တရုတ္က ေသြးထြက္သံယို ရုပ္ပံုမ်ား ပါတဲ့ မိုဘိုင္းဂိမ္းမ်ားကို ပိတ္ပင္

0
22

တရုတ္က ၂၀၀၇ ခုႏွစ္ကတည္းက ပီစီဂိမ္းမ်ားမွာ ကန္႔သတ္မႈမ်ားကို စတင္ ျပဳလုပ္ခဲ့ပါတယ္။ အခုေတာ့ မိုဘိုင္းဂိမ္းမ်ားကိုပါ ကန္႔သတ္ ပိတ္ပင္မႈမ်ား ျပဳလုပ္လာပါတယ္။ အာဏာပိုင္မ်ားက ဂိမ္း ဥပေဒ အသစ္မ်ားကို ျပဌာန္းလိုက္ပါတယ္။ အာဏာပိုင္မ်ားက ဂိမ္း အမ်ိဳးအစား ၃ ခုကို ပိတ္ပင္လိုက္ပါတယ္။ Mahjong နဲ႔ Poker တို႔လို ေလာင္းကစား ဂိမ္းမ်ား၊ လူေသ အေလာင္းမ်ား၊ ေသြးထြက္သံုယို ဂိမ္းမ်ားနဲ႔ ႏုိင္ငံရဲ႕ သမိုင္းေၾကာင္းကို ထိခိုက္ေစတဲ့ ဂိမ္းမ်ား ျဖစ္ပါတယ္။ အေရာင္မ်ိဳးစံုပါတဲ့ ေသြးမ်ား အားလံုးကို ပိတ္ပင္တာပါ။ အဲဒီအတြက္ ဥပမာအားျဖင့္ အစိမ္းေရာင္ ေသြးမ်ား ပါရင္လည္း ခြင့္ျပဳမွာ မဟုတ္ပါဘူး။

ကမာၻအ၀န္းမွာ တရုတ္မွ ဂိမ္းမ်ားဟာ လူ ကစားမ်ားတဲ့ အတြက္ တရုတ္ရဲ႕ တန္ဖိုးနဲ႔ ယဥ္ေက်းမႈကို ျမင့္တက္ေစမယ့္ ဂိမ္း အမည္မ်ားကို ေပးဖို႔လည္း အာဏာပိုင္မ်ားက ဂိမ္း ကုမၸဏီမ်ားကို ေတာင္းဆိုလိုက္ပါတယ္။ ဒါ့အျပင္ ဇာတ္လမ္းသြား၊ စကရင္ေရွာ့မ်ား အပါအ၀င္ ဂိမ္းရဲ႕ အေသးစိတ္ သတင္းအခ်က္အလက္မ်ားကို တင္ျပဖို႔လည္း အာဏာပိုင္မ်ားက ညႊန္ၾကားထားပါတယ္။

တရုတ္က ကမာၻ႕ အႀကီးမားဆံုး မိုဘိုင္း ဂိမ္း ေစ်းကြက္ႀကီး ျဖစ္ပါတယ္။ ဒါေပမယ့္ တရုတ္က လူငယ္မ်ားဟာ ဂိမ္း အလြန္အကြ်ံ ကစားျခင္းေၾကာင့္   က်န္းမာေရး ဆိုးက်ိဳးမ်ား ျဖစ္ေစတဲ့ အတြက္ အာဏာပိုင္မ်ားက ဂိမ္းမ်ားကို ပိတ္ပင္မႈမ်ား ရွိလာပါတယ္။ ဒီဇင္ဘာလကလည္း တရုတ္ အာဏာပိုင္မ်ားက ဗီဒီယို ဂိမ္းအသစ္မ်ားကို ခြင့္ျပဳေပးျခင္းအား ၉ လၾကာ ရပ္နားလိုက္တဲ့ အတြက္ ဂိမ္း ကုမၸဏီမ်ား ၀င္ေငြ ထိခိုက္ခဲ့ပါတယ္။

unicode

တရုတ်က သွေးထွက်သံယို ရုပ်ပုံများ ပါတဲ့ မိုဘိုင်းဂိမ်းများကို ပိတ်ပင်

တရုတ်က ၂၀၀၇ ခုနှစ်ကတည်းက ပီစီဂိမ်းများမှာ ကန့်သတ်မှုများကို စတင် ပြုလုပ်ခဲ့ပါတယ်။ အခုတော့ မိုဘိုင်းဂိမ်းများကိုပါ ကန့်သတ် ပိတ်ပင်မှုများ ပြုလုပ်လာပါတယ်။ အာဏာပိုင်များက ဂိမ်း ဥပဒေ အသစ်များကို ပြဌာန်းလိုက်ပါတယ်။ အာဏာပိုင်များက ဂိမ်း အမျိုးအစား ၃ ခုကို ပိတ်ပင်လိုက်ပါတယ်။ Mahjong နဲ့ Poker တို့လို လောင်းကစား ဂိမ်းများ၊ လူသေ အလောင်းများ၊ သွေးထွက်သုံယို ဂိမ်းများနဲ့ နိုင်ငံရဲ့ သမိုင်းကြောင်းကို ထိခိုက်စေတဲ့ ဂိမ်းများ ဖြစ်ပါတယ်။ အရောင်မျိုးစုံပါတဲ့ သွေးများ အားလုံးကို ပိတ်ပင်တာပါ။ အဲဒီအတွက် ဥပမာအားဖြင့် အစိမ်းရောင် သွေးများ ပါရင်လည်း ခွင့်ပြုမှာ မဟုတ်ပါဘူး။

ကမ္ဘာအဝန်းမှာ တရုတ်မှ ဂိမ်းများဟာ လူ ကစားများတဲ့ အတွက် တရုတ်ရဲ့ တန်ဖိုးနဲ့ ယဉ်ကျေးမှုကို မြင့်တက်စေမယ့် ဂိမ်း အမည်များကို ပေးဖို့လည်း အာဏာပိုင်များက ဂိမ်း ကုမ္ပဏီများကို တောင်းဆိုလိုက်ပါတယ်။ ဒါ့အပြင် ဇာတ်လမ်းသွား၊ စကရင်ရှော့များ အပါအဝင် ဂိမ်းရဲ့ အသေးစိတ် သတင်းအချက်အလက်များကို တင်ပြဖို့လည်း အာဏာပိုင်များက ညွှန်ကြားထားပါတယ်။

တရုတ်က ကမ္ဘာ့ အကြီးမားဆုံး မိုဘိုင်း ဂိမ်း ဈေးကွက်ကြီး ဖြစ်ပါတယ်။ ဒါပေမယ့် တရုတ်က လူငယ်များဟာ ဂိမ်း အလွန်အကျွံ ကစားခြင်းကြောင့် ကျန်းမာရေး ဆိုးကျိုးများ ဖြစ်စေတဲ့ အတွက် အာဏာပိုင်များက ဂိမ်းများကို ပိတ်ပင်မှုများ ရှိလာပါတယ်။ ဒီဇင်ဘာလကလည်း တရုတ် အာဏာပိုင်များက ဗီဒီယို ဂိမ်းအသစ်များကို ခွင့်ပြုပေးခြင်းအား ၉ လကြာ ရပ်နားလိုက်တဲ့ အတွက် ဂိမ်း ကုမ္ပဏီများ ဝင်ငွေ ထိခိုက်ခဲ့ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.