Smartphone Trending

Galaxy Fold ေရာင္းခ်မႈကို စကရင္ ျပႆနာေၾကာင့္ ရက္ေရႊ႕မယ္လို႔ ဆမ္ေဆာင္း ေၾကညာ

ဆမ္ေဆာင္းက မီဒီယာမ်ားကို စမ္းသပ္ အသံုးျပဳဖို႔ ေပးထားတဲ့ Galaxy Fold မ်ားဟာ ရက္ပုိင္းပဲ သံုးရေသးခ်ိန္မွာ စကရင္ ျပႆနာမ်ား ျဖစ္ပြားခဲ့တယ္လို႔ သိပ္မၾကာခင္ ရက္မ်ား အတြင္းက သတင္းမ်ားတက္လာပါတယ္။ အခုေတာ့ ဆမ္ေဆာင္းက စကရင္ကို ပိုၿပီး ေကာင္းေအာင္ ျပဳျပင္ရမွာ ျဖစ္လို႔ ေရာင္းခ်မယ့္ ရက္ကို ေရႊ႕ဆိုင္းမယ္လို႔ ေၾကညာလိုက္ပါတယ္။ လာယ့္ ရက္သတၱပတ္မ်ားမွာ ေရာင္းခ်မယ့္ အခ်ိန္ကို ေျပာမယ္လို႔ ကုမၸဏီက ေျပာပါတယ္။

The Verge ရဲ႕ Dieter Bohn ကလည္း စကရင္ ၂ ခုရဲ႕ အဆက္မွာ  အက္ရာမ်ား ေပၚလာၿပီး အက္ေၾကာင္းကို အားနဲ႔ ဖိလိုက္ရင္ စကရင္ ကြဲအက္သြားတယ္လို႔ သူက ၿပီးခဲ့တဲ့ ရက္အနည္းငယ္တုန္းက  ေရးသားထားပါတယ္။ CNBC ကို ေပးထားတဲ့ အလံုးကလည္း  ၂ ရက္အတြင္းမွာပဲ စကရင္ဟာ သံုးလို႔ မရေတာ့ဘူးလို႔ ေရးသားထားပါတယ္။ Bloomberg ရဲ႕ Mark Gurman နဲ႔ YouTube မွ နာမည္ေက်ာ္ Reviewer တစ္ဦး ျဖစ္သူ Marques Brownlee ကလည္း အလားတူ ျပႆနာ ျဖစ္ေနတယ္လို႔ ေျပာပါတယ္။

စကရင္ကို ကာကြယ္ထားတဲ့ အလႊာတစ္ထပ္ကို ဖယ္လိုက္လို႔ ဒီလို ျပႆနာတက္သြားတာလည္း ျဖစ္ႏုိင္ပါတယ္။ ဆမ္ေဆာင္းက ေစ်းကြက္ထဲကို ေရာင္းမယ့္ အလံုးမ်ားမွာ အေပၚယံ အလႊာကို မဖယ္ရွားဖုိ႔ သတိေပးစာ ကပ္ထားႏုိင္ပါတယ္။ ဒါေပမယ့္ Review Unit မ်ားမွာေတာ့ သတိေပးစာ မကပ္ထားပါဘူး။

ဒီသတင္းမ်ား တက္လာၿပီးေနာက္မွာ   ဆမ္ေဆာင္းက ေၾကညာခ်က္တစ္ခု ထုတ္ျပန္လိုက္ပါတယ္။ စကရင္မွာ ကပ္ထားတဲ့ အလႊာကို မဖယ္ရွားဖို႔နဲ႔ ျပႆနာ တက္ေနတဲ့ Review Unit မ်ားကို ေသခ်ာစြာ စစ္ေဆးသြားမယ္လို႔ ကုမၸဏီက ေျပာခဲ့ပါတယ္။ အခုေတာ့ ဒီျပႆနာဟာ ခဏေလး ေျဖရွင္းလို႔ မရႏုိင္တဲ့ အတြက္ ေရာင္းခ်မယ့္ ရက္ကို ေနာက္ဆုတ္လိုက္တာပါ။

unicode

Galaxy Fold ရောင်းချမှုကို စကရင် ပြဿနာကြောင့် ရက်ရွှေ့မယ်လို့ ဆမ်ဆောင်း ကြေညာ

ဆမ်ဆောင်းက မီဒီယာများကို စမ်းသပ် အသုံးပြုဖို့ ပေးထားတဲ့ Galaxy Fold များဟာ ရက်ပိုင်းပဲ သုံးရသေးချိန်မှာ စကရင် ပြဿနာများ ဖြစ်ပွားခဲ့တယ်လို့ သိပ်မကြာခင် ရက်များ အတွင်းက သတင်းများတက်လာပါတယ်။ အခုတော့ ဆမ်ဆောင်းက စကရင်ကို ပိုပြီး ကောင်းအောင် ပြုပြင်ရမှာ ဖြစ်လို့ ရောင်းချမယ့် ရက်ကို ရွှေ့ဆိုင်းမယ်လို့ ကြေညာလိုက်ပါတယ်။ လာယ့် ရက်သတ္တပတ်များမှာ ရောင်းချမယ့် အချိန်ကို ပြောမယ်လို့ ကုမ္ပဏီက ပြောပါတယ်။

The Verge ရဲ့ Dieter Bohn ကလည်း စကရင် ၂ ခုရဲ့ အဆက်မှာ အက်ရာများ ပေါ်လာပြီး အက်ကြောင်းကို အားနဲ့ ဖိလိုက်ရင် စကရင် ကွဲအက်သွားတယ်လို့ သူက ပြီးခဲ့တဲ့ ရက်အနည်းငယ်တုန်းက ရေးသားထားပါတယ်။ CNBC ကို ပေးထားတဲ့ အလုံးကလည်း ၂ ရက်အတွင်းမှာပဲ စကရင်ဟာ သုံးလို့ မရတော့ဘူးလို့ ရေးသားထားပါတယ်။ Bloomberg ရဲ့ Mark Gurman နဲ့ YouTube မှ နာမည်ကျော် Reviewer တစ်ဦး ဖြစ်သူ Marques Brownlee ကလည်း အလားတူ ပြဿနာ ဖြစ်နေတယ်လို့ ပြောပါတယ်။

စကရင်ကို ကာကွယ်ထားတဲ့ အလွှာတစ်ထပ်ကို ဖယ်လိုက်လို့ ဒီလို ပြဿနာတက်သွားတာလည်း ဖြစ်နိုင်ပါတယ်။ ဆမ်ဆောင်းက ဈေးကွက်ထဲကို ရောင်းမယ့် အလုံးများမှာ အပေါ်ယံ အလွှာကို မဖယ်ရှားဖို့ သတိပေးစာ ကပ်ထားနိုင်ပါတယ်။ ဒါပေမယ့် Review Unit များမှာတော့ သတိပေးစာ မကပ်ထားပါဘူး။

ဒီသတင်းများ တက်လာပြီးနောက်မှာ ဆမ်ဆောင်းက ကြေညာချက်တစ်ခု ထုတ်ပြန်လိုက်ပါတယ်။ စကရင်မှာ ကပ်ထားတဲ့ အလွှာကို မဖယ်ရှားဖို့နဲ့ ပြဿနာ တက်နေတဲ့ Review Unit များကို သေချာစွာ စစ်ဆေးသွားမယ်လို့ ကုမ္ပဏီက ပြောခဲ့ပါတယ်။ အခုတော့ ဒီပြဿနာဟာ ခဏလေး ဖြေရှင်းလို့ မရနိုင်တဲ့ အတွက် ရောင်းချမယ့် ရက်ကို နောက်ဆုတ်လိုက်တာပါ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.