Smartphone Trending

ေလွခါးေပၚက ပစ္ခ်တာေတာင္ ဘာမွ မျဖစ္တဲ့ Redmi Y3

Redmi ဟာ တန္ဖိုးနည္း စမတ္ဖုန္းမ်ား ထုတ္လုပ္ေရာင္းခ်တဲ့ ေရွာင္မီရဲ႕ ဘရန္းခြဲတစ္ခု ျဖစ္ပါတယ္။ ကုမၸဏီက ဆဲလ္ဖီး အသားေပး Y3 ကို မၾကာခင္မွာ ေၾကညာေတာ့မွာ ျဖစ္ပါတယ္။ လာမယ့္ ၂၄ ရက္မွာ ျမင္ရေတာ့မွာ ျဖစ္ပါတယ္။

သူ႔ရဲ႕ Teaser မ်ားကိုလည္း ကုမၸဏီက မွ်ေ၀ေနပါတယ္။ Redmi India က Redmi Y3 မွာ 4000mAh Battery ပါမယ္ဆိုတာကို ဗီဒီယိုတစ္ခုနဲ႔ တြစ္တာမွာ မၾကာခင္က အသိေပးလုိက္ပါတယ္။ Redmi Y2 ရဲ႕ 3080mAh Battery ထက္ ပိုႀကီးမားလာတာ ျဖစ္ပါတယ္။

အခုလည္း သူ႔ကို ေလွခါးေပၚက ပစ္ခ်တဲ့ ဗီဒီယိုကို Redmi India က တြစ္တာမွာ မွ်ေ၀လိုက္ပါတယ္။ Y3 ဟာ အၾကမ္းခံၿပီး ေလွခါးေပၚက ပစ္ခ်တာေတာင္ ဘာမွ မျဖစ္တာ ျမင္ရပါတယ္။ အေနာက္ဘက္ဟာ Gradient Design ျဖစ္ၿပီး အကြက္အေျပာက္မ်ား ပါရွိပါတယ္။ အေနာက္ကင္မရာ ၂ လံုးနဲ႔ လက္ေဗြရာ အာရံုခံ ကိရိယာ ပါပါတယ္။ မ်က္ႏွာျပင္မွာ Notch ပါၿပီး ေဘးေဘာင္မ်ားက ပါးလႊာပါတယ္။

There. Dropped it down the stairs. Will you drop your phone like that? #32MPSuperSelfie coming on 24-04-2019 pic.twitter.com/b998mk8JRS— Redmi India (@RedmiIndia) April 20, 2019

Redmi က အဲဒီ စမတ္ဖုန္းမွာ 32MP Selfie Camera နဲ႔ Waterdrop Notch Display ပါမယ္လို႔ အတည္ျပဳထားၿပီးပါၿပီ။ သူဟာ ဆဲလ္ဖီး အသားေပး စမတ္ဖုန္း ျဖစ္ပါတယ္။ လက္ရွိမွာ သူ႔ရဲ႕ သတင္းအခ်က္အလက္မ်ားကို ဒီေလာက္သာ သိရပါေသးတယ္။ လာမယ့္ ရက္ပိုင္းထဲမွာ သူ႔ကို တရား၀င္ ေၾကညာေတာ့မွာ ျဖစ္ပါတယ္။

unicode

လှေခါးပေါ်က ပစ်ချတာတောင် ဘာမှ မဖြစ်တဲ့ Redmi Y3

Redmi ဟာ တန်ဖိုးနည်း စမတ်ဖုန်းများ ထုတ်လုပ်ရောင်းချတဲ့ ရှောင်မီရဲ့ ဘရန်းခွဲတစ်ခု ဖြစ်ပါတယ်။ ကုမ္ပဏီက ဆဲလ်ဖီး အသားပေး Y3 ကို မကြာခင်မှာ ကြေညာတော့မှာ ဖြစ်ပါတယ်။ လာမယ့် ၂၄ ရက်မှာ မြင်ရတော့မှာ ဖြစ်ပါတယ်။

သူ့ရဲ့ Teaser များကိုလည်း ကုမ္ပဏီက မျှဝေနေပါတယ်။ Redmi India က Redmi Y3 မှာ 4000mAh Battery ပါမယ်ဆိုတာကို ဗီဒီယိုတစ်ခုနဲ့ တွစ်တာမှာ မကြာခင်က အသိပေးလိုက်ပါတယ်။ Redmi Y2 ရဲ့ 3080mAh Battery ထက် ပိုကြီးမားလာတာ ဖြစ်ပါတယ်။

အခုလည်း သူ့ကို လှေခါးပေါ်က ပစ်ချတဲ့ ဗီဒီယိုကို Redmi India က တွစ်တာမှာ မျှဝေလိုက်ပါတယ်။ Y3 ဟာ အကြမ်းခံပြီး လှေခါးပေါ်က ပစ်ချတာတောင် ဘာမှ မဖြစ်တာ မြင်ရပါတယ်။ အနောက်ဘက်ဟာ Gradient Design ဖြစ်ပြီး အကွက်အပြောက်များ ပါရှိပါတယ်။ အနောက်ကင်မရာ ၂ လုံးနဲ့ လက်ဗွေရာ အာရုံခံ ကိရိယာ ပါပါတယ်။ မျက်နှာပြင်မှာ Notch ပါပြီး ဘေးဘောင်များက ပါးလွှာပါတယ်။

There. Dropped it down the stairs. Will you drop your phone like that? #32MPSuperSelfie coming on 24-04-2019 pic.twitter.com/b998mk8JRS— Redmi India (@RedmiIndia) April 20, 2019

Redmi က အဲဒီ စမတ်ဖုန်းမှာ 32MP Selfie Camera နဲ့ Waterdrop Notch Display ပါမယ်လို့ အတည်ပြုထားပြီးပါပြီ။ သူဟာ ဆဲလ်ဖီး အသားပေး စမတ်ဖုန်း ဖြစ်ပါတယ်။ လက်ရှိမှာ သူ့ရဲ့ သတင်းအချက်အလက်များကို ဒီလောက်သာ သိရပါသေးတယ်။ လာမယ့် ရက်ပိုင်းထဲမှာ သူ့ကို တရားဝင် ကြေညာတော့မှာ ဖြစ်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.