
0
265




unicode

Samsung က စွမ်းရည်သင့် Galaxy A60 နဲ့ A40s ကို ကြေညာ

Samsung က စွမ်းရည်သင့် Galaxy A60 နဲ့ A40s ကို ကြေညာလိုက်ပါတယ်။ A60 ကို ယွမ် ၁၉၉၉ (၃၀၀ ဒေါ်လာ)နဲ့ A40s ကို ယွမ် ၁၄၉၉ (၂၂၅ ဒေါ်လာ) သတ်မှတ်ထားပါတယ်။ ရောင်းမယ့် အချိန်ကို မသိရသေးပါဘူး။ A60 မှာ ၆.၃ လက်မ LCD Infinity-O Display ကို သုံးထားပြီး FHD+ Resolution ဖြစ်ပါတယ်။ Screen to body ratio က ၉၂ ရာခိုင်နှုန်းပါ။ သူ့မှာ စပီကာ မပါဘဲ မျက်နှာပြင်ကနေ အသံထွက်တဲ့ နည်းပညာကို သုံးထားပါတယ်။

အနောက်ဘက်မှာ 32MP Main Shooter, 8MP Ultrawide Shooter နဲ့ 5MP Depth Sensor များကို သုံးထားပါတယ်။ 32MP Selfie Camera ကို Punch Hole မှာ မြှပ်နှံထားပါတယ်။ လက်ဗွေရာ ကိရိယာကိုလည်း အနောက်မှာ တပ်ဆင်ထားပါတယ်။ Snapdragon 675 , 6GB RAM , 128GB Storage , 3500mAh Battery များ ပါပါတယ်။

A40s မှာ ၆.၄ လက်မ Super AMOLED FHD+ Infinity-U Display ထည့်သွင်းထားပါတယ်။ 16MP Selfie Camera ပါပါတယ်။ အနောက်ဘက်မှာ ကင်မရာ ၃ လုံး ထည့်သွင်းထားပြီး 13MP Main + 5MP Ultrawide + 5MP Depth Sensors များ ပါပါတယ်။ Exynos 7904 SoC, 6GB RAM , 64GB Storage , 5000mAh Battery များ ထည့်ထားပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.