တရုတ္မွာ က်င္းပျပဳလုပ္မယ့္ Galaxy Fold launch ကို ေနာက္ဆုတ္လိုက္ရတဲ့ ဆမ္ေဆာင္း

0
123

Zawgyi Version

ခ်ိဳ႕ယြင္းခ်က္ေတြရွိေနတဲ့ review unit ေတြေၾကာင့္လားေတာ့ မေျပာတတ္ပါဘူး။

ေဒၚလာ၂၀၀၀ တန္ Galaxy Fold ဟာ review unit ထုတ္ေပးတဲ့အခ်ိန္မွာ အခ်ိဳ႕ဟာ ကြဲကုန္ပါတယ္။ ဒါေပမယ့္လည္း အေမရိကန္မွာက်င္းပမယ့္ ဧျပီ၂၆ပြဲကေတာ့ ထိခုိက္မႈမရွိပါဘူး။ တရုတ္အတြက္ေတာ့ စိတ္မေကာင္းပါဘူး။ ဆမ္ေဆာင္းဟာ တစ္ပတ္ေက်ာ္အၾကာမွာေတာ့ ေဟာင္ေကာင္နဲ႕ ရွန္ဟုိင္းမွာ က်င္းပျပဳလုပ္မယ့္ ပြဲအခမ္းအနားေတြကို ေရႊ႕ဆုိင္းထားေၾကာင္း ေၾကညာခဲ့ပါတယ္။ ဧျပီ ၂၃ နဲ႕ ၂၄ မွာ က်င္းပဖုိ႕အတြက္ အရင္တုန္းလ်ာထားခဲ့တာပါ။

အေၾကာင္းျပခ်က္ကိုေတာ့ ေျပာထားျခင္းမရွိေသးပါဘူး။ Hong Kong မွာရွိတဲ့လူတစ္ေယာက္က ဖုန္းဆက္ေျပာလို႕သိခဲ့ရတာပါ။ ရွန္ဟုိင္းကေတာ့ National Business Daily ရဲ႕ ေနရာခင္းက်င္းမႈ အဆင္မေျပလို႕ တရုတ္ကို ဆမ္ေဆာင္းကအျပစ္တင္ဆိုတဲ့ သတင္းမွာ သိရတာျဖစ္ပါတယ္။ ပြဲတစ္ခုလံုးကို ဘယ္ေန႕ေရႊ႕လုိက္တယ္ဆိုတာမ်ိဳးေတာ့ မသိရေသးပါဘူး။ တုိင္ေပမွာ ဧျပီ၂၅က်င္းပဖို႕လုပ္ထားတာလည္း အဆင္ေျပရဲ႕လား မေျပာႏုိင္ေသးပါဘူး။

ျပည္မၾကီးအတြက္ ရက္စြဲကိုလည္း ေသခ်ာေအာင္မေျပာရေသးခ်ိန္မွာ အခုလိုေတြျဖစ္ေနတာဆိုေတာ့ တရုတ္အတြက္ေတာ့ ကိုင္ေဆာင္ရဖို႕ အနည္းငယ္ေစာင့္ဆုိင္းရဦးမွာပါ။ ဆမ္ေဆာင္းဟာ ပ်က္စီးသြားတဲ့ review unit ေတြနဲ႕ ဒီလိုျဖစ္သြားတာနဲ႕ေတာ့ တုိက္ေစခ်င္မွာ မဟုတ္ပါဘူး။ ဒါေပမယ့္လည္း အခ်ိန္ကုိက္ျဖစ္သြားေတာ့ ဒီျဖစ္ရပ္ကုို မေရာင္းခင္မွာ ေျဖရွင္းခ်င္တယ္နဲ႕ တူပါတယ္။

Galaxy Fold ကို မၾကာခင္မွာ ကိုင္ေတာ့မယ္ဆုိရင္ ၾကိဳကပ္ေပးထားတဲ့ မွန္ကပ္ေလးကိုေတာ့ စိတ္မရွိပါနဲ႕။ မဟုတ္ရင္ေတာ့ ျပဳတ္က်ရင္ မေတြး၀ံံ့စရာေတြ ျဖစ္လာႏုိ္င္ပါတယ္။

Unicode Version

ချို့ယွင်းချက်တွေရှိနေတဲ့ review unit တွေကြောင့်လားတော့ မပြောတတ်ပါဘူး။

ဒေါ်လာ၂၀၀၀ တန် Galaxy Fold ဟာ review unit ထုတ်ပေးတဲ့အချိန်မှာ အချို့ဟာ ကွဲကုန်ပါတယ်။ ဒါပေမယ့်လည်း အမေရိကန်မှာကျင်းပမယ့် ဧပြီ၂၆ပွဲကတော့ ထိခိုက်မှုမရှိပါဘူး။ တရုတ်အတွက်တော့ စိတ်မကောင်းပါဘူး။ ဆမ်ဆောင်းဟာ တစ်ပတ်ကျော်အကြာမှာတော့ ဟောင်ကောင်နဲ့ ရှန်ဟိုင်းမှာ ကျင်းပပြုလုပ်မယ့် ပွဲအခမ်းအနားတွေကို ရွှေ့ဆိုင်းထားကြောင်း ကြေညာခဲ့ပါတယ်။ ဧပြီ ၂၃ နဲ့ ၂၄ မှာ ကျင်းပဖို့အတွက် အရင်တုန်းလျာထားခဲ့တာပါ။

အကြောင်းပြချက်ကိုတော့ ပြောထားခြင်းမရှိသေးပါဘူး။ Hong Kong မှာရှိတဲ့လူတစ်ယောက်က ဖုန်းဆက်ပြောလို့သိခဲ့ရတာပါ။ ရှန်ဟိုင်းကတော့ National Business Daily ရဲ့ နေရာခင်းကျင်းမှု အဆင်မပြေလို့ တရုတ်ကို ဆမ်ဆောင်းကအပြစ်တင်ဆိုတဲ့ သတင်းမှာ သိရတာဖြစ်ပါတယ်။ ပွဲတစ်ခုလုံးကို ဘယ်နေ့ရွှေ့လိုက်တယ်ဆိုတာမျိုးတော့ မသိရသေးပါဘူး။ တိုင်ပေမှာ ဧပြီ၂၅ကျင်းပဖို့လုပ်ထားတာလည်း အဆင်ပြေရဲ့လား မပြောနိုင်သေးပါဘူး။

ပြည်မကြီးအတွက် ရက်စွဲကိုလည်း သေချာအောင်မပြောရသေးချိန်မှာ အခုလိုတွေဖြစ်နေတာဆိုတော့ တရုတ်အတွက်တော့ ကိုင်ဆောင်ရဖို့ အနည်းငယ်စောင့်ဆိုင်းရဦးမှာပါ။ ဆမ်ဆောင်းဟာ ပျက်စီးသွားတဲ့ review unit တွေနဲ့ ဒီလိုဖြစ်သွားတာနဲ့တော့ တိုက်စေချင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း အချိန်ကိုက်ဖြစ်သွားတော့ ဒီဖြစ်ရပ်ကို မရောင်းခင်မှာ ဖြေရှင်းချင်တယ်နဲ့ တူပါတယ်။

Galaxy Fold ကို မကြာခင်မှာ ကိုင်တော့မယ်ဆိုရင် ကြိုကပ်ပေးထားတဲ့ မှန်ကပ်လေးကိုတော့ စိတ်မရှိပါနဲ့။ မဟုတ်ရင်တော့ ပြုတ်ကျရင် မတွေးဝံံ့စရာတွေ ဖြစ်လာနိုင်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.