Galaxy Wearable app မွာ Samsung ဖုန္း မဟုတ္ရင္ log in ေပးမ၀င္

0
8

Zawgyi Version

Samsung ရဲ႕ $2,000 တန္ Galaxy Fold ပ်က္စီးမႈၾကံဳေတြ႕အျပီးမွာေတာ့ ေနာက္ထပ္ wearable သံုးစြဲသူေတြဆီ ညည္းညဴသံကို ၾကားလာရျပန္ပါျပီ။ Samsung Gear နဲ႕ Galaxy Watch ပိုင္ရွင္ေတြဟာ Samsung အေကာင့္ထဲကို Galaxy Wearable smartphone app မွတစ္ဆင့္၀င္ေရာက္တဲ့အခါမွာ ၀င္လို႕မရေၾကာင္း ေျပာဆိုၾကပါတယ္။ Samsung မဟုတ္တဲ့ဖုန္းေတြကေန ၀င္ရင္ျဖစ္ေနတာလို႕ ထပ္မံသိရပါတယ္။ ဒီျဖစ္ရပ္ဟာ Galaxy Fold ျဖစ္ရပ္ရဲ႕ေအာက္မွာ ျမဳပ္သြားတယ္ဆိုေပမယ့္လည္း အေရးမၾကီးတာေတာ့မဟုတ္ပါဘူး။ တကယ္ေတာ့ Samsung Gear/Galaxy Watch ပိုင္ရွင္ေတြနဲ႕ ေခါက္ခ်ိဳးဖုန္းကိုင္ေဆာင္ထားသူေတြရဲ႕အခ်ိဳးဟာ မတန္တဆကို မညီေနတာမို႕ ျဖစ္လာတဲ့နာက်င္မႈက ဘယ္ဟာပိုမ်ားမလဲဆိုတာ ခန္႕မွန္းၾကည့္လုိက္ပါ။ ျပီးေတာ့ အခ်ိန္ၾကာၾကာလည္း ဒီအတုိင္းျဖစ္ေနဦးမယ္ထင္ပါတယ္။

Galaxy Wearable app ရဲ႕ ပထမဆံုးသတင္းကေတာ့ ျပီးခဲ့တဲ့အပတ္ကစတင္ခဲ့တာျဖစ္ပါတယ္။ အခုဆိိုရင္ေတာ့ Samsung US Community forum မွာ ေရးသားထားတဲ့ စာမ်က္ႏွာေပါင္း ၇၃မ်က္ႏွာေတာင္ ရွိေနျပီ။ ဘာေၾကာင့္ျဖစ္သလဲဆုိတဲ့ သီအိိုရီေတာ့ အခုအခ်ိန္ထိ မထုတ္ႏုိင္ေသးပါဘူး။ သံုးစြဲသူေတြလိုအပ္ေနတာကေတာ့ Samsung account ကို app ကေန ၀င္ခ်င္တာပါပဲ။ ဒါေပမယ့္လည္း အျဖဴေရာင္ၾကီးပဲ ျဖစ္ေနပါတယ္။

ေနာက္ျပီး ဆမ္ေဆာင္းမဟုတ္တဲ့ဖုန္းေတြမွာပဲ ျဖစ္ေနတာပါ။ ျဖစ္တဲ့ဖုန္းေတြမွာ Google, OnePlus, Motorola နဲ႕ Xiaomi တုိ႕လည္း ပါ၀င္ေနပါတယ္။ Samsung ဖုန္းေတြမွာေတာ့ အားလံုးအဆင္ေျပေနပါတယ္။

Samsung ဟာ ဒီျဖစ္ရပ္အတြက္ အေျဖရွာေနတာျဖစ္ျပီးေတာ့ software fix လုပ္ဖို႕လည္း ေမွ်ာ္လင့္ထားပါတယ္။ တစ္ခ်ိိန္တည္းမွာပဲ သံုးစြဲသူေတြက fix ကိုပဲ ေစာင့္ဆုိင္းဖို႕ တစ္ခုပဲရွိပါတယ္။ မျဖစ္ေသးတဲ့သူေတြကလည္း app ကို reset ခ်ျခင္းေတြ၊ wearable ကို reset ခ်ျခင္းေတြ၊ log out ထြက္ျခင္းေတြ မလုပ္ဖုိ႕ သတိထားေစခ်င္ပါတယ္။

Unicode Version

Samsung ရဲ့ $2,000 တန် Galaxy Fold ပျက်စီးမှုကြုံတွေ့အပြီးမှာတော့ နောက်ထပ် wearable သုံးစွဲသူတွေဆီ ညည်းညူသံကို ကြားလာရပြန်ပါပြီ။ Samsung Gear နဲ့ Galaxy Watch ပိုင်ရှင်တွေဟာ Samsung အကောင့်ထဲကို Galaxy Wearable smartphone app မှတစ်ဆင့်ဝင်ရောက်တဲ့အခါမှာ ဝင်လို့မရကြောင်း ပြောဆိုကြပါတယ်။ Samsung မဟုတ်တဲ့ဖုန်းတွေကနေ ဝင်ရင်ဖြစ်နေတာလို့ ထပ်မံသိရပါတယ်။ ဒီဖြစ်ရပ်ဟာ Galaxy Fold ဖြစ်ရပ်ရဲ့အောက်မှာ မြုပ်သွားတယ်ဆိုပေမယ့်လည်း အရေးမကြီးတာတော့မဟုတ်ပါဘူး။ တကယ်တော့ Samsung Gear/Galaxy Watch ပိုင်ရှင်တွေနဲ့ ခေါက်ချိုးဖုန်းကိုင်ဆောင်ထားသူတွေရဲ့အချိုးဟာ မတန်တဆကို မညီနေတာမို့ ဖြစ်လာတဲ့နာကျင်မှုက ဘယ်ဟာပိုများမလဲဆိုတာ ခန့်မှန်းကြည့်လိုက်ပါ။ ပြီးတော့ အချိန်ကြာကြာလည်း ဒီအတိုင်းဖြစ်နေဦးမယ်ထင်ပါတယ်။

Galaxy Wearable app ရဲ့ ပထမဆုံးသတင်းကတော့ ပြီးခဲ့တဲ့အပတ်ကစတင်ခဲ့တာဖြစ်ပါတယ်။ အခုဆိုရင်တော့ Samsung US Community forum မှာ ရေးသားထားတဲ့ စာမျက်နှာပေါင်း ၇၃မျက်နှာတောင် ရှိနေပြီ။ ဘာကြောင့်ဖြစ်သလဲဆိုတဲ့ သီအိုရီတော့ အခုအချိန်ထိ မထုတ်နိုင်သေးပါဘူး။ သုံးစွဲသူတွေလိုအပ်နေတာကတော့ Samsung account ကို app ကနေ ဝင်ချင်တာပါပဲ။ ဒါပေမယ့်လည်း အဖြူရောင်ကြီးပဲ ဖြစ်နေပါတယ်။

နောက်ပြီး ဆမ်ဆောင်းမဟုတ်တဲ့ဖုန်းတွေမှာပဲ ဖြစ်နေတာပါ။ ဖြစ်တဲ့ဖုန်းတွေမှာ Google, OnePlus, Motorola နဲ့ Xiaomi တို့လည်း ပါဝင်နေပါတယ်။ Samsung ဖုန်းတွေမှာတော့ အားလုံးအဆင်ပြေနေပါတယ်။

Samsung ဟာ ဒီဖြစ်ရပ်အတွက် အဖြေရှာနေတာဖြစ်ပြီးတော့ software fix လုပ်ဖို့လည်း မျှော်လင့်ထားပါတယ်။ တစ်ချိန်တည်းမှာပဲ သုံးစွဲသူတွေက fix ကိုပဲ စောင့်ဆိုင်းဖို့ တစ်ခုပဲရှိပါတယ်။ မဖြစ်သေးတဲ့သူတွေကလည်း app ကို reset ချခြင်းတွေ၊ wearable ကို reset ချခြင်းတွေ၊ log out ထွက်ခြင်းတွေ မလုပ်ဖို့ သတိထားစေချင်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.