Smartphone Trending
5MP AI Selfie Camera ပါတဲ့ Realme C2
unicode
Realme C2 ကို အိန္ဒိယမှာ ကြေညာလိုက်ပါတယ်။ အနောက်ဘက်ဟာ စိန်ပုံသဏ္ဍာန် အကွက်အပြောက်များ ဖြစ်ပါတယ်။ မျက်နှာပြင် အချိုးက 19.5:9 ဖြစ်ပါတယ်။ 12nm MediaTek Heli၀ P22 မောင်းနှင်ထားပါတယ်။ Realme C2 ဟာ Samsung Galaxy M10 နဲ့ Redmi 7 တို့ကို ယှဉ်ပြိုင်မှာပါ။
Realme C2 မှာ ၆.၁ လက်မ HD+ 1560 by 720 pixels Display ထည့်သွင်းထားပါတယ်။ မျက်နှာပြင်ကို Corning Gorilla Glass 3 နဲ့ ကာကွယ်ထားပါတယ်။ Waterdrop Notch ပါပါတယ်။ 13MP+2MP များကို အနောက်ဘက်မှာ ထည့်သွင်းထားပါတယ်။ ကြည်လင်ပြတ်သားတဲ့ ဓါတ်ပုံများ ဖမ်းယူပေးနိုင်တဲ့ Chroma Boost လုပ်ဆောင်ချက် ပါပါတယ်။ 480p 80 fps Slow-mo Video များ ရိုက်ကူးနိုင်ပါတယ်။ ဆဲလ်ဖီးများအတွက် 5MP Camera ပါပါတယ်။ ဆဲလ်ဖီးများ လန်းစေဖို့ ဉာဏ်ရည်တု နည်းပညာ အခြေပြု လုပ်ဆောင်ချက်များ ပါပါတယ်။ AI Face Unlock ပါပါတယ်။
2/16GB နဲ့ 3/32GB များ ရွေးချယ်နိုင်ပါတယ်။ ၈၅ ဒေါ်လာနဲ့ ၁၁၅ ဒေါ်လာ အသီးသီး ကျသင့်မှာ ဖြစ်ပါတယ်။ ဈေးတွေက အရမ်း ချိုသာပါတယ်။ Android Pie အခြေပြု Color OS 6.0 မောင်းနှင်ထားပါတယ်။ 256GB microSD Card စိုက်နိုင်ပါတယ်။ C2 ရဲ့ User Interface မှာ ကြော်ညာများ မထည့်ထားဘူးလို့ ကုမ္ပဏီက ပြောပါတယ်။ လက်ရှိမှာ ရှောင်မီရဲ့ ဖုန်းများမှာ ကြော်ညာများကို ပြသထားကြပါတယ်။
Diamond Blue နဲ့ Diamond Black အရောင်များ ထုတ်လုပ်ပေးထားပါတယ်။4000mAh Battery ထည့်သွင်းထားပါတယ်။ အရွယ်အစား အပြည့်အစုံမှာ 154.3×73.7×8.5mm ဖြစ်ပါတယ်။ မလ ၁၅ ရက်မှာ Flipkart ကနေ ရောင်းချမှာ ဖြစ်ပါတယ်။
Leave a Reply
This site uses Akismet to reduce spam. Learn how your comment data is processed.