Total like ဘယ္ေလာက္ရသလဲဆိုတာ မျမင္ရေအာင္ ေဖ်ာက္ေပးႏုိင္မယ့္ feature စမ္းေနတဲ့ တြစ္တာ

0
208

Zawgyi Version

ပို႕စ္တစ္ခုအတြက္ Like ဘယ္ေလာက္ရသလဲဆိုတာကို ျပသေပးႏုိင္တဲ့ app ေတြဟာ  အႏၱရာယ္ရွိေၾကာင္းကို ေဆာင္းပါးတစ္ခုမွာ ေဖာ္ျပခဲ့ဖူးပါတယ္။ တကယ္လို႕မ်ား Like တစ္ခုမွမရဘူးဆုိရင္ ဘယ္လိုခံစားရမလဲ။ Instagram ဟာ ဒီလိုအရာေတြကို ေသခ်ာေလးစဥ္းစားျပီးေတာ့ follower ေတြဟဟာ သင္တင္ထားတဲ့ပို႕စ္မွာ like ဘယ္ေလာက္ရသလဲဆိုတာကို မျမင္ရေအာင္ လုပ္ေဆာင္ေပးေတာ့မွာပါ။ ဒါဟာ ေသးငယ္တဲ့ေျပာင္းလဲမႈေလးျဖစ္ေပမယ့္လည္း like ဘယ္ေလာက္ရသလဲမျမင္ရတာက ပုိေကာင္းမယ္ထင္ပါတယ္။

Jane Manchun Wong ဟာ ဒီေျပာင္းလဲမႈေတြကို Android code အတြင္းမွာ ေတြ႕ရွိခဲ့တာျဖစ္ပါတယ္။ သင့္ပို႕စ္မွာ Like ဘယ္ေလာက္ရသလဲဆိုတဲ့ Noti ေလးကို ရရွိမွာပါ။ သင့္ကို follower ဘယ္ေလာက္ရသလဲဆိုတာကိုသာ အေလးေပးေစမွာျဖစ္ျပီးေတာ့ Like ဘယ္ေလာက္ရသလဲဆိုတာကို အေရးမေပးေအာင္ လုပ္ေဆာင္ေပးတဲ့သေဘာပါပဲ။ ဒါေၾကာင့္ မ်က္ႏွာအသစ္ေတြကို ျမင္ခြင့္ေပးမွာျဖစ္ျပီးေတာ့ like လုပ္ထားတဲ့ နာမည္ေတြကို ျပသေပးမွာပါ။ ဒါေပမယ့္ like အေရအတြက္ကို ျမင္ရမွာမဟုတ္ေတာ့ပါဘူး။

ဒီေျပာင္းလဲမႈရဲ႕ရည္ရြယ္ခ်က္ကေတာ့ လူအေတာ္မ်ားမ်ားက like အမ်ားၾကီးရေနခ်ိန္မွာ ကိုယ့္ပို႕စ္က နည္းေနတဲ့အခါ ခံစားရတဲ့အျဖစ္မ်ိဳးကို မၾကံဳေစခ်င္တာပါ။ ဒါဟာ သံုးစြဲသူေတြၾကားမွာ ခက္ခဲတဲ့ယွဥ္ျပိဳင္မႈျဖစ္ျပီးေတာ့ influencer အေတာ္မ်ားမ်ားဟာ Like ေတြကို ယွဥ္လာၾကပါတယ္။ အခ်ိဳ႕သံုးစြဲသူေတြဆိုရင္ like အမ်ားၾကီးမရတဲ့ပို႕စ္ေတြကို ဖ်က္ေတာင္ ပစ္ၾကပါတယ္။ ဒါဟာ ကိုယ့္ကိုကိုယ္ယံုၾကည္မႈနည္းလာေစပါတယ္။

Instagram တစ္ခုတည္း သံုးစြဲသူေတြရဲ႕စိတ္ကုိ ထိခိုက္ေစတာမဟုတ္ပါဘူး။ Twitter ဟာ retweet အေရအတြက္ေတြကို ေဖ်ာက္ျပီးေတာ့ စိတ္ပုိင္းဆုိင္ရာထိခိုက္မႈေတြကေန ကာကြယ္ဖို႕ လုပ္ေဆာင္ေနပါတယ္။ Snapchat ရဲ႕ အားသာခ်က္တစ္ခုကေတာ့ like နဲ႕ follower အေရအတြက္ေတြကို မျပပါဘူး။ ဒါဟာ သံုးစြဲသူေတြအတြက္ေကာင္းေပမယ့္လည္း influencer ေတြအတြက္ reach ဘယ္ေလာက္ရမလဲဆိုတာ သက္ေသျပလို႕မရေတာ့ပါဘူး။

Instagram ဟာ ဒီလိုဒီဇုိင္းေျပာင္းလဲမႈကို ဘယ္အခ်ိန္မွာ လုပ္ေဆာင္မလဲဆုိတာကေတာ့ မရွင္းလင္းေသးပါဘူး။ Wong ေတြ႕ရွိထားတဲ့အထဲမွာ DM အတြက္ chat thread sticker ၊ Direct Video call လုပ္ေနခ်ိန္မွာ AR သံုးႏုိင္တာမ်ိဳး၊ Stories မွာ သီခ်င္းရဲ႕ lyrics ေလးေတြ ထည့္ႏုိင္တာမ်ိဳး၊ feed ေတြမွာ emoji reaction ေပးႏိုင္တာမ်ိဳး၊ ပစၥည္း၀ယ္လို႕ရတာမ်ိဳးေပ့ါ။ အခ်ိန္ကပဲ ေျပာျပသြားမွာပါ။

Unicode Version

ပို့စ်တစ်ခုအတွက် Like ဘယ်လောက်ရသလဲဆိုတာကို ပြသပေးနိုင်တဲ့ app တွေဟာ  အန္တရာယ်ရှိကြောင်းကို ဆောင်းပါးတစ်ခုမှာ ဖော်ပြခဲ့ဖူးပါတယ်။ တကယ်လို့များ Like တစ်ခုမှမရဘူးဆိုရင် ဘယ်လိုခံစားရမလဲ။ Instagram ဟာ ဒီလိုအရာတွေကို သေချာလေးစဉ်းစားပြီးတော့ follower တွေဟဟာ သင်တင်ထားတဲ့ပို့စ်မှာ like ဘယ်လောက်ရသလဲဆိုတာကို မမြင်ရအောင် လုပ်ဆောင်ပေးတော့မှာပါ။ ဒါဟာ သေးငယ်တဲ့ပြောင်းလဲမှုလေးဖြစ်ပေမယ့်လည်း like ဘယ်လောက်ရသလဲမမြင်ရတာက ပိုကောင်းမယ်ထင်ပါတယ်။

Jane Manchun Wong ဟာ ဒီပြောင်းလဲမှုတွေကို Android code အတွင်းမှာ တွေ့ရှိခဲ့တာဖြစ်ပါတယ်။ သင့်ပို့စ်မှာ Like ဘယ်လောက်ရသလဲဆိုတဲ့ Noti လေးကို ရရှိမှာပါ။ သင့်ကို follower ဘယ်လောက်ရသလဲဆိုတာကိုသာ အလေးပေးစေမှာဖြစ်ပြီးတော့ Like ဘယ်လောက်ရသလဲဆိုတာကို အရေးမပေးအောင် လုပ်ဆောင်ပေးတဲ့သဘောပါပဲ။ ဒါကြောင့် မျက်နှာအသစ်တွေကို မြင်ခွင့်ပေးမှာဖြစ်ပြီးတော့ like လုပ်ထားတဲ့ နာမည်တွေကို ပြသပေးမှာပါ။ ဒါပေမယ့် like အရေအတွက်ကို မြင်ရမှာမဟုတ်တော့ပါဘူး။

ဒီပြောင်းလဲမှုရဲ့ရည်ရွယ်ချက်ကတော့ လူအတော်များများက like အများကြီးရနေချိန်မှာ ကိုယ့်ပို့စ်က နည်းနေတဲ့အခါ ခံစားရတဲ့အဖြစ်မျိုးကို မကြုံစေချင်တာပါ။ ဒါဟာ သုံးစွဲသူတွေကြားမှာ ခက်ခဲတဲ့ယှဉ်ပြိုင်မှုဖြစ်ပြီးတော့ influencer အတော်များများဟာ Like တွေကို ယှဉ်လာကြပါတယ်။ အချို့သုံးစွဲသူတွေဆိုရင် like အများကြီးမရတဲ့ပို့စ်တွေကို ဖျက်တောင် ပစ်ကြပါတယ်။ ဒါဟာ ကိုယ့်ကိုကိုယ်ယုံကြည်မှုနည်းလာစေပါတယ်။

Instagram တစ်ခုတည်း သုံးစွဲသူတွေရဲ့စိတ်ကို ထိခိုက်စေတာမဟုတ်ပါဘူး။ Twitter ဟာ retweet အရေအတွက်တွေကို ဖျောက်ပြီးတော့ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေကနေ ကာကွယ်ဖို့ လုပ်ဆောင်နေပါတယ်။ Snapchat ရဲ့ အားသာချက်တစ်ခုကတော့ like နဲ့ follower အရေအတွက်တွေကို မပြပါဘူး။ ဒါဟာ သုံးစွဲသူတွေအတွက်ကောင်းပေမယ့်လည်း influencer တွေအတွက် reach ဘယ်လောက်ရမလဲဆိုတာ သက်သေပြလို့မရတော့ပါဘူး။

Instagram ဟာ ဒီလိုဒီဇိုင်းပြောင်းလဲမှုကို ဘယ်အချိန်မှာ လုပ်ဆောင်မလဲဆိုတာကတော့ မရှင်းလင်းသေးပါဘူး။ Wong တွေ့ရှိထားတဲ့အထဲမှာ DM အတွက် chat thread sticker ၊ Direct Video call လုပ်နေချိန်မှာ AR သုံးနိုင်တာမျိုး၊ Stories မှာ သီချင်းရဲ့ lyrics လေးတွေ ထည့်နိုင်တာမျိုး၊ feed တွေမှာ emoji reaction ပေးနိုင်တာမျိုး၊ ပစ္စည်းဝယ်လို့ရတာမျိုးပေ့ါ။ အချိန်ကပဲ ပြောပြသွားမှာပါ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.