေသူပါ။ ဆမ်ဆောင်းအနေနဲ့ Huawei ကို စောင့်ကြည့်ဖို့ လိုအပ်ပါတယ်။ display ပိုင်းနဲ့ပတ်သတ်ပြီးတော့လည်း လေ့လာရဦးမှာပါ။ စက်တင်ဘာလောက်အထိ ရွှေ့ထားတယ်လို့လည်း ကြားထားပါတယ်။ အဲဒီအချိန်လောက်ဆိုရင် Huawei Mate X ကိုင်တဲ့သူတွေ များနေလောက်ပါပြီ။

Huawei vs Samsung နောက်တစ်ကြိမ်တွေ့ပြန်ပါပြီ။ သေချာပေါက်ကိုစောင့်ကြည့်သင့်တဲ့ပွဲပါ။ တရုတ်လုပ်ငန်းကတော့ 5G ဆိုတဲ့အားသာချက်နဲ့ တိုက်နိုင်လောက်ပါတယ်။

Huawei ရဲ့နည်းဗျူဟာကတော့ စိတ်ချရပါတယ်။ ဒါပေမယ့်လည်း လုပ်ငန်းအတွက် သက်သေပြဖို့လိုအပ်နေပါသေးတယ်။ တစ်ချက်ကြည့်လိုက်မယ်ဆိုရင်တော့ ခေါက်ချိုးဖုန်းလေးက အေးဆေးပါပဲ။ လူအများစုပြောတာကတော့ ဆမ်ဆောင်းထက်ပိုကောင်းတယ်လို့ ပြောပါတယ်။

အချက်အလက်တွေကို ကြည့်ရမယ်ဆိုရင်တော့ Huawei Mate X 5G ဖုန်းလေးမှာ ၆.၃၈လက်မ အနောက် screen ကို 2480 x 892 resolution ၊ ၆.၆လက်မ screen မှာ 2480 x 1148 pixel resolution တပ်ဆင်ထားပေးပါတယ်။ မျက်နှာပြင်ကိုပေါင်းစပ်လိုက်မယ်ဆိုရင်တော့ ၈လက်မ 2480 x 2200 pixel resolution ဖြစ်သွားပါတယ်။ ကင်မရာလေးလုံးပါဝင်မှာဖြစ်ပြီး flash လည်းပါဝင်ပါတယ်။ Kirin 980 processor ၊ Balong 5000 modem တို့ကိုတွဲစပ်ထားပြီး 5G ကိုလည်းထောက်ပံ့ပေးနိုင်ပါတယ်။

Huawei Mate X 5G ခေါက်ချိုးဖုန်းလေးဟာ ၁၁မီလီမီတာသာ ရှိပြီးတော့ အပါးဆုံးအပိုင်းဟာ ၅.၄မီလီမီတာဖြစ်ပါတယ်။ ပါဝါခလုတ်၊ အသံခလုတ်တွေနဲ့ လက်ဗွေစနစ်လည်း ပါဝင်ဦးမှာပါ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.