ဓါးနဲ႔ ျခစ္တာေတာင္ ျခစ္ရာ သိပ္မထင္တဲ့ Huawei P30 Pro

0
6

JerryRigEverything ဆိုတာ နာမည္ႀကီး စမတ္ဖုန္းမ်ားရဲ႕ အၾကမ္းခံမႈကို စမ္းသပ္စစ္ေဆးတဲ့ နာမည္ႀကီး YouTube Channel တစ္ခု ျဖစ္တယ္ဆိုတာ နည္းပညာ ခ်စ္သူေတြ သိၾကပါတယ္။ အခုလည္း သူက ဗီဒီယိုတစ္ခုကို တင္လိုက္ပါတယ္။ ဒီတစ္ခါ အလွည့္က်တာက Huawei P30 Pro ျဖစ္ပါတယ္။ ထံုးစံအတိုင္းပဲ သူက ဖုန္းကို ေကြးခ်ိဳးျခင္း၊ ဓါးနဲ႔ ျခစ္ျခင္း၊ မီးရိႈ႕ျခင္းမ်ားကို ျပဳလုပ္ခဲ့ပါတယ္။ Huawei P30 Pro ဟာ ျခစ္ရာ ၂ ခုေလာက္သာထင္ၿပီး ရလဒ္မ်ား ေကာင္းခဲ့ပါတယ္။

ဓါးနဲ႔ ျခစ္တဲ့ စမ္းသပ္မႈအရ ဖုန္းရဲ႕ ေဘးဘက္နဲ႔ အေနာက္ဘက္ကို ဖန္ျဖင့္ တည္ေဆာက္ထားတာပါ။ ဒါေပမယ့္ ဒီႏွစ္ထုတ္ ေမာ္ဒယ္ရဲ႕ ဒီဇိုင္းကို ဟြာေ၀းက ေျပာင္းလဲထားပါတယ္။ အရင္ႏွစ္ထုတ္ P20 Pro ဟာ ေကြးခ်ိဳး စမ္းသပ္မႈကို မေအာင္ျမင္ခဲ့ပါဘူး။ P30 Pro ကေတာ့ ေအာင္ျမင္ခဲ့ပါတယ္။

အေနာက္နဲ႔ အေရွ႕မွာ ဖန္မ်က္ႏွာျပင္ေကြး ဒီဇိုင္းဟာ ပိုၿပီး မာေက်ာတာ ျဖစ္ႏုိင္ပါတယ္။ ဖုန္းကို အလြယ္တကူ မေကြးႏုိင္တာကို ျမင္ရပါတယ္။ ဒါေပမယ့္ ေအာက္လြတ္က်ရင္ ဖန္မ်က္ႏွာျပင္ေကြးဟာ ကြဲသြားႏုိင္ပါတယ္။

ဓါးနဲ႔ ျခစ္ရာမွာေတာ့ အဆင့္ ၆ မတိုင္ခင္အထိ ျခစ္ရာမ်ားမထင္တာကို ျမင္ရပါတယ္။ ဒါဟာ ၿပိဳင္ဖက္ စြမ္းရည္ျမင့္ ဖုန္းမ်ားနဲ႔ သေရက်သြားတာပါ။ Zack က မ်က္ႏွာျပင္ေအာက္ လက္ေဗြရာ ကိရိယာရဲ႕ အထက္မွ ဖန္သားကိုေတာင္ ျခစ္ျပခဲ့ပါတယ္။ လက္ေဗြရာ ကိရိယာဟာ ျခစ္ရာကို မမႈဘဲ ေကာင္းစြာ အလုပ္လုပ္ႏုိင္ပါေသးတယ္။ ဒါဟာ  အထင္ႀကီးစရာ ေကာင္းတဲ့ အခ်က္ ျဖစ္ပါတယ္။

unicode

ဓါးနဲ့ ခြစ်တာတောင် ခြစ်ရာ သိပ်မထင်တဲ့ Huawei P30 Pro

JerryRigEverything ဆိုတာ နာမည်ကြီး စမတ်ဖုန်းများရဲ့ အကြမ်းခံမှုကို စမ်းသပ်စစ်ဆေးတဲ့ နာမည်ကြီး YouTube Channel တစ်ခု ဖြစ်တယ်ဆိုတာ နည်းပညာ ချစ်သူတွေ သိကြပါတယ်။ အခုလည်း သူက ဗီဒီယိုတစ်ခုကို တင်လိုက်ပါတယ်။ ဒီတစ်ခါ အလှည့်ကျတာက Huawei P30 Pro ဖြစ်ပါတယ်။ ထုံးစံအတိုင်းပဲ သူက ဖုန်းကို ကွေးချိုးခြင်း၊ ဓါးနဲ့ ခြစ်ခြင်း၊ မီးရှို့ခြင်းများကို ပြုလုပ်ခဲ့ပါတယ်။ Huawei P30 Pro ဟာ ခြစ်ရာ ၂ ခုလောက်သာထင်ပြီး ရလဒ်များ ကောင်းခဲ့ပါတယ်။

ဓါးနဲ့ ခြစ်တဲ့ စမ်းသပ်မှုအရ ဖုန်းရဲ့ ဘေးဘက်နဲ့ အနောက်ဘက်ကို ဖန်ဖြင့် တည်ဆောက်ထားတာပါ။ ဒါပေမယ့် ဒီနှစ်ထုတ် မော်ဒယ်ရဲ့ ဒီဇိုင်းကို ဟွာဝေးက ပြောင်းလဲထားပါတယ်။ အရင်နှစ်ထုတ် P20 Pro ဟာ ကွေးချိုး စမ်းသပ်မှုကို မအောင်မြင်ခဲ့ပါဘူး။ P30 Pro ကတော့ အောင်မြင်ခဲ့ပါတယ်။

အနောက်နဲ့ အရှေ့မှာ ဖန်မျက်နှာပြင်ကွေး ဒီဇိုင်းဟာ ပိုပြီး မာကျောတာ ဖြစ်နိုင်ပါတယ်။ ဖုန်းကို အလွယ်တကူ မကွေးနိုင်တာကို မြင်ရပါတယ်။ ဒါပေမယ့် အောက်လွတ်ကျရင် ဖန်မျက်နှာပြင်ကွေးဟာ ကွဲသွားနိုင်ပါတယ်။

ဓါးနဲ့ ခြစ်ရာမှာတော့ အဆင့် ၆ မတိုင်ခင်အထိ ခြစ်ရာများမထင်တာကို မြင်ရပါတယ်။ ဒါဟာ ပြိုင်ဖက် စွမ်းရည်မြင့် ဖုန်းများနဲ့ သရေကျသွားတာပါ။ Zack က မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာရဲ့ အထက်မှ ဖန်သားကိုတောင် ခြစ်ပြခဲ့ပါတယ်။ လက်ဗွေရာ ကိရိယာဟာ ခြစ်ရာကို မမှုဘဲ ကောင်းစွာ အလုပ်လုပ်နိုင်ပါသေးတယ်။ ဒါဟာ အထင်ကြီးစရာ ကောင်းတဲ့ အချက် ဖြစ်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.