AT&T Galaxy View 2 ကို launch မတိုင် ဗွီဒီယိုတစ်ခုနဲ့ တွေ့မြင်ရ

0
8

Zawgyi Vesion






Unicode Version

ပထမဆုံး Galaxy View လေးကို Samsung နဲ့ AT&T တို့ ပူးပေါင်းပြီး ထုတ်လုပ်ချိန်မှာ ဝင်ငွေကောင်းခဲ့တာမို့ အခုအချိန်မှာ နောက်ထပ်တစ်လုံး ထပ်မံတွေ့မြင်ရပြန်ပါပြီ။ ကောလာဟလသတင်းတွေကို အတည်ပြုပေးလိုက်တာဖြစ်ပြီးတော့ ဗွီဒီယိုလေးထဲမှာ အပီအပြင်ကို တွေ့မြင်ခံစားရမှာပါ။ စိတ်မကောင်းစရာတစ်ခုကတော့ အသေးစိတ်ကို မပြောထားသေးပါဘူး။ ဒီတော့ ဈေးနှုန်းဘယ်လောက်လဲဆိုတာ မပြောနိုင်သေးပါဘူး။

ဗွီဒီယိုလေးထဲမှာတော့ အချက်အလက်တချို့ကို ပြောထားပါတယ်။ သတင်းထွက်ထားတာထက် အနည်းငယ်သေးပေမယ့်လည်း ၁၇.၃လက်မ Full HD screen ဟာ အခြားမိုဘိုင်းလ်စံနှုန်းတွေထွက်တော့ များနေတုန်းပါပဲ။ AT&T ဟာ ကျောပိုးအိတ်ထဲကို အလွယ်တကူဆံ့နိုင်အောင် လုပ်ထားတဲ့သဘောပါပဲ။

အဓိကအသုံးပြုဖို့ကတော့ ဖျော်ဖြေရေးအတွက်ပါ။ ဗွီဒီယိုကြည့် ၊ အင်တာနက်သုံးလောက် အဆင်ပြေပါတယ်။ အင်တာနက်သုံးဖို့ဆိုရင် မျက်နှာပြင်ကြီးတာကို ကြိုက်တယ်မလား။ 64 GB မမ်မိုရီနဲ့ 12,000 mAh ဘတ်ထရီနဲ့ဆိုတော့ စိတ်ကြိုက်သုံးပါလေ။

AT&T ဟာ ဖုန်းမှာပါဝင်တဲ့ NumberSync စနစ်ကြောင့် Galaxy View 2 မှာ သူရဲ့ 4G LTE မသုံးဘဲ ဖုန်းတွေကို ခေါ်ဆိုနိုင်မှာပါ။ သူ့ရဲ့ဝန်ဆောင်မှုနဲ့ဆိုရင် ဗွီဒီယိုကောလ်တွေလည်း အသုံးပြုနိုင်မှာပါ။

Galaxy View 2 ဟာ အတော်လေးကြီးတဲ့ ဆမ်ဆောင်းတက်ဘလက်ဖြစ်တာမို့ အခြား Android ဖုန်းတွေကို သိမ်ငယ်သွားစေပါတယ်။ AT&T ဆီက ဘယ်အချိန်ထုတ်မယ်၊ ဘယ်လောက်ကျမလဲဆိုတာ သိရဖို့ ကျန်နေပါသေးတယ်။ ပထမဆုံး Galaxy View ကတော့ ဒေါ်လာ၆၀၀ ကျသင့်ပါတယ်။ ဒီထက်တော့ ဈေးများမှာပါ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.