periscope-style ကင်မရာလေးအကြောင်း ရှင်းလိုက်တဲ့ Huawei P30 Pro teardown
0
35
Zawgyi Version
Unicode Version
$2,000 တန် Galaxy Fold လေး မတော်တဆပျက်စီးသွားတယ်ဆိုတော့ လူတွေထိတ်လန့်ကုန်ပါတယ်။ ဈေးနှုန်းဟာ JerryRigEverything အတွက် အေးဆေးဖြစ်နေပုံပဲ။ Zack Nelson ဟာလည်း Huawei P30 Pro ရဲ့ အရေးအပါဆုံး feature ကို ဘယ်လိုအလုပ်လုပ်နေသလဲဆိုတာ မြင်ခွင့်ပေးခဲ့ပါတယ်။
Huawei P30 Pro ကတော့ ဈေးကွက်ထဲမှာ ပထမဆုံး periscope-style optical zoom camera လေးကို စမတ်ဖုန်းမှာ ထည့်ပေးထားတဲ့အတွက်ကြောင့် အတော်များများက စိတ်ဝင်စားနေကြပါတယ်။ နည်းပညာအရပြောရမယ်ဆိုရင်တော့ OOPO ဟာ ဒီနည်းပညာကို ပထမဆုံးချပြခဲ့တာဖြစ်ပြီး ၂၀၁၇ခုနှစ်တည်းက လုပ်ဆောင်နေခဲ့တာပါ။ OPPO အတွက် စိတ်မကကောင်းတာကတော့ ဦးဆောင်မှုမလုပ်နိုင်ခဲ့ဘဲ Huawei ကသာ သရဖူကို ဆောင်းသွားပါတယ်။
Nelson ရဲ့ ပြောကြားချက်အရ 5x optical zoom camera ဟာ P30 Pro motherboard ရဲ့ သုံးပုံတစ်ပုံလောက်ကို ယူထားပါတယ်။ ဒါဟာ အစပဲရှိပါသေးတယ်။ အနာဂတ်မှာတော့ ဒီထက်နေရာကျယ်မယ်လို့ မျှော်မှန်းရပါတယ်။ လက်ရှိမှာတော့ နေရာကျယ်ကျယ်ယူထားတုန်းပါပဲ၊
ကင်မရာမော်ကျူးအသစ်ကတော့ အပိုင်းသုံးပိုင်းရှိပါတယ်။ အလင်းတွေကိုဖမ်းယူပေးတဲ့ sensor လေးကတော့ အစွန်းတစ်ဖက်မှာရှိပါတယ်။ ကင်မရာအများစုနဲ့ မတူညီတာကတော့ sensor တွေဟာ အပေါ်အောက်ထပ်ထားတာမဟုတ်ဘဲ ဘေးချင်းထပ်ထားတာဖြစ်ပါတယ်။ ပြီးရင်တော့ ပုံတွေကို ချဲ့ပေးတဲ့ lens တွေရှိပါတယ်။ နောက်ဆုံးမှာတော့ အလင်းကိုရောင်ပြန်ပေးတဲ့ angled mirror လေးရှိပါတယ်။
ဖုန်းလေးကို ဖွင့်စစ်လိုက်တဲ့အခါမှာ Huawei P30 Proဟာ ဒီနေ့ခေတ်ရဲ့ ပရီမီယမ်ဖုန်းတွေကို ဘယ်လိုမျိုးလုပ်ဆောင်ထားကြောင်းကို ဖွင့်ပြောလိုက်သလိုဖြစ်သွားပါတယ်။ ဒါဟာ ဖုန်နဲ့ ရေစိုခံနိုင်မှုအကြောင်း ကောင်းကောင်းစကားပြောသွားပါတယ်။
Leave a Reply
This site uses Akismet to reduce spam. Learn how your comment data is processed.