Smartphone Trending

25MP Selfie Camera ပါလာတဲ့ Realme 3 Pro




unicode


အိန္ဒိယမှာ Realme 3 Pro ကို ကြေညာလိုက်ပါပြီ။ သူဟာ Realme 3 ထက် ဆဲလ်ဖီး ကင်မရာ အပိုင်းမှာ တိုးတက်လာပါတယ်။ Realme 3 ရဲ့ 13MP Camera ထက် ပိုကောင်းတဲ့ 25MP Selfie Camera ပါပါတယ်။ 4/64 GB, 6/64 GB, 6/128 GB များ ရွေးချယ်နိုင်ပါတယ်။ 4/64GB ကို ၂၀၀ ဒေါ်လာ နဲ့ 6/128GB ကို ၂၄၅ ဒေါ်လာ သတ်မှတ်ထားပါတယ်။

သူ့မှာ ၆.၃ လက်မ Full HD+ Screen ထည့်သွင်းထားပါတယ်။ စွမ်းရည်သင့် Snapdragon 710 Chipset မောင်းနှင်ထားပါတယ်။ အနောက်ဘက်မှာ 16MP+5MP Dual Camera များ ထည့်သွင်းထားပါတယ်။ RAM ပမာဏဟာ Realme 3 ထက် ပိုများ လာပါတယ်။ အနောက်ဘက်မှာလက်ဗွေရာ ကိရိယာ မြှပ်နှံထားပါတယ်။ Android Pie အခြေပြု Color OS 6.0 မောင်းနှင်ထားပါတယ်။

VOOC 3.0 ထောက်ပံ့တဲ့ 4045mAh Battery ပါပါတယ်။ ဘူးထဲမှာ 20W Charger ထည့်ထားပါတယ်။ micro USB သာ ပါတာက အားနည်းချက်ဖြစ်ပါတယ်။ ကင်မရာ လုပ်ဆောင်ချက်များကလည်း လန်းပါတယ်။ ညဘက်မှာ အလန်းစား ဓါတ်ပုံများ ရိုက်ကူးပေးနိုင်တဲ့ Nightscape Mode ထည့်ထားပါတယ်။ Chroma Boost က ကြည်လင်ပြတ်သားတဲ့ ဓါတ်ပုံများ ရိုက်ကူးပေးနိုင်ပါတယ်။ 960fps HD Slo-mo Video များ ရိုက်ကူးပေးနိုင်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.